NEWS

ဘန်ကောက်သွား မြန်မာနိုင်ငံသား ၄၄ဦး ဖမ်းဆီးခံရ

CoverLogo
251 Views
 
ထိုင်း-မြန်မာ နယ်စပ်၊ ဖေ့ာဖရာမြိုနယ်မှာ ဘန်ကောက်မြို့ကို သွားရောက်မဲ့ မြန်မာနိုင်ငံသား ၄၄ဦး ကို ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံသားတွေဟာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
မေလ ၂၀ရက် မနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ်မှာ ထိုင်းRajamanu အထူးတပ်ဖွဲ့ ကင်းလှည့်နေစဉ် မြန်မာနိုင်ငံသား အမျိုးသား၂၆ဦး၊အမျိုးသမီး ၁၀ဦး နဲ့ အဖော်လိုက်လာသူ ၈ဦး စုစုပေါင်း ၄၄ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံသားတွေဟာ ဘန်ကောက်မြို့ အနီးတစ်ဝိုက်မှာ အလုပ် လုပ်ဖို့ နယ်စပ်ကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်လာတာ ဖြစ်ပြီး တရားမဝင် ဝင်ရောက်နိုင်ဖို့ တစ်ဦး ဘတ်၂၀၀၀၀ကျော် ပွဲစားဖြစ်သူကို ပေးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ် နီးပါး ဖမ်းဆီးခံနေရပြီး မေလ ၁၈ ရက်နေ့လည်ပိုင်းကလည်း မြန်မာ လူငယ် ၉ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
Ref-The Reporters

Related posts

Cover
လူသစ်ဘတ်ရိုက်ခြင်း ယာယီရပ်ဆိုင်းပြီးနောက် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံရသည့် မြန်မာလုပ်သား ၄၀၀ ခန့် ရှိလာ
Oct 20, 2025
Cover
တာ့ခ်ခရိုင်တွင် အထောက်အထားမဲ့နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား၂၃ဦးအဖမ်းခံရ
Oct 19, 2025
Cover
မလေးရှားမှာ ကူးစက်မြန် တုပ်ကွေးရောဂါ အဖြစ်များနေလို့ မြန်မာလုပ်သားများဂရုစိုက်ရန် လူမှုအဖွဲ့အစည်းများ အသိပေး
Oct 19, 2025
Cover
မြန်မာနိုင်ငံသားတွေ ဗီယက်နမ်နိုင်ငံကို ပြောင်းနေသင့်လား။ အပိုင်း(၂)
Oct 19, 2025
Cover
ကိုရီးယား EPS အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၇၀၀ ကျော်သာရှိ
Oct 17, 2025
Cover
ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများ ရက် ၉၀ ကျော်လွန်သည်အထိ လိုင်စင်သက်တမ်းတိုး တင်ပြခြင်းမရှိပါက လိုင်စင်ပိတ်သိမ်းမည်ဟု အလုပ်သမားဝန်ကြီးဌာန ကြေညာ
Oct 17, 2025
Cover
ပန်းရောင်ကတ်တင်ရန် စောင့်နေသည့်မြန်မာလုပ်သား၁၃၁ဦးမဟာချိုင်တွင်အဖမ်းခံရ
Oct 17, 2025
Cover
လူသစ် ပန်းရောင်ကတ် (ဘတ်) ပြုလုပ်ပေးခြင်း ယာယီရက်ရွှေ့ဆိုင်း ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနကြေညာ
Oct 16, 2025