NEWS

မတ္တရာမြို့နယ်၊ ကင်းရွာက ပြည်သူ ၅၀၀၀ ခန့် စစ်ဘေး တိမ်းရှောင်နေရ

CoverLogo
2.4K Views

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကင်းကျေးရွာက ပြည်သူ ၅၀၀၀ခန့် စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
စစ်ကောင်စီ တပ်တွေက ကင်းကျေးရွာကို မီးရှို့မယ်လို့ သတင်းထွက် နေတာကြောင့် ဒေသခံပြည်သူတွေဟာ ဘေးလွတ်နိုင်မယ့် နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


မတ္တရာနယ်ခံတစ်ဦးက"လောလောဆယ်တော့ ပြေးနေကြရတယ်၊ ဘေးပတ်ပတ်လည်က ရွာတွေကလည်း တောတွေမှာ ပြောင်ရွှေ့နေထိုင်နေကြရတာ"လို့ ပြောပါတယ် ။


ကင်းကျေးရွာမှာ အိမ်ခြေ တစ်ထောင်ကျော်ရှိပြီး လူဦးရေ ငါးထောင်ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။
ကင်းကျေးရွာမှာ ဧပြီလ ၃ရက်နေ့ မနက်ပိုင်းက ပျူစောထီးခေါင်းဆောင်လို့ နာမည်ကျော်နေတဲ့ ဘုန်းကြီးတပါးကို အမည်မသိသူတွေရဲ့ အသတ်ခံခဲ့ရပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေးရောက်ရှိလာတယ်လို့ သိရပါတယ်။


အဆိုပါ စစ်ကောင်စီတပ်သားတွေကို မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် လေးဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ အတွက် ကျေးရွာကို မီးရှို့မယ်လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ကြိမ်းမောင်းနေတာကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ သိရပါတယ်။
 


Related posts

Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့ (ရုပ်သံသတင်း)
Oct 09, 2025
Cover
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား ၉၀၀၀ ကျော်ကို ပြည်နှင်ဒဏ်ပေးကာ နေရပ်ပြန်ပို့
Oct 09, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို
Oct 07, 2025
Cover
ပဲခူး-ရန်ကုန် ယာဉ်လိုင်းမှ ယာဉ်အချို့ သတ်မှတ်ဈေးထက် ယာဉ်စီးခ ပိုမိုကောက်ယူသဖြင့် ခရီးသွားပြည်သူများ အခက်တွေ့
Oct 07, 2025
Cover
အသက် ၁၈ မှ၂၄ နှစ် ကြားရှိ လူငယ်ငါးသန်းကျော် ပညာသင်ယူမှုနယ်ပယ် တွင်မရှိတော့ဟုဆို (ရုပ်သံသတင်း)
Oct 07, 2025
Cover
ပဲခူး-ရန်ကုန် ယာဉ်လိုင်းမှ ယာဉ်အချို့ သတ်မှတ်ဈေးထက် ယာဉ်စီးခ ပိုမိုကောက်ယူသဖြင့် ခရီးသွားပြည်သူများ အခက်တွေ့ (ရုပ်သံသတင်း)
Oct 07, 2025
Cover
အမျိုးသမီး ၈ ဦးကို ဇနီးမယားအဖြစ် ရောင်းစားရန် စီစဉ်သူများကို ထောင် ၁၀ နှစ်စီချ(ရုပ်သံ သတင်း)
Oct 06, 2025
Cover
မြန်မာနိုင်ငံရှိ လူငယ် အမျိုးသမီးများ အလုပ်လုပ်ဖို့ အတားဆီးများစွာ ရင်ဆိုင်နေရဟုဆို
Oct 04, 2025