NEWS

မလေးရှားနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းတွင် မလေးရှားအစိုးရမှသတ်မှတ်ထားသည့် အသိအမှတ်ပြုလက်မှတ်ရရှိမှသာ လုပ်ကိုင်ခွင့်ရရှိမည်ဟုဆို

CoverLogo
577 Views

မလေးရှားနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ သွားရောက် အလုပ်လုပ်မယ့် သူတွေ အနေနဲ့ မလေးရှားအစိုးရက သတ်မှတ်ထားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းဆိုင်ရာ အသိအမှတ် ပြု လက်မှတ်ရရှိမှသာ သွားရောက်အလုပ်လုပ်ခွင့်ရမယ်လို့ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ထံ က သိရပါတယ်။

မလေးရှားအစိုးရအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့က စပြီး မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်း တွေမှာ လာရောက် လုပ်ကိုင်မယ့်  မြန်မာအပါအဝင် နိုင်ငံခြားသား လုပ်သားတွေကို ဆောက်လုပ်ရေးလုပ်ငန်းကျွမ်းကျင်မှုလက်မှတ်(SKKP)နဲ့ဆောက်လုပ်ရေး လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးသင်တန်း (SICW) တတ်ရောက်ပြီးစီးတဲ့ အသိအမှတ်ပြုလက်မှတ်ရှိမှသာ အလုပ်လုပ်ခွင့် Work permit ထုတ်ပေးမယ်လို့ မလေးရှားနိုင်ငံရှိ မြန်မာသံရုံး ကို အသိပေးအကြောင်းကြားလာတယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေးကျွမ်းကျင်မှု ကို အကဲဖြတ်ခြင်း အတွက် အမျိုးအစားအလိုက် မလေးရှားရင်းဂစ် ၇၅၀ မှ ၈၅၀ ရင်းဂစ် အထိ ကုန်ကျမှာ ဖြစ်ကာ ၎င်း ဆောက်လုပ်ရေးကျွမ်းကျင်မှုလက်မှတ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးသင်တန်း တတ်ရောက်ပြီးစီးခြင်းမရှိဘဲ အလုပ်လုပ်ကိုင်ပါက ၂၀၂၅ခုနှစ် ဇန်နဝါရီ ၁ရက်က စပြီး ပြစ်ဒဏ်ချမှတ် အရေးယူမယ်လို့ အသိပေးချက်မှာဖေါ်ပြထားပါတယ်။

ကိုဗစ်ကာလ နောက်ပိုင်းကစပြီး မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေး လုပ်ငန်း အပါအဝင်အခြား လုပ်ငန်းတွေမှာ မြန်မာအလုပ်သမားတွေဟာ  တရားမဝင် ရော တရားဝင်ပါ လာရောက် လုပ်ကိုင်မှုဟာ ယခင်နှစ်တွေ ထက်ပိုများ လာတယ်လို့ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားတွေထံကသိရပါတယ်။

လက်တလောမှာတော့ မလေးရှားအစိုးရက မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမား တွေ ခေါ်ယူတာ ကို ဇွန်လ ၁ ရက်ကစပြီး ယာယီပိတ်ထားကာ   ယခုနှစ် ကုန်ပိုင်းမှာ ပြည်ပ လုပ်သား ခေါ်ယူမှု ပြန်စနိုင်ဖွယ်ရှိတယ်လို့ လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။


Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026