NEWS

ဘန်ကောက်ငလျင်ကြောင့် သေဆုံးခဲ့သော မြန်မာလုပ်သားများ တစ်ဦးလျှင် လျော်ကြေး ဘတ် ၁ သန်း

CoverLogo
212 Views
 
၂၀၂၅ ခုနှစ် မတ် ၂၈ ရက် မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ဆဲ အဆောက်အဦး ပြိုကျပျက်စီးမှု မှာ သေဆုံးခဲ့တဲ့ မြန်မာလုပ်သား တွေ အတွက် တစ်ဦး လျှင် ဘတ်၁သန်းစီနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေကို ဘတ်၂ သိန်းစီ လျော်ကြေးပေးကြောင်း စစ်ကော်မရှင်လက်အောက်ခံ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
 
ငလျင်ကြောင့် ဆောက်လုပ်ဆဲ အဆောက်အဦး ပြိုကျမှုတွင် မြန်မာလုပ်သား ၂၇ဦး သေဆုံးခဲ့ ပြီး ၇ဦး ထိခိုက်ဒဏိရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
 
သေဆုံးဒဏ်ရာ ရသူတွေထဲမှ သေဆုံးသူ မြန်မာလုပ်သား ၁၅ဦးနဲ့ ဒဏ်ရာသူ ၇ဦးတို့ကို စီစစ် ပြီး အဆောက်အဦ တည်ဆောက်မှုအား တာဝန်ယူခဲ့တဲ့ ITD-CREC ဖက်စပ်လုပ်ငန်းစု မှ ဘတ်၁သန်းစီနဲ့ ဒဏ်ရာရသူတွေကို ဘတ်၂သိန်းစီပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
 
ထပ်မံပြီး မတ်လ ၂ရက်က ကျန်ရှိတဲ့ သေဆုံးသွားသူ မြန်မာလုပ်သား ၁၂ဦး အတွက် လျော်ကြေး ဘတ်၁သန်းစီ ကို ကျန်ရစ်သူ မိသားစုတွေထံ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
 
မြန်မာနိုင်ငံသားများ နစ်နာကြေးရရှိနိုင်ရန် ဘန်ကောက်မြို့ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံးတို့မှ သက်ဆိုင်ရာကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကာ လက်ရှိအချိန်အထိ လေးကြိမ်စိစစ်မှုအတွင်း သေဆုံးသူ မြန်မာအလုပ်သမား ၂၇ ဦးနှင့် ဒဏ်ရာရသူ ခုနစ်ဦး စုစုပေါင်း ၃၄ ဦးတို့အတွက် သေဆုံးသူတစ်ဦးလျှင် ဘတ် တစ်သန်းစီနှင့် ဒဏ်ရာရသူ တစ်ဦးလျှင် ဘတ် နှစ်သိန်းစီဖြင့် စုစုပေါင်းထောက်ပံ့ငွေ ဘတ် ၂၈ သန်း ၄ သိန်း ပေးအပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026