NEWS

မလေးရှားတွင် မြန်မာလုပ်သား၂၀၀ကျော် အဖမ်းခံရ

CoverLogo
593 Views
 
မလေးရှားနိုင်ငံ ၊ ဆလန်ပြည်နယ်၊ ဆန်းဝေးမန်တရီကောမှာ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၀၀ ကျော် ဖမ်းဆီးခံရတယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိပါတယ်။
 
မေလ ၂၂ရက် ည ၁၁နာရီ ဝန်းကျင်မှာ မလေးရှား အာဏာပိုင်တွေက နိုင်ငံခြားသား လုပ်သားများနေထိုင်ရာနေရာတွေ ကို ဝင်ရောက်စစ်ဆေးရာအထောက်အထားမဲ့ နိုင်ငံခြားသားလုပ်သား ၅၉၇ ဦး ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဖမ်းခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ၂၂၆ဦး ပါဝင်ပြီး အများစုမှာ ချင်းတိုင်းရင်းသားတွေ ဖြစ်တယ်လို့သိရပါတယ်။
 
"အဲ့ရပ်ကွက် တွေက ချင်းတိုင်းရင်းသားတွေ အများစု နေတဲ့ နေရာ ၊ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားထဲ မှာ ချင်းလူမျိုးက ၁၀၀ကျော် လောက် ပါတယ် ကြားတယ်။ အခုကတော့ အထောက်အထားမပြည့်စုံရင် မလေးရှားမှာက နေလို့ အဆင်မပြေတော့ဘူး ။ ကိုယ့်ဒေသ ပြန်ဖို့ကလည်း မငြိမ်းချမ်းတော့ ဖမ်းချင်လည်း ဖမ်းတော့လို့ တွေးပြီး သတိနဲ့သွားလာနေရတာပဲ။ ပြန်လို့မှမရသေးတာ။" လို့ မလေးရှားရောက်မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။
 
ဖမ်းဆီးခံရသူတွေထဲ မှာ မြန်မာနိုင်ငံသား‌တွေအပြင် အင်ဒိုနီးရှားနိုင်ငံသား (၂၀၁) ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား(၇၁) ဦး၊ ပါကစ္စတန် နိုင်ငံသား (၄၆ ) ဦး၊ နီပေါ နိုင်ငံသား(၄၄) ဦး၊ အိန္ဒိယနိုင်ငံသား (၈) ဦးနဲ့ ထိုင်းလူမျိုး ၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။
 
ဖမ်းခံရသူတွေ ကို အရေးယူဖို့ အတွက် မလေးရှား လူဝင်မှုကြီးကြပ်ရေး( စမုန်ညင်းကန့် ) မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
Photo-cj

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026