NEWS

မလေးရှားမှာ သေဆုံးတဲ့ မြန်မာအမျိုးသမီးရဲ့ မိသားစုနဲ့ အဆက်သွယ် မရလို့ သဂြိုလ်ရန် အခက်ခဲ ဖြစ်နေ

CoverLogo
379 Views

မလေးရှားနိူင်ငံ ကာချမ်းမြို့ ဘန်တာတက်ကနော်လော်ဂျီရပ်ကွက် မှာ ဓါးထိုးခံရပြီး သေဆုံးခဲ့တဲ့ မြန်မာအမျိုးသမီး ရဲ့ မိသားစုဝင်များ နဲ့ အဆက်သွယ် မရတဲ့ အတွက် သဂြိုလ်ဖို့ အတွက်အခက်ခဲ ဖြစ်နေတယ်လို့ မြန်မာလူမှုကူညီရေးအသင်းမလေးရှား ထံ မှ သိရပါတယ်။

အဆိုပါ မြန်မာအမျိုးသမီးဟာ  ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ရက်နေ့က ကာချမ်းမြို့ ဘန်ဒါတတ်ကနော်လော်ဂျီရပ်ကွက် ရှိ  နေအိမ်အခန်း အတွင်း ဓါးဒဏ်ရာ ၁၂ချက် ဖြင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသမီးရဲ့ နာမည်မှာ မယဉ်ယဉ် ဖြစ်ပြီး လက်ရှိ အချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရသေးတဲ့ အတွက် မိသားစုဝင် ဖုန်းနံပတ်  သိရှိသူတွေအနေနဲ့  ကူညီပေးဖို့ အတွက် မြန်မာလူမှုကူညီရေးအသင်း မလေးရှား က အသိပေးကြေညာထားပါတယ်။

ဓါးဒဏ်ရာ များဖြင့် သေဆုံးခဲ့ တဲ့ မြန်မာအမျိုးသမီး အမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသင်္ကာ ဖွယ်ရာ မြန်မာနိုင်ငံသား ၅ဦး ကို မလေးရှား ရဲတပ်ဖွဲ့ က ခေါ်ယူစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

 


Related posts

Cover
မလေးရှား ဂျိုဟိုးပြည်နယ် တွင် အထောက်အထား မရှိသည့် မြန်မာလုပ်သား ၃၀၀ ခန့် အဖမ်းခံရ
Dec 18, 2025
Cover
ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တစ်ရက် ထဲ မှာတင် အဖမ်းခံရသည့် မြန်မာလုပ်သား ၇၀ကျော်ရှိ
Dec 18, 2025
Cover
စာရွက်စာတမ်း အတု ဖြင့် လျော်ကြေးငွေ တောင်းခံ ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟု ဗန်ကောက်ရှိ မြန်မာသံရုံး ထုတ်ပြန်
Dec 16, 2025
Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025