NEWS

ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ

CoverLogo
332 Views
ထိုင်းနိုင်ငံ ဘန်ကောက် တွင် အလုပ်လုပ်ကိုင်ရန် အ နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၆ ဦး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေအရ သိရပါတယ်။
 
နိုဝင်ဘာလ ၁၈ရက် ညပိုင်း က တာ့ခ်ခရိုင် ၊ မယ်ရမတ်မြို့နယ် အတွင်း ကို နယ်စပ်တောလမ်းမှ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၃၆ဦးကို ထိုင်းလုံခြုံရေးအဖွဲ့ တွေက ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံ ဘန်ကောက် နဲ့စမွတ်စခွန် တို့ မှာ အလုပ်လုပ်ကိုင်လိုတဲ့ အတွက် ပွဲစား ဆိုသူ ကို တစ်ဦး လျှင်ဘတ် ၁၈၀၀၀ မှ ၂၀၀၀၀ အထိ ပေးခဲ့ရတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁၆ ဦး ပါဝင်ကာ ကရင်ပြည်နယ် မြ၀တီမြို့မှာ စုဝေးပြီး လှေဖြင့် မယ်ရမတ်မြို့နယ် အတွင်းသို​ြ ဝင်ရောက်လာကာ တောအုပ်အတွင်း လမ်းပြနဲ့အတူ ဖြတ်လျှောက်နေစဉ် ရဲတပ်ဖွဲ့ မှ စစ်ဆေးတွေ့ရှိပြီး ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။
 
လက်ရှိမှာ မြန်မာအလုပ်သမား ၃၆ ဦး ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုဖြင့် စွဲချက်တင်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်ဖို့ မယ်ရမတ်ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီလို့ သိရပါတယ်။
 
ထိုင်းနိုင်ငံ အတွင်း တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်ရောက် လာတဲ့ မြန်မာလုပ်သား တွေ နေ့စဉ် အဖမ်းခံနေရကာ နိုဝင်ဘာ၁၈ရက် မနက်ပိုင်းကလည်း ကမ်ပိန်ဖက် ပြည်နယ်မှာ ပစ်ကပ်ကားလေးစီးနဲ့ တင်ဆောင်လာတဲ့ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၅၈ဦး အဖမ်းခံရတဲ့ အတွက် တစ်ရက် ထဲမှာပင် မြန်မာလုပ်သား ၉၄ဦး အထိ အဖမ်းခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေ အရ သိရပါတယ်။
 
Ref- CH7 News ,กิตติศักดิ์ บุญจันทร์

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026