NEWS

မ​လေးရှားမှာ မြန်မာအလုပ်သမားတစ်ဦး တိုက် ၁၉ လွှာမှ ခုန်ချမှုဖြစ်

CoverLogo
359 Views

မြန်မာနိုင်ငံသို့ CI ဖြင့် ပြန်ရန် အတွက် လုပ်ဆောင်ထားတဲ့ မလေးရှားရောက် မြန်မာအလုပ်သမား အမျိုးသားတစ်ဦးဟာ တိုက်ပေါ် ၁၉လွှာ ကနေ ခုန်ချ တဲ့အတွက် သေဆုံး ခဲ့တယ်လို့ နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့  ကွာလာလမ်ပူ-မလေးရှား ထံကသိရပါတယ်။ 

၎င်း မြန်မာအလုပ်သမားဟာ မြန်မာနိုင်ငံ သို့ CI ဖြင့် ပြန်ရန် အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ နယ်ထဲ ရှိ  ပွဲစားအိမ်သို့ရောက်ရှိခဲ့ရာ  ရောက်ရှိပြီးမကြာခင်မှာ  တိုက်( ၁၉ )လွှာကနေ ခုန်ချသွားခဲ့တယ်လို့ဆိုပါတယ်။ 

""အခုလို ဖြစ်သွားပြီးနောက် မှာ သူ့ရဲ့အစ်မ ဝမ်းကွဲကို မေးကြည့်တဲ့အခါ ကျန်းမာရေးမကောင်းဘူးလို့ သိခဲ့ရပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ကျန်းမာရေး အသဲသန် ဖြစ်မှ ဆေးရုံသွားတာမျိုး အရက်အလွန်ကျွံသောက်ပြီး စိတ်ဝေဒနာ ဖြစ်တာမျိုး ဂိမ်းကစားလွန်ပြီး ဖြစ်တာမျိုးတွေ မလေးရှားနိုင်ငံမှာ ခဏခဏကြုံတွေ့ရပါတယ်။ဒီလိုကျန်းမာရေး မကောင်းတဲ့အခါ ကိုယ့်အနီးနားက ရပ်ကွက်ဆေးခန်း ကို အရင်ဆုံးပြကြပါ အထောက်အထားမရှိရင်လည်း မကြောက်ပါနဲ့ အရင်ဆုံးပြပါ ဆေးရုံ ကို လွှဲတယ်ဆိုမှ နောက်တစ်မျိုးစဉ်းစားပြီး ဆေးရုံတက်တာမျိုးစီစဉ်ရပါမယ်""လို့နှလုံးလှပရဟိတ လူငယ်များသွေးလှူရှင်အဖွဲ့  မှ ကိုသက်က ပြောပါတယ်။ 

ယခုသေဆုံးခဲ့တဲ့  မြန်မာအလုပ်သမား မှာ အသက်၃၄နှစ် ရှိပြီ ဖြစ်ကာသူရဲ့ မြန်မာနိုင်ငံ ရှိ နေရပ်မှာ  ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ၅ရပ်ကွက် က ဖြစ်တယ်လို့သိရပါတယ်။ 

ကွယ်လွန်သူ ကို  မလေးရှားနိုင်ငံ ပူချွန်းမြို့သုဿန်ကြီးမှာ ၂၀၂၄ခုနှစ် နိုဝင်ဘာ၁၃ရက်   ကွယ်လွန်သူရဲ့ မိတ်ဆွေများနှင့်အတူ နှလုံးလှအဖွဲ့မှကုသိုလ်ယူပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ 

 


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026