NEWS

ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

CoverLogo
411 Views
 
ထိုင်းနိုင်ငံ ဖူးခက်မြို့လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း(အချုပ်ခန်း)တွင် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦး မိမိကိုယ်ကို ကြိုးဆွဲချသတ်သေမှု ဖြစ်ပေါ်ခဲ့တယ်လို့ The Phukhet News သတင်းမှာ ဖေါ်ပြထားပါတယ်။
 
မထိုက်ဒါလီအမည်ရတဲ့ သေဆုံးသူ မြန်မာအမျိုးသမီး ဟာ ယနေ့ ဩဂုတ်လ ၂၂ရက်မနက်ပိုင်းမှာ သတ်သေခဲ့တာ ဖြစ်တယ်လို့ ဖူးခက်မြို့နယ်ရဲတပ်ဖွဲ့က အတည်ပြုထားတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
CCTV မှတ်တမ်းတွေအရ မ_ ဟာ အချုပ်ခန်းရှိသံတိုင်ကို သူမရဲ့ဘောင်းဘီရှည်နဲ့ ချည်နှောင်ပြီး ကြိုးဆွဲချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီအချိန် အခန်းထဲမှာ အခြားအမျိုးသမီးအချုပ်သားနှစ်ဦးလည်း ရှိနေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
 
ဖူးခက်မြို့ရဲတပ်ဖွဲ့ ရဲ့ အစီရင်ခံစာအရ မ_ ဟာ ဩဂုတ်လ၁၅ရက်က ဖူးခက်ခရိုင် အကျဉ်းထောင်ကနေ လွတ်မြောက်လာသူ ဖြစ်ပြီး သူမကို သန်လန်မြို့မ ရဲစခန်းမှ ရဲအရာရှိများက ပတောင်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး သြဂုတ် ၂၁ ရက်နေ့မှာတော့ ထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားဖို့ ဖူးခက် လူဝင်မှုကြီးကြပ်ရေးဌာနသို့ ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာမှာ ကိုယ့်ကို ကိုယ်ကြိုးဆွဲချ ဖို့ ဆောင်ရွက်နေစဉ် တားဆီးဖို့ ကြိုးစားတဲ့ အချုပ်ခန်းဖော် နှစ်ဦးရဲ့ အကြောင်းကိုတော့ ဖေါ်ပြထားခြင်း မရှိဘူးလို့ သတင်းမှာရေးသားထားပါတယ်။
 
အခု ဖြစ်ရပ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကာ လက်ရှိမှာတော့ သေဆုံးမှုကို ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုအဖြစ် သတ်မှတ်ထားတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနဟာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာနိုင်ငံသားတွေကို စစ်ကောင်စီထံ လစဉ် ပြန်လည်လွှဲပြောင်းပေးလျက်ရှိပါတယ်။
 
အခုလို ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေ ကို စစ်ကောင်စီက စစ်မှုထမ်းဖို့ အတွက် အတင်းအဓမ္မ ခေါ်ဆောင်တာမှာ ပြီးခဲ့တဲ့ ဩဂုတ်၁၅ရက်ကလည်း ပြန်ပို့ခံရတဲ့ ၉၉ဦး ထဲ က လူငယ်အမျိုးသားတွေ သာမက အမျိုးသမီး တွေ ကိုပါ စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေနဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။

Related posts

Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026