NEWS

မလေးရှားသို့အလုပ်သမားများစေလွှတ်ဖို့ ပွဲစားများ၀န်ဆောင်ခ ဒေါ်လာတစ်ထောင်ထိ အဆမတန်တိုးမြှင့်တောင်းယူနေ

CoverLogo
2.3K Views

မလေးရှားသို့ မြန်မာအလုပ်သမားများစေလွှတ်ရန် ပွဲစားများမှ၀န်ဆောင်ခများ တိုးမြှင့်တောင်းယူနေတာတွေကြောင့်  အေဂျင်စီများအခက်တွေ့နေရတယ်လို့  ပြည်ပသို့အလုပ်သမား ပို့ဆောင်နေတဲ့ အေဂျင်စီတွေက ဆိုပါတယ်။  

"ဂျပန်ကိုသွားဖို့ပြင်ဆင်နေတဲ့ကလေးကလည်း အနည်းဆုံး တစ်သိန်းလောက်တော့ရှိတယ် ခုမလေးရှားအလုပ်တွေပြန်ပေါ်လာပြီ မလေးရှားကိုသွားမဲ့ကလေးတွေကလည်း အများကြီးရှိနေတယ်။ ပြသနာကဘာလဲဆိုရင် ပွဲစားတွေက ဝန်ဆောင်ခတွေမတရားတောင်းနေကြတာ အစိုးရသတ်မှတ်တဲ့ ပေါက်ဈေးနဲ့မဟုတ်တော့ဘူး တောင်းချင်သလိုတောင်းနေကြတာ။ အစိုးရသတ်မှတ်ထားတဲ့ ဒေါ်လာ ၁၈၅၀ ဆိုတာ ပေါက်ဈေးနဲ့မဟုတ်တော့ဘူး။ အေဂျင်စီကလည်းလုပ်ဖို့အဆင်မပြေဘူးဖြစ်နေတာ"လို့ ပြည်ပသို့ အလုပ်သမားပို့ဆောင်နေသူ တစ်ဦးက   Myanmar Labour News သို့ပြောပါတယ်။

မလေးရှားသို့မြန်မာအလုပ်သမားစေလွှတ်ခွင့်တွေကို April လကစ၍ အေဂျင်စီများက ပြန်လည်စေလွှတ်နေကြပြီဖြစ်သော်လည်း ပွဲစားများက   ပေါက်ဈေးနဲ့မဟုတ်တော့ဘဲ  ဒေါ်လာတစ်ထောင်လောက်တောင်းနေကြတယ်လို့လည်း ဆိုပါတယ်။

အခုလိုအဆမတန်တောင်းယူမှုကြောင့် ပြသနာဖြစ်မည်ဆိုးတာကြောင့်   အေဂျင်စီအများစုက  ဒမန်းတွေမယူရဲဘူးဖြစ်နေတာ လို့လည်းဆိုပါတယ်။ ဒါအပြင် ကိုဗစ်မတိုင်ခင်က ရရှိရထားတဲ့ခေါ်ယူခွင့်တွေကိုသာ  သက်တမ်းတိုးကာပြန်လည်ခေါ်လာခြင်းကိုပို့ဆောင်ပေးနေခြင်းဖြစ်ပြီး  လုပ်သားသစ်ခေါ်ယူခွင့်အသစ်ချထားပေးခြင်းလည်းမရှိသေးဘူးလို့ သိရပါတယ်။

လတ်တလောကာလမှာ ဒေါ်လာဈေးအဆမတန်မြင့်တက်လာတာကြောင့် ၀န်ဆောင်ခနှုန်းထားဟာလည်း အလုပ်သမားတွေက  ယခင်ကတစ်ဒေါ်လာကို ၁၃၀၀ နှုန်းနဲ့ပေးပြီးသွားရာမှာ ယခုအချိန်မှာတစ်ဒေါ်လာကို ၂၃၀၀ကျော်နှုန်းနဲ့သွားနေရတာကြောင့် ၀န်ဆောင်ခနှစ်ဆလောက်ပိုပေးနေရတာပါ။

ပြည်တွင်းစီးပွားရေး ကျဆင်းလာမှုတွေကြောင့်  ပြည်ပသို့သွားရောက်လုပ်ကိုင်ရန် ပိုမိုစိတ်၀င်စားနေကြခြင်းဖြစ်ပြီး  ၀န်ဆောင်ခ ပေးချေနိုင်ရန်လည်း ချေးငွေ အတိုးဖြင့်ရယူထားတာတွေကြောင့် အမြန်ရောက်ရှိ စေမဲ့ တရားမ၀င်နည်းလမ်းဖြင့် သွားရောက်နေကြတာဖြစ်တယ်လို့ လည်း မလေးရှားရောက်မြန်မာအလုပ်သမားတစ်ဦးက ဆိုပါတယ်။

"သူတို့လစာကလည်းအရင်က၁၂၀၀ကနေ ခု၁၅၀၀ ဖြစ်နေပြီ အချိန်ပိုနဲ့ဆို ရင်းဂစ်၂၀၀၀လောက်ရမယ်။ တစ်လ၁၀သိန်းကျော်ပေါ့။ ခုချိန်မလေးသွားရင် မြန်မာငွေသိန်းနှစ်ဆယ်ကျော်ကုန်မယ်။ တစ်လဆယ်သိန်းကျော်ရတယ်။ ဒါကြောင့် မလေးသွားချင်ကြတာ။ တရား၀င်သွားသူ တရားမ၀င်သွားသူက အမြဲရှိနေတယ်။ တရား၀င်သွားဖို့ခွင့်ပြုချက်က နေပြည်တော်ကတစ်လ ဗီဇာကနှစ်ပတ် မလေးဘက်က သုံးလကြာတာကပုံမှန်  အဲ့ထက်ပိုကြာနေတော့ မသွားကြတာလို့"  မလေးရှားသို့အလုပ်သမားပို့ဆောင်နေသူတစ်ဦးက ဆိုပါတယ်။

ယခုနှစ်မလေးရှားသို့အလုပ်သမားစေလွှတ်မှုဟာ  လတ်တလောကာလအတွင်း  အထွက်နည်းနေတာလည်းဖြစ်ပါတယ်။  ဒါဟာနေပြည်တော်သို့ တရား၀င်ခွင့်ပြုချက်တင်မထားရာမှ  မကျလာသေးတာကြောင့် အထွက်နည်းနေခြင်းဖြစ်တာကြောင့်  နောက်ပိုင်းမှာတော့ တရား၀င်ထွက်သူရော တရားမ၀င်ထွက်သူရော ပိုမိုများလာနိုင်တယ်လို့လည်းဆိုပါတယ်။

MyanmarLabourNews
 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026