NEWS

မလေးရှားတွင် ၁၀ ရက်အတွင်း အထောက်အထားမပြည့်စုံသည့် မြန်မာလုပ်သား ၃၀၀ နီးပါး အဖမ်းခံရ

CoverLogo
295 Views
 
မလေးရှား နိုင်ငံ မှာ ယခုလ ၁၀ ရက်အတွင်း အထောက်အထားမပြည့်စုံဘဲ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၃၀၀ နီးပါး အဖမ်းခံရတယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
 
စက်တင်ဘာ၂ရက် ည မှာ တင် အထောက်အထားမပြည့်စုံတဲ့ လုပ်သား ၂၃၅ ဦး အဖမ်းခံရပြီး စက်တင်ဘာ ၆ ရက်နေ့မှာဖျော်ဖြေစင်တာ KTV မှာ လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားအမျိုးသမီး ၂၁ဦး အဖမ်းခံခဲ့ရပါတယ်။
 
ဒါ့အပြင် စက်တင်ဘာ ၈ ရက်နေ့က ဆလန်ဂေါပြည်နယ်ရှိ စားသောက်ဆိုင်တန်း မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ လုပ်သား ၄၁ဦး ကို မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
 
အခုလို အဖမ်းခံရတာဟာ ပတ်ဝန်းကျင်မှ နေထိုင်သူ နိုင်ငံသားတွေရဲ့ တိုင်ကြားမှုတွေကြောင့် အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေး ဖမ်းဆီးခံရတာတွေ များတယ်လို့သိရပါတယ်။
 
""အဖမ်းဆီး အများစုက ပတ်ဝန်းကျင်က တိုင်လို့ ဖမ်းတာများတယ် အထောက်အထားရှိတဲ့ သူတွေက စည်းကမ်းမဲ့ ဆူညံ နေတော့ ဘေးက နိုင်ငံသားတွေ တိုင်ကြတာပေါ့ တချို့ မြန်မာတွေက အရက်မူးပြီး ဆူညံနေကျတာ ဘောက်တွေ ဖွင့်ပြီး သီချင်းဆိုတာတွေရှိတယ် နောက်ဆုံးတော့ အထောက်အထားမရှိတဲ့သူတွေ ခံရတာဘဲ""လို့ မလေးရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
လက်ရှိတွင် မလေးရှားနိုင်ငံ အတွင်း အထောက်အထားမရှိတဲ့ နိုင်ငံခြားသား လုပ်သားတွေ ကို စီမံချက်နဲ့ ဖမ်းစီးနေတဲ့ အတွက် မြန်မာနိုင်ငံသားတွေ အနေနဲ့ စည်းကမ်းရှိစွာနေထိုင်ကြဖို့ မြန်မာလူမှုရေးအဖွဲ့စည်းတွေက အသိပေးပြောကြားတာတွေရှိပါတယ်။
 
မလေးရှား အစိုးရအနေနဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားတွေကို ဖမ်းဆီးပြီး လ၀က ဥပဒေအရအရေးယူပြီးနောက် ပြစ်ဒဏ်ကျခံပြီးသူတွေကို မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ရာ ယခုစက်တင်ဘာ ၂ရက်နေ့ကလည်း ဂျိုဟိုး လူဝင်မှုကြီးကြပ်ရေးအကျဉ်းစခန်းမှ မြန်မာလုပ်သား ၃၂ ဦးကို မြန်မာနိုင်ငံသို့ လေကြောင်းနဲ့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026