NEWS

မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ

CoverLogo
506 Views
 
မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် ကင်မရွန်းဟိုက်လန်း(Cameron highlands)တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက အထောက်မထားမပြည့်စုံဘဲ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား လုပ်သားတွေကို စစ်ဆေးရှာဖွေ ဖမ်းဆီးရာ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၅ဦး အဖမ်းခံရတယ်လို့ မလေးရှား သတင်း တွေ အရသိရပါတယ်။
 
နိုဝင်ဘာ၂၀ရက်က မလေးရှား လူဝင်မူကြီးကြပ်ရေးဌာနက ၎င်းနေရာ ရှိ နိုင်ငံခြားသား ၁၈၈၆ ဦးကို အထောက်အထား များ စစ်ဆေးမှု ပြုလုပ်ခဲ့ရာ အထောက်အထားမရှိတဲ့ နိုင်ငံခြားသား ၄၆၈ဦးအားဖမ်းဆီးနိုင်ခဲ့တာ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
အဖမ်းခံရသူတွေထဲမှာ မြန်မာနိုင်ငံသား ၁၇၅ ဦး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၄ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၆၇ဦး၊နီပေါနိုင်ငံသား ၂၀ဦး ​​နဲ့အခြားနိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။
 
ဒေသခံပြည်သူတွေရဲ့ တိုင်ကြားချက်အရ ကင်မရွန်းဟိုက်လန်း(Cameron highlands) နေရာရှိ စီးပွားရေးအဆောက်အဦးတွေ၊ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ဟင်းသီးဟင်းရွက်နှင့်သစ်သီးခြံများ ကို ဝင်ရောက်စီးနင်း ရှာဖွေ ခဲ့တယ်လို့ သိရပါတယ်။
 
၎င်းနေရာရှိ ဟင်းသီးဟင်းရွက် ထုတ်ပိုးတဲ့ဆိုင်အများစုမှာ နိုင်ငံခြားသား လုပ်သားတွေကို အများဆုံး ငှားရမ်းထားတာ တွေ့ရှိရပြီး ဝင်ရောက် ဖမ်းဆီးချိန်တွင် ဟင်းသီးဟင်းရွက် ထုတ်ပိုးနေတဲ့ အတွက်ထွက်ပြေးရန် အချိန်မရခဲ့ဘူး လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
အဖမ်းခံရသူတွေကို လူဝင်မူကြီးကြပ်ရေးဆိုင်ရာ ပြစ်မှု တွေနဲ့ အရေးယူမှုတွေ ပြုလုပ်ပြီး နေရပ်ကို ပြန်လည်ပို့ဆောင်မယ်လို့ သိရပါတယ်။
 
ယခု နိုဝင်ဘာ လအတွင်း မလေးရှား မှာ အထောက်အထားမပြည့်စုံလို့ အဖမ်းခံရတဲ့ မြန်မာလုပ်သား ၃၀၀ခန့်ရှိပြီ ဖြစ်ကြောင်း အဖမ်းဆီးသတင်းတွေအရသိရပါတယ်။
 
Ref-BERNAMA
 

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026