NEWS

ဘတ်၂၅၀၀၀ ပေး အလုံပိတ်ကားဖြင့် လိုက်ပါလာသည့် မြန်မာလုပ်သား၂၆ဦး ဖမ်းခံရ

CoverLogo
281 Views
 
ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်အတွင်း အလုံပိတ် ပစ်ကပ်ထရပ်ကားနဲ့ လိုက်ပါလာတဲ့ မြန်မာ ၂၆ ဦး ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို ထိုင်းသတင်းဌာနတွေမှာဖေါ်ပြထားပါတယ်။ မတ်လ ၁၄ ရက် မနက်ပိုင်းက တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်တဲ့ မြန်မာတွေကို ဒေသခံတွေ သတင်းပေးချက် အရ ဖမ်းမိခဲ့တာလို့ သတင်းမှာ ဖေါ်ပြပါတယ်။
 
အလုံပိတ်ယာဉ်ပေါ်မှာ အသက် ၄၇ နှစ်အရွယ် ထိုင်းနိုင်ငံသား ယာဉ်မောင်း၊ ခရီးသည်တစ်ဦးနဲ့ နောက်ခန်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၆ ဦး တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။ အခုလို နယ်စပ်ဖြတ်ကျော် ဝင်ရောက်ဖို့ ပိုဆောင်ပေးသူကို တစ်ဦးကို ဘတ်၂၅၀၀၀ ပေးခဲ့ရတယ်လို့ မြန်မာလုပ်သားတွေက ထွက်ဆိုထားပါတယ်။
 
ယာဉ်မောင်း၊ ခရီးသည်တစ်ဦးနဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၂၆ ဦး ကို ထောင်ဖာဖွန် မြိုနယ် ရဲစခန်းသို လွဲပြောင်းပြီး ဥပဒေအရ အရေးယူမယ်လို့ ရေးသားထားပါတယ်။
 
အခုရက်ပိုင်း အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံရတာ ဆက်တိုက်ဖြစ်ပေါ်နေပြီး မေလ၁၃ရက် ကန်ချနဘူရီ ခရိုင်အတွင်း မြန်မာလုပ်သား ၁၅ဦး ကို တင်ဆောင်လာတဲ့ ယာဉ်ကို စစ်ဆေးဂိတ်က တားဆီးစဉ် မောင်းပြေးလို့ လမ်းဘေးထိုးကျပြီး မြန်မာလုပ်သားအားလုံး ဖမ်းဆီးခံခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းမှာ ဖော်ပြထားပါတယ်။
 
Ref-matichon online

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026