NEWS

မတရားအလုပ်ထုတ်ခံရသဖြင့် Ooredoo Myanmar ကို အလုပ်သမားမှ တရားစွဲ

CoverLogo
443 Views

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ကမ္ဘာအေးဘုရားလမ်းမှာ ဖွင့်လှစ်ထားတဲ့ Ooredoo Myanmar Limited တွင် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ဦးကိုအလုပ်ထုတ်ပယ်ခဲ့တဲ့ အတွက် ကျေနပ်မှုမရှိတဲ့ အလုပ်သမား မှ Ooredoo Myanmar ကို တရားစွဲ ဆိုလိုက်တယ်လို့ အလုပ်သမားအရေးကူညီပေးနေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ(STUM)မှ သိရပါတယ်။

ကြိုတင်အကြောင်းကြားခြင်း မရှိ  ဥပဒေပါ ရပိုင်ခွင့် မပေးဘဲ  အလုပ်ထုတ်ခံရတဲ့ အတွက် အလုပ်သမားက အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြား ခဲ့တယ်လို့ ဆိုပါတယ်။

တိုင်ကြားမှု ကြောင့် အလုပ်သမားညွန်ကြားမှုဦးစီးဌာနနှင့်အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန တို့ ပါဝင်တဲ့ ပေါင်းစပ်အဖွဲ့ ဖြင့် ရုံးခြိမ်း ၂ကြိမ်၊ ဗဟန်းမြို့နယ် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ ဖြင့် ရုံးချိန်း ၃ကြိမ်၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ဖြင့်ရုံးချိန်း ၁ကြိမ် စုစုပေါင်း၆ကြိမ် ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှုမရရှိခဲ့တဲ့ အတွက် ဇွန်လ ၁၇ ရက်မှာ ဥပဒေနဲ့ အညီ ဆက်လက်ဆောင်ရွက် စာထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဩဂုတ်လ ၁၆ ရက် မှာ တရားမမှုဖြင့် ကမာရွတ်ခရိုင်တရားရုံးတွင် စတင်တရားစွဲဆိုခဲ့ကာ လာမယ့်ဩဂုတ် ၂၆ ရက် မှာ ပထမရုံးချိန်း ချိန်းဆိုထားတယ်လို့ သိရပါတယ်။

 


Related posts

Cover
Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်
Dec 14, 2025
Cover
Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်
Dec 14, 2025
Cover
MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ
Dec 14, 2025
Cover
Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို
Dec 14, 2025
Cover
JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်
Dec 14, 2025
Cover
Casico Garment Co.,Ltd အထည်ချုပ် နိုဝင်ဘာလစာ မပေး
Dec 14, 2025
Cover
Chi Mei အထည်ချုပ် ခေါင်းဆောင်တချို့ ဆုကြေးပေးမယ် ပြောဆိုပြီး လိမ်လည် ခိုင်းစေ
Dec 14, 2025
Cover
Max Technology စက်ရုံဖယ်ရီ အလုပ်သမား မကြိုဘဲ ပစ်ထား
Dec 14, 2025