NEWS

ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး

CoverLogo
214 Views
 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်နားဒေသရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် မြေပြိုကျမှုဖြစ်ပွားကာ မြန်မာလုပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေအရသိရပါတယ်။
 
ဖေဖေါ်ဝါရီ ၄ရက် ညပိုင်းက မြေအောက်လျှပ်စစ် ကြိုးမြောင်းတူးဖော်ရေး လုပ်ငန်းမှာ တွင်းအတွင်း ၈မီတာမှ ၁၀မီတာ ခန့်အထိ တူးဖေါ်နေပြီး ၁၄မှ၁၅မီတာခန့်အထိ တူးဖော်ရန် ကြိုးစားနေစဉ်မှာ ဘေးနှစ်ဖက် မှ မြေသားများ ပြိုကျလာပြီး မြန်မာအလုပ်သမားအပေါ်ပိမိကာ ရွှံ့နွံများပြည့်နှက်နေတဲ့ တွင်းနက်ခြေရင်းမှာ ပိတ်မိ သေဆုံးသွားခဲ့ခြင်းဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
သေဆုံးသူ မြန်မာလုပ်သားဟာ အသက်၃၀မှ၃၅နှစ် အတွင်းရှိသူ ဖြစ်ပြီး မြေပြိုကျမှု ဖြစ်ဖြစ်ချင်းမှာဘဲ အခြားအလုပ်သမားတွေက ဝိုင်းဝန်းကယ်ထုတ်ဖို့ ကူညီ ကြိုးပမ်းခဲ့ပေမယ့် မြေသားများပိကာ သတိလစ်သွားသလို မြေသားအများပြားပိမိနေတာကြောင့် ကယ်ထုတ်လို့မရ ဖြစ်ခဲ့ပြီး ကယ်ဆယ်ရေး တွေလာ မှ ခက်ခဲ စွာ ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
 
လက်ရှိမှာတော့ သေဆုံးသူရဲ့ ရုပ်အလောင်းကိက ချုလာလောင်ကွန်းဆေးရုံ ကိုပို့ဆောင်ထား ပြီး အခု ဖြစ်စဉ်မှာ တာဝန်ရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးကြပ်ရေးမှုးနဲ့ အခင်းဖြစ်ပွားစဉ်ရှိခဲ့တဲ့ လုပ်သား တွေကို အာဏာပိုင်တွေက ထပ်မံစစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။
 
Ref- The Nation

Related posts

Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026