NEWS

ပွဲစားခ ဘတ် ၁၃၀၀၀ ပေးရပြီး ကားအနောက်ခန်းတွင် ကြပ်ညှပ်စွာ ပုန်းအောင်းလိုက်ပါလာရသည့် မြန်မာလုပ်သား ၁၄ ဦးအဖမ်းခံရ

CoverLogo
201 Views
 
ထိုင်းနိုင်ငံ မှာ အလုပ်လုပ်ကိုင် ဖို့ အတွက် ပွဲစားခ ဘတ် ၁၃၀၀၀စီ ပေးရပြီး ကားနောက်ခန်းမှာ ကြပ်ညှပ်စွာ လိုက်ပါလာရတဲ့ မြန်မာလုပ်သား ၁၄ဦးကို ထိုင်းအာဏာပိုင်တွေက တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေ အရ သိရပါတယ်။
 
ဖေဖေါ်ဝါရီ ၂၄ရက် နေ့ခင်း ပိုင်းမှာ ကန်ချနပူရီအဝေးပြေးရဲတပ်ဖွဲ့ဟာအဝေးပြေး လမ်းမကြီး ၃၂၃ ပေါ်တွင် ကန်ချပူရီ မြို့သို့ အရှိန်ပြင်းပြင်း မောင်းနှင်လာတဲ့ ပစ်ကပ်ကားတစ်စီးကို တွေ့ရှိပြီး ၎င်းကားဟာ ဝန်အလေးကြီးတင်ဆောင်ထားပြီး မင်္သကာစရာ ဖြစ်တာကြောင့် တားဆီးစစ်ဆေးရာကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၄ ဦးနဲ့အတူ ထိုင်းလူမျိုးယာဉ်မောင်းတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ယာဉ်မောင်းဖြစ်သူဟာ မြန်မာအလုပ်သမား တွေကို ကားအနောက်ခန်းတွင် ကြပ်ညှပ်စွာ တင်ဆောင်လာကာ အာဏာပိုင်တွေ မမြင်တွေ့ရန် ပုန်းအောင်ခိုင်းထားပြီး အပေါ်ကနေ အမည်းရောင် ပိုက်ကွန် ဖြင့်အလုံပိတ်ကာ ဖုံးအုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။
 
စုံစမ်းစစ်ဆေးမှု အရ မြန်မာလုပ်သား အမျိုးသား၄ဦး၊အမျိုးသမီး၁၀ဦးတို့ဟာ ဘန်ကောက်မြို့မှာ အလုပ်လုပ်ကိုင်ဖို့အတွက် ကန်ချနပူရီခရိုင်အတွင်းရှိ သဘာဝတောလမ်းတွေကနေတစ်ဆင့် တရားမဝင် ဝင်လာကြသူတွေ ဖြစ်တယ်လို့ သိရပါတယ်။
 
အခုလို ဝင်ရောက်နိုင်ဖို့ ပွဲစားဆိုသူကို တစ်ဦးလျှင် ဘတ်၁၃၀၀၀ စီ ပေးခဲ့ရပြီး ယာဉ်မောင်း ဖြစ်သူကတော့ မြန်မာလုပ်သားတွေကို ဘန်ကောက်သို​့ ပို့ဆောင်ပေးရန် ဘတ်၄၀၀၀ ရရှိတယ်လို့ ယာဉ်မောင်းဖြစ်သူက ထွက်ဆိုပါတယ်။
 
လတ်တလောမှာတော့ ရဲတပ်ဖွဲ့က ယာဉ်မောင်းကို တရားမဝင်နိုင်ငံခြားသားများကို ဖုံးကွယ်ကူညီမှု နဲ့ အမှုဖွင့်ထားပြီး မြန်မာအလုပ်သမား ၁၄ ဦးကိုတော့ တရားမဝင်ခိုးဝင်မှု နဲ့ အရေးယူဆောင်ရွက်ဖို့ သက်ဆိုင်ရာရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီ လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
Ref-Kanchanaburi News

Related posts

Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
မြန်မာနိုင်ငံသားများကို အတင်းအဓမ္မ နေရပ်ပြန်ပို့မှု ချက်ချင်းရပ်တန့်ရန် APHR တိုက်တွန်း
May 29, 2026
Cover
မလေးရှားတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၀၀ နီးပါးကို နေရပ်ပြန်ပို့
May 25, 2026
Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026