NEWS

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂခေါင်းဆောင် ကိုရန်စိုးပိုင်အပါအဝင် မန္တလေးမြို့ပေါ်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၆ ဦးဖမ်းဆီးခံရ

CoverLogo
599 Views

အောက်တိုဘာလ(၃၁)ရက်၊မန္တလေးမြို့။

ယမန်နေ့ည (၁၀)နာရီဝန်းကျင်ခန့်တွင် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုရန်စိုးပိုင်နှင့် ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း၊ ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင်ဟောင်း ကိုနောင်ထက်အောင်နှင့်အတူ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီမှ ဆရာမဒေါ်သက်ဆုလှိုင်နှင့် ဆရာဦးနိုင်းသီဟကျော်အပါဝင် လူငယ်(၆)ဦးကို အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ လာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ပါတယ်။

အဖမ်းခံရသည့် လူငယ်များ၏ နာမည်စာရင်းအ​ပြည့်စုံကိုမူ အတိအကျ မသိရသေးဘဲ မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း လက်ရှိအချိန်ထိ စုံစမ်း၍ မရသေးဖြစ်နေသည့်အတွက် ရဲဘော်များ၏ အသက်အန္တရာယ်လုံခြုံရေးအတွက် များစွာ စိုးရိမ်ရသည့်အနေအထားဖြစ်နေ​ကြောင်း ထုတ်ပြန်ချက်မှာ​ဖော်ပြထားပါတယ်။

#မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
#MyanmarLabourNews


Related posts

Cover
CDM ဝန်ထမ်းများကို အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးမည်ဟု စစ်ကော်မရှင်ဆို
Feb 02, 2026
Cover
Baisheng ဖိနပ် စက်ရုံ ဖူလုံရေးကြေး ပေးသွင်းခွင့်မပေး၊ ကိုယ်ဝန်ဆောင် အလုပ်သမားများ အခွင့်အရေး ဆုံးရှုံး
Feb 02, 2026
Cover
Dong long အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တွင် ခြိမ်းခြောက် ဆဲဆိုမှုများနှင့် ကြုံနေရ
Feb 01, 2026
Cover
Lucky Top Myanmar အထည်ချုပ်စက်ရုံ ဖိအားပေး အချိန်ပို ဆင်းခိုင်း
Feb 01, 2026
Cover
စက်မှုဇုန်များကို လျှပ်စစ်မီတာခ တစ်ယူနစ် ၉၀၀ ကျပ်သို့ တိုးမြှင့်ကောက်မည်
Jan 31, 2026
Cover
ETERNAL FASHION CO.,Ltd အထည်ချုပ်စက်ရုံ ပိတ်သိမ်း
Jan 31, 2026
Cover
LITA MYANMAR အထည်ချုပ် ခွင့်မဲ့ သတ်မှတ် အလုပ်ထုတ်နေ
Jan 31, 2026
Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026