NEWS

ပွဲစား စွန့်ပစ်သွားတဲ့တရားမဝင် မြန်မာအလုပ်သမား ၈၀ ကျော် အဖမ်းခံရ

CoverLogo
304 Views
 
ထိုင်းနိုင်ငံ သို့ တရားမဝင် ဝင်ရောက်လာ ကာ ရာဘာခြံ အတွင်း ပွဲစား က စွန့်ပစ် ခံရတဲ့ မြန်မာအလုပ်သမား ၈၀ကျော် ကို ဖမ်းဆီးခဲ့ တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
ဖေဖေါ်ဝါရီ ၁၁ရက် နေ့ နေ့လည်တစ်နာရီ ခန့် မှာ Thong pha phum ခရိုင် အတွင်းရှိ ရာဘာခြံ အတွင်း ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆင်တူတဲ့ လူတစ်စု ကို တွေ့ရှိကြောင်း ထိုင်းနိုင်ငံသားတစ်ဦးရဲ့ သတင်းပေးချက်အရ ထိုင်းအာဏာပိုင်တွေ က သွားရောက် စစ်ဆေးတာမှာ ပုန်းအောင်းနေတဲ့ မြန်မာအလုပ်သမားတွေ မှာ ထိတ်လန့်တကြား ဖြင့် တောထဲ သို့ ထွက်ပြေးခဲ့ပြီး နောက် ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
ဖမ်းမိတဲ့ စာရင်း များအရ မြန်မာအလုပ်သမား အမျိုးသား ၃၃ဦးနဲ့ အမျိုးသမီး ၂၇ ဦး အပြင် ကလေးငယ်တစ်ဦးပါ ပါဝင်ကာ စစ်ဆေးမှုအရ စမွတ်ပရာကန်ခရိုင် ကို အလုပ်သွားလုပ်ရန် ရည်ရွယ်ထားကာ ခေါ်ဆောင်လာတဲ့ ပွဲစားဆိုသူ က ပစ်ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဖေဖေါ်ဝါရီ ၁၂ရက် ညနေ လေးနာရီ ခန့်မှာ သတင်းပေးပို့ချက်အရ Thong Phum ခရိုင် ဗာဂျီယာလောင်ကွန်းရေလှောင်တမံ ဘေးရှိ ကမ်းနားတွင် စွန့်ပစ်ထားတဲ့ နေအိမ်တစ်လုံး အတွင်း တရားမဝင် မြန်မာအလုပ်သမား ၂၃ဦး ကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
အမျိုးသား၁၈ဦး၊ အမျိုးသမီး ၄ဦးနဲ့ ကလေးငယ် တစ်ဦး ပါဝင်တဲ့ မြန်မာအလုပ်သမား တွေကို ပွဲစားက ပစ်ထားခဲ့ ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းမှုအရ ၎င်း မြန်မာအလုပ်သမား အဖွဲ့ဟာ မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံ ကို ပြန်ရန် အတွက် ထိုင်းနိုင်ငံ အတွင်း ကိုရောက်ရှိနေတာ ဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
လက်ရှိမှာတော့ အမှုနှစ်ခုစလုံးမှ ဖမ်းမိတဲ့ မြန်မာအလုပ်သမားတွေ ကို အောင်ဖုံရဲစခန်း သို့ပို့ဆောင် ထားကာ တရားဥပဒေ အတိုင်း ဆက်လက်သွားရောက်မယ်လို့ သိရပါတယ်။

Related posts

Cover
ကိုရီးယားရောက် မြန်မာလုပ်သား တစ်ဦး မိမိကိုယ်ကို အဆုံးစီရင် မှုဖြစ်ပွား
Dec 19, 2025
Cover
ထိုင်းနယ်စပ်တောတစ်ခုတွင် ပုန်းနေသည့် အထောက်အထားမဲ့ မြန်မာ ၄၃ဦး ဖမ်းဆီးခံရ
Dec 19, 2025
Cover
မလေးရှား ဂျိုဟိုးပြည်နယ် တွင် အထောက်အထား မရှိသည့် မြန်မာလုပ်သား ၃၀၀ ခန့် အဖမ်းခံရ
Dec 18, 2025
Cover
ထိုင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် တစ်ရက် ထဲ မှာတင် အဖမ်းခံရသည့် မြန်မာလုပ်သား ၇၀ကျော်ရှိ
Dec 18, 2025
Cover
စာရွက်စာတမ်း အတု ဖြင့် လျော်ကြေးငွေ တောင်းခံ ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဟု ဗန်ကောက်ရှိ မြန်မာသံရုံး ထုတ်ပြန်
Dec 16, 2025
Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025