NEWS

မလေးရှားတွင် နိုင်ငံခြားသားလုပ်သား ၁၇၀၀ ကျော်ဖမ်းဆီးခံရမှု မြန်မာများလည်းပါဝင်

CoverLogo
589 Views

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့တွင်  ဇွန် (၂၃) က မလေးရှားနိုင်ငံသားများ၏ တိုင်ကြားမှုအရ နိုင်ငံခြားသား (၁၇၀၀) ကျော် ဖမ်းဆီးခံခဲ့ရာ မြန်မာလုပ်သားများလည်းပါဝင်တယ်လို့ သိရပါတယ်။ 
 
မလေးရှား လူဝင်မှုကြီးကြပ်ရေး(လဝက)၊ ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အဆိုပါနေရာသို့  ရှောင်တခင် ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ အထောက်အထားအပြည့်အစုံရှိသူများနဲ့အထောက်အထားအပြည့်စုံမရှိသူများအပါ ၁၇၀၀ အထိဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့နိုင်ငံခြားသားအလုပ်သမားတွေဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ နီပေါနဲ့ ဘဂ်လားဒေ့ရ်ှနိုင်ငံသားတွေဖြစ်တယ်လို့ မလေးရှားလဝကရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ 

အထောက်အထားအပြည့်အစုံရှိသူများကိုမူ မလေးရှားအာဏာပိုင်များက ပြန်လည်လွှတ်ပေးခဲ့ပြီး အထောက်အထား မပြည့်စုံသူများကိုဆက်လက်ထိန်းသိမ်းထားရာ ဖမ်းဆီးခံရသူများထဲမှာမြန်မာအလုပ်သမားများနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ အများဆုံးပါဝင်တယ်လို့ရပါတယ်။ 
 
အဆိုပါထုတ်ပြန်ချက်မှာတော့  ဖမ်းဆီးခံထားရသည့် လူ (၁၇၀၀) ကျော်ကိုသာ စုစည်းဖော်ပြထားပြီး ဖမ်းဆီးထားတဲ့ အမျိုးသား၊ အမျိုးသမီးဦးရေနဲ့  နိုင်ငံသားဦးရေစာရင်းကိုတော့ အတိအကျခွဲခြားဖော်ပြထားခြင်းမျိုးမရှိသေးပါဘူး။


Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026