ထိုင်းနိုင်ငံ ဘန်ကောက် ကနေ သွေးစစ်ပြီး ပြန်လာတဲ့ မြန်မာလုပ်သား တွေ ကို တင်ဆောင် လာတဲ့ ကား ဟာ အခြားပစ်ကပ်ကားတစ်စီးနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါလာတဲ့ မြန်မာလုပ်သားတွေ အပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ထိုင်းသတင်း တွေ အရ သိရပါတယ်။
ဖေဖေါ်ဝါရီ ၂၃ရက် ဒီကနေ့မနက် ၂ နာရီ ခန့်မှာ ပါသာလွန်ပြည်နယ် ချောင်ကို့လမ်းဆုံမှာ Ford Ranger အနက်ရောင်ကားနဲ့Isuzu D-Max ကားတို့ အရှိန်ပြင်းစွာ တိုက်မိမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Ford Ranger အနက်ရောင်ကားဟာ ဘန်ကောက်ကနေ ဆေးစစ်ပြီးအပြန် မြန်မာအလုပ်သမား ၅ ဦးကို တင်ဆောင်လာတာဖြစ်ပြီးGPS လမ်းညွှန်ကြည့်မောင်းရင်း လမ်းမှားကာ ပတ်သလုန်းမြို့ထဲ ရောက်ရှိခဲ့ ပြီး မီးဝါအချက်ပေးမီးသာ ပြနေတဲ့ လမ်းဆုံအဖြတ် တွင် တစ်ဖက်ကလာတဲ့ Isuzu D-Max ကားကို အရှိန်မထိန်းနိုင်ဘဲ အပြင်းအထန် ဝင်တိုက်မိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Isuzu ကားပေါ်မှာတော့ မိသားစုဝင် ၃ ဦး လိုက်ပါလာပြီး ဆေးရုံတက်နေတဲ့ မိခင်ဖြစ်သူဆီ သွားရောက်စဉ် အခုလို အရှိန်ပြင်းစွာ အတိုက်ခံရတာဖြစ်ပြီး ကားပါ လမ်းဘေးလွင့်စင် တိမ်းမှောက်သွားခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
ယာဉ်တိုက်အှုကြောင့် Ford ကားပေါ်ပါ မြန်မာလုပ်သား ၅ ဦးစလုံး ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ အခြေအနေ စိုးရိမ်ရတဲ့အတွက် ဖာသာလွနထ ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေရကာ တစ်ဖက်ကားပေါ်မှ မိသားစု ၃ဦးကတော့ ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ရဲတပ်ဖွဲ့က ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စုံစမ်း စစ်ဆေးနေပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref-โจโฉ









