NEWS

မလေးရှားတွင် အလုပ်ရှာပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံလိမ်ယူပြီး မြန်မာလုပ်သား၂ ဦးကို လမ်းဘေးတွင်ပစ်သွား

CoverLogo
282 Views
 
မလေးရှားနိုင်ငံ ဘန်တင်းနယ် မှာ မြန်မာလုပ်သား နှစ်ဦး ကို ပွဲစားကိုဇော် ဆိုသူက အလုပ်ရှာပေးမယ်ဆိုကာ မလေးရှားရင်းဂစ် ၇၀၀ ယူပြီး လမ်းဘေးတစ်နေရာမှာ ပစ်ထားခဲ့တယ်လို့ မလေးရှားရောက်မြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့
နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့ ထံမှ သိရပါတယ်။
 
စိုက်ပျိုးရေး လုပ်ငန်းမှာ အလုပ်ရမယ်ဆိုပြီး မြန်မာလုပ်သား နှစ်ဦးကိုအောက်တိုဘာ ၉ ရက်က ခေါ်လာကာ ဘန်တင်းနယ် ဟိုင်းဝေးလမ်းဘေး ဆီအုန်းတောများရှိရာနေရာ အရောက် ကားထဲဆီထည့်ရန် အတွက် ဆီဆိုင်သွားရမှာ ဖြစ်လို့ ကားပေါ်ကဆင်းခိုင်းပြီး ၎င်းနေရာမှာပစ်ထားခဲ့တယ်လို့သိရပါတယ်။
 
အဆိုပါ မြန်မာလုပ်သား နှစ်ဦးမှာ မုံရွာ မြိုနယ် စလင်းကြီး ကနေ မလေးရှားနိုင်ငံသို့ ရောက်လာတာဟာ ၆ လ ခန့်သာရှိသေးပြီး မလေးရှားနိုင်ငံမှာလည်း အသိမိတ်ဆွေ မရှိတာကြောင့် လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့ အတွက် ပရဟိတအဖွဲ့မှ အောက်တိုဘာ ၁၀ ရက်နေ့မှာ မြန်မာလုပ်သားနှစ်ဦးကို သွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး နေထိုင်ခွင့်ပေးကာ ၎င်းတိုကို အလုပ်ရှာပေးသွားမယ်လို့ သိရပါတယ်။
 
အခုလိုမျိုး မလေးရှား သို လာရောက် အလုပ်လုပ်တဲ့ လုပ်သားသစ်တွေကို ပွဲစားတွေက ပစ်မှတ်ထားကာ ငွေကြေးလိမ်လည်ပြီး လမ်းဘေး မှာ ပစ်ထားခဲ့လို ဒုက္ခရောက်ရတဲ့ မြန်မာလုပ်သား တွေ မကြာခဏ ဖြစ်ပေါ်နေတဲ့ အတွက် သတိထားကျဖို့ နှလုံးလှပရဟိတလူငယ်များသွေးလှုရှင်အဖွဲ့ တာဝန်ရှိသူတစ်ဦးကသတိပေးပြောကြားပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026