NEWS

မတ်လ ၁၀ ရက်အတွင်း နေ့အပူချိန် ၄၀°C အထက် ထိ  မြင့်တက်လာနိုင်

CoverLogo
353 Views

မတ်လ ပထမ ၁၀ ရက်အတွင်း  တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေ မှာ နေ့အပူချိန် ၄၀°C အထက် ထိ  မြင့်တက်လာနိုင် လို့  သက်ကြီး ပိုင်းနဲ့ ကလေးငယ်တွေ သတိထားနေထိုင်ဖို့ သတိပေးတာတွေ ရှိနေပါတယ်။ 

 

METEOBLUE ကြိုတင်ခန့်မှန်း model များမှ အချက်အလက်များက တော့  - မတ်လ ပထမ ၁၀ ရက်အတွင်း  မကွေးတိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ မှာ နေ့အပူချိန် တွေ ဟာ  ၄၀°C အထက်အထိ မြင့်တက်လာနိုင်ကြောင်း  တိုင်းတာတွေ့ရှိတယ်လို့  မိုးလေ၀သ လေ့လာစောင့်ကြည့်သူ ဦး၀င်းနိုင်က သတိပေးထုတ်ပြန်ပါတယ်။ 

 

လာနီညာကြောင့်အပူချိန်မြင့်တက်မှု ဟာ  ၂၀၂၄ ခုနှစ်(အယ်လိနီညိုနှစ်)ထက် လျော့နည်းပေမယ့်  မတ်လအတွင်း စိုထိုင်းဆမြင့်တက်နေတဲ့ ဒေသ တွေ မှာ  ခံစားရ တဲ့ အပူချိန် (Temperature Felt) ဟာ ၄၀°C အထက်အထိ မြင့်တက်နေမယ်လို့ ဆိုပါတယ်။ 

 

ဒီအခြေအနေကြောင့် နေ့လည်နေ့ခင်းအချိန် တွေ မှာ  နေရောင်ခြည်တိုက်ရိုက်ထိတွေ့ တဲ့ နေရာ တွေ မှာ  အလုပ်လုပ်ကြရသူတွေ  ၊ သက်ကြီးပိုင်းတွေ နဲ့  ကလေးငယ် တွေ မှာ  ရေဓါတ်ဆုံးရှုံးမှုတွေ များပြီး အပူလျှပ်ခြင်း(Heat-stroke)ကို ခံစားရနိုင် တဲ့ အတွက် သတိထား ကြဖို့  အသိပေးထားပါတယ်။ 

 

အားအနည်းငယ်ရှိသော လာနီညာ ရာသီဥတုဟာ အခြေအနေမှ ပုံမှန် ရာသီဥတုအခြေအနေသို့ ကူးပြောင်းခဲ့ပြီး အဆိုပါ ပုံမှန် ရာသီဥတုအခြေအနေသည် လာမည့် ၂၀၂၅ ခုနှစ်၊ မတ်လ၊ ဧပြီလ၊ မေလနှင့် ဇွန်လတို့တွင် ဆက်လက် တည်ရှိနိုင်တယ်လို့ မိုးလေဝသ ရန်ကုန်ဌာနခွဲကလည်း ထုတ်ပြန်ထားပါတယ်။ 


Related posts

Cover
လာမည့် ၁၀ရက် အတွင်း မြစ်ရေများ လက်ရှိရေအမှတ်ထက် ၁ ပေမှ ၅ ပေအထိ မြင့်တက်မည်
Aug 11, 2025
Cover
ဂျပန်ရောက် မြန်မာတွေ ဆူနာမီသတိပေးချက်ကို အလေးထားနားစွင့်ဖို့ အသိပေး
Jul 30, 2025
Cover
လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ရန်ကုန်မြစ်အတွင်း သမ္ဗာန်တစ်စီးတိမ်းမှောက်၊ ၃ ဦးပျောက်ဆုံးနေ
Jul 24, 2025
Cover
၂၄ နာရီ အတွင်း မြဝတီမြို့တွင် သောင်းရင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ၁၂ ပေကျော်မြင့်တက်မည်ဟု မိုးဇလ သတိပေး
Jul 24, 2025
Cover
အပူပိုင်းမုန်တိုင်း ဝီဖာကြောင့် ဒေသအလိုက် မိုးကြီးမည်ဟု မိုးဇလထုတ်ပြန်
Jul 21, 2025
Cover
ချင်းတွင်း၊ စစ်တောင်းနှင့်ပဲခူးမြစ် တို့ မှာ ၂၄ နာရီ အတွင်း စိုးရိမ်ရေမှတ်ရောက်ရှိနိုင်
Jun 30, 2025
Cover
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသဖြင့် မြို့နယ် ၅ ခု မှာ သတိပြုဖို့ လိုအပ်
Jun 28, 2025
Cover
၄၈ နာရီ အတွင်း ပဲခူးမြစ်နှင့်ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ် ရောက်ရှိနိုင်ဟု မိုးဇလ သတိပေး
Jun 22, 2025