NEWS

မလေးရှားမှ ဖမ်းခံရသော မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို နေရပ်ပြန်ပို့ခံရ

CoverLogo
336 Views
 
မလေးရှား နိုင်ငံ မှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံ ခဲ့ပြီး တဲ့ မြန်မာနိုင်ငံသား ၁၆၀ကျော် ကို မြန်မာနိုင်ငံ သို့ လေကြောင်း ဖြင့် ပြန်လည်ပို့ ဆောင်ခဲ့တယ်လို့ မလေးရှားလူဝင်မူကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်။
 
မလေးရှား နိုင်ငံ ကဒါးပြည်နယ်လူဝင်မူကြီးကြပ်ရေးဌာနထိန်းသိမ်းရေးကမ့်မှ ဒီဇင်ဘာလ ၁၇ ရက်နေ့ မှာ မြန်မာနိုင်ငံသား ၈၇ ဦးအားမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဒီဇင်ဘာ ၂၂ရက်မှာတော့ ဂျုဟိုးပြည်နယ်၊ပီကန်နာ့နာစ်လူဝင်မူကြီးကြပ်ရေးကမ့်မှ မြန်မာနိုင်ငံသား ၈၀ဦး ဦး မိခင် နိုင်ငံသို့ လေကြောင်း ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ တယ်လို့ မလေးရှားလူဝင်မူကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန် ထားပါတယ်။
 
ယခု နေရပ်ပြန်လည်ပို့ဆောင်ခံရသူတွေကို မလေးရှား လူဝင်မူကြီးကြပ်ရေးဌာနမှာ အမည်ပျက်စာရင်းသွင်းထားပြီး ၅ နှစ်အတွင်း မလေးရှားနိုင်ငံသို့ဝင်ရောက်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ သိရပါတယ်။
 
၎င်းတို့ဟာ မလေးရှား နိုင်ငံအတွင်း သို့ တရားမဝင် ဝင်ရောက် နေထိုင်ခြင်းနဲ့ အထောက်အထားမပြည့်စုံဘဲ အလုပ်လုပ်ကိုင်ခြင်းတို့ ကြောင့်အဖမ်းခံရပြီး ပြစ်ဒဏ်ချမှတ်ခံရသူတွေ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။
 
လက်ရှိတွင် မလေးရှားနိုင်ငံ အတွင်း က အကျဉ်းထောင် တွေထဲ မှာ အထောက်အထားမရှိဘဲ နိုင်ငံ အတွင်း ဝင်ရောက်နေထိုင်မှုကြောင့် အဖမ်းခံရတဲ့ မြန်မာလုပ်သားတွေ များစွာ ရှိနေပြီး ပြစ်ဒဏ်ကျခံ ပြီးပေမယ့် မြန်မာနိုင်ငံသို့ ပြန်ရန် နိုင်ငံသား ဖြစ်ကြောင်း အထောက်အထားစာရွက်စာတမ်း တွေ စောင့်နေရသူတွေလည်း များစွာရှိနေတယ်လို့ မြန်မာလုပ်သားအရေးကူညီပေးနေသူတွေထံမှ သိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026