NEWS

မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၅၀ခန့်ကို မြန်မာနိုင်ငံပြန်ပို့

CoverLogo
517 Views
 
မလေးရှား နိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ် ကျခံ ပြီးတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၁၅၀ ခန့်ကို ဩဂုတ် ၆ရက်နဲ့ ၇ရက်မှာ မြန်မာနိုင်ငံ ဘက်ကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန မှ သိရပါတယ်။
 
ဩဂုတ်လ ၆ ရက်နေ့မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူ Bukit jalil လူဝင်မှုကြီးကြပ်ရေးဌာန က ဖမ်းဆီးထိမ်းသိမ်းထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၃၄ဦးနဲ့ အမျိုးသမီး၁၀ဦး စုစုပေါင်း ၄၄ဦး ကို ကွာလာလမ်ပူလေဆိပ်ကနေ မြန်မာလေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
 
ဩဂုတ်လ ၇ရက်နေ့မှာလည်း မလေးရှားနိုင်ငံ ကဒါ့ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြန်မာလုပ်သား အမျိုးသား ၅၅ဦး၊အမျိုးသမီး ၄၃ ဦးနဲ့ ကလေးငယ် ၃ဦး စုစုပေါင်း ၁၀၁ဦးကို လေကြောင်း ဖြင့် မြန်မာနိုင်ငံ ပြန်ပိုခဲ့တယ်လို့ သိရပါတယ်။
 
ယခု ပြန်လည် ပို့ဆောင်ခံရသူတွေဟာ မလေးရှားအစိုးရရဲ့ အထောက်အထားမဲ့ နိုင်ငံခြားသားလုပ်သား ဖမ်းဆီး ထိန်းသိမ်းရေး အထူးစီမံချက်တွေ မှာ အဖမ်းခံရသူတွေ ဖြစ်ပြီး အများစုမှာ အထောက်အထားမရှိခြင်း၊ ဗီဇာသက်တမ်းကျော်လွန်ခြင်း၊ အောက်လမ်းမှဝင်ရောက်လာပြီး နေထိုင်မှုတွေကြောင့် အဖမ်းခံရတာ ဖြစ်ကာ တရားဥပဒေအရ ပြစ်ဒဏ်ကျခံပြီးသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
မလေးရှား အစိုးရအနေနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ သူတွေ ကို မိခင်နိုင်ငံ သို့ ပြန်ပို့ သလို နိုင်ံ ငံအတွင်း အထောက်အထားမဲ့ နိုင်ငံခြားသား လုပ်သား ဖမ်းဆီးမှု တွေကို လည်း နေ့စဉ် ပြုလုပ်လျက်ရှိတဲ့ အတွက် အထောက်အထားမပြည့်စုံတဲ့ မြန်မာလုပ်သား တွေ လည်း အဖမ်းခံရတာ များတယ် လို့ မလေးရှားရောက် မြန်မာလုပ်သားတွေထံကသိရပါတယ်။
 

Related posts

Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026