NEWS

ပွဲစားခဘတ်ငွေ ၇၀၀၀၀ ပေးပြီး မလေးရှားကို သွားရောက်ရန်ကြိုးပမ်းတဲ့ မြန်မာလုပ်သား၂၉ ဦး ထိုင်းမှာ အဖမ်းခံရ

CoverLogo
271 Views
 
ထိုင်း- မြန်မာ နယ်စပ် ကန်ချနဘူရီခရိုင်မှာ မလေးရှား နိုင်ငံကို အလုပ်သွားရောက် လုပ်ကိုင်ဖို့ အတွက် ပွဲစားခ ဘတ် ၇၀၀၀၀ ကျော် ပေးပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ခဲ့တဲ့ မြန်မာရွှေ့ပြောင်း ၂၉ ဦး ကို ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့တယ်လို့ ထိုင်းဒေသတွင်းဒေသတွေမှာဖေါ်ပြထားပါတယ်။
 
ဇွန်လ ၁၂ ရက် ယနေ့ မနက် ၃နာရီ ခန့်မှာ နိုင်ငံခြားသား လုပ်သားတွေ တရားမဝင် ဝင်ရောက်လာကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းရရှိတဲ့ အတွက် ထိုင်းနယ်မြေခံရဲတပ်ဖွဲ့နဲ့နယ်ခြားစောင့်တပ်တွေက ထောင်ဖာဖူဒေသ မှာ ကြိုတင် စောင့်ဆိုင်းစစ်ဆေး နေခဲ့တယ်လို့ သိရပါတယ်။
 
ထိုသို့ စစ်ဆေးနေစဉ်မှာ ကားနောက်ပိုင်း ကို တာလဘက်ဖြင့် ဖုံးအုပ်ထားတဲ့ ပစ်ကပ် ကားတစ်စီးဟာ စစ်ဆေးမှု မခံဘဲ မောင်းပြေး သွားခဲ့ ပြီး အနီးရှိ တောအုပ်ထဲသို့ မောင်းဝင်သွားကာ ကားမောင်းသမားဖြစ်သူက ကား ကိုရပ်ကာ တောထဲ ကို ထွက်ပြေးသွားတယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ကားအနောက် ခန်းမှာ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၁၆ ဦးနဲ့အမျိုးသမီး ၁၃ ဦးစုစုပေါင်း ၂၉ ဦး ကို တွေ့ရှိ ခဲ့ တယ်လို့ဆိုပါတယ်။
 
ဖမ်းမိတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား များ ကို စစ်ဆေးရာ ၎င်းတို့မှာ ရန်ကုန်မြို့ မှ ထွက်ခွာလာပြီး မလေးရှား နိုင်ငံ မှာ အလုပ်လုပ်ကိုင်ဖို့ အတွက် ထိုင်းနိုင်ငံကို ဖြတ်သန်းပြီး မလေးရှားနိုင်ငံသို့ ဝင်ရောက်ဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထွက်ဆိုကြောင်းသတင်းမှာဖေါ်ပြထားပါတယ်။
 
အခုလို ဝင်ရောက် ဖို့ အတွက် ပို့ဆောင်ပေးတဲ့ သူတွေကို ပွဲစားခ အဖြစ် မြန်မာရွှေ့ပြောင်း လုပ်သားတစ်ဦးလျှင် ဘတ် ၇၀၀၀၀ ပေးချေရတယ်လို့ သိရပါတယ်။
 
လက်ရှိမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို သောင်ဖမ်းရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၉ရက်နေ့ ညပိုင်းကလည်း မလေးရှား ကို သွားမယ့် မြန်မာလုပ်သားတွေ တင်ဆောင်လာတဲ့ ယာဉ် ထိုင်းနိုင်ငံတောင်ပိုင်းမှာ တိမ်းမှောက်တဲ့ အတွက် မြန်မာလုပ်သား၇ဦး ထိခိုက်ဒဏ်ရာ ရရှိကာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့လည်း အရေးယူခံ ထားရတယ်လို့ သိရပါတယ်။
Ref-Khaosod Thai

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026