NEWS

ဘန်ကောက်တွင် တနေ့လုပ်ခ အနည်းဆုံး ဘတ် ၄၀၀ တိုးပေးမည်

CoverLogo
357 Views
 
ထိုင်းနိုင်ငံ ဘန်ကောက် မြို့နယ် အတွင်း လုပ်ငန်း တွေမှာ လုပ်ကိုင်နေတဲ့ လုပ်သားတွေ အတွက် အနည်းဆုံးအခကြေးငွေ တစ်ရက်ကို ဘတ်၄၀၀ အဖြစ် ဇူလိုင် ၁ရက်ကစပြီး တိုးမြှင့် သတ်မှတ် ပေးမယ်လို့ ဇွန်လ ၁၇ရက်က ပြုလုပ်တဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အနည်းဆုံးအခကြေးငွေ ဆိုင်ရာကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
 
ယခင်က ဘန်ကောက်မြို့နယ် အတွင်း တစ်ရက်ကို အနည်းဆုံးအခကြေးငွေ ဘတ် ၃၇၂ဘတ်ကနေ ဘတ် ၄၀၀အဖြစ် တိုးပေးတာ ဖြစ်ပါတယ်။
 
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ဘန်ကောက်​မြို့မှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား တွေ ကို လုပ်အားခ တစ်ရက် ဘတ် ၄၀၀ တိုးပေးသလို အခြားပြည်နယ် တွေ မှ လုပ်ငန်း အချို့ အတွက် လည်း အနည်းဆုံးလုပ်ခ ဘတ်၄၀၀ တိုးပေးမယ်လို့ဆိုပါတယ်။
 
၎င်းလုပ်ငန်းတွေ ကတော့ ကြယ်၂ပွင့်အထက်ရှိတဲ့ ဟိုတယ်၊ အခန်း၅၀ထက်ပိုတဲ့ဟိုတယ်နဲ့ ဟိုတယ် စားသောက်ဆိုင်မှာ လုပ်ကိုင်နေသူတွေ ကာရာအိုကေနှင့်ကော့တေးနားနေခန်း စတဲ့ ဝန်ဆောင်မှု ပေးတဲ့ လုပ်ငန်း တွေ မှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ ကိုတစ်ရက် အနည်းဆုံးလုပ်အားခ ဘတ်၄၀၀ အဖြစ် တိုးပေးမယ်လို့ ဆိုပါတယ်။
 
ဇူလိုင် ၁ရက်က စပြီး တိုးမြှင့်ပေးတဲ့ အနည်း ဆုံးအခကြေးငွေ တိုးမြှင့်မှု ကို အလုပ်သမား ၇သိန်း ခန့် အကျိုးခံစားခွင့်ရရှိ နိုင်တယ်လို့ ခန့်မှန်းထား​ေကြာင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
 
၂၀၂၅ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့ကလည်း ထိုင်းနိုင်ငံ အတွင်း အနည်းဆုံးအခကြေးငွေကို ခရိုင် အလိုက် အနိမ့်ဆုံး ဘတ် ၃၃၇ဘတ်ကနေ ဘတ် ၄၀၀အထိ တိုးမြှင့်ပေးခဲ့ ကာ ယခု မှာတော့ ဘန်ကောက်မြို့နဲ့ လုပ်ငန်း အချို့ ရှိ လုပ်သားတွေ ကို တိုးမြှင့်ပေးတာဖြစ်ပါတယ်။
 
ဇန်နဝါရီ၁ရက်က ဘတ်၄၀၀အထိ တိုးမြှင့်ပေးခဲ့တဲ့ ခရိုင် တွေ ကတော့ ဖူးခတ်၊ ချာချင်ဆောင်၊ ချွန်ဘူရီ၊လယောင်၊ ဆူရတ်ဌာနီနဲ့ကော့စမွေကျွန်း တို့ဖြစ်ပါတယ်။
 
အခုလို လုပ်အားခ တိုးမြှင့်ပေးပေမယ့် ထိုင်းနိုင်ငံ အတွင်း ကုန်ဈေးနှုန်းမြင့်မားလာတဲ့ အတွက် ရွှေ့ပြောင်းလုပ်သားတွေ အတွက် ဖူလုံမှုမရှိဘူးလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေကပြောပါတယ်။

Related posts

Cover
General Textile (Myanmar) Apparel အထည်ချုပ် ပြည်တောင်စုနေ အလုပ်ဆင်းခိုင်း
Feb 09, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ်အလုပ်သမားများအား ဝန်ထမ်းတချို့ မှ ခွဲခြားဆက်ဆံ
Feb 09, 2026
Cover
Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်
Feb 08, 2026
Cover
Sudey အောစူပါက တရုံလုံး သူ အမိုက်ရိုင်းဆုံးလို့ ပြောပြီး ခြိမ်းခြောက်
Feb 08, 2026
Cover
Myanmar Ming Fan မနက်မိုးအလင်း အချိန်ပိုခိုင်းပြီး ပြန်ခွင့်မပေး
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးတွေကို တရုတ်အငှားမယား အဖြစ် စည်းရုံးသိမ်းသွင်းပေးနေတဲ့ Jafon (ဂျက်ပွန်လက်ကိုင်အိတ်ကုမ္ပဏီလီမီတက်ရဲ့ အချက်အလက်များ
Feb 07, 2026
Cover
အထည်ချုပ်အမျိုးသမီးအလုပ်သမားတွေ တရုတ်အငှားမယား (သို့မဟုတ်) ငွေပေးကျွန်ဝယ်မှုများ၏ သားကောင်ဖြစ်လာ
Feb 06, 2026
Cover
Glary Jun Xing Garment ခွဲခြားဆက်ဆံပြီး အောလင်း၊ အောနိုက် အချိန်ပိုများ ခိုင်းစေနေ
Feb 06, 2026