NEWS

ပြည်ပ အလည်အပတ်သွားရောက်သူတွေကို ရန်ကုန်လေဆိပ်မှာတင်းကျပ်

CoverLogo
703 Views

ပြည်ပနိုင်ငံတွေ ကို အလည်အပတ်သွားရောက်ဖို့ အတွက် လုပ်ဆောင်ထားတဲ့ PV နိုင်ငံကူးလက်မှတ်  နဲ့ ပြည်ပ ထွက်သူတွေ ကို ရန်ကုန်လေဆိပ်မှာ စစ်ဆေးတာတွေ ပိုမိုတင်းကျပ်လာပြီး ပြည်ပထွက်ခွင့်မရဘဲ ပြန်လွှတ်ခံရသူတွေလည်း များလာ တယ်လို့ ပြည်ပထွက်ဖို့လုပ်ဆောင်သူတွေနဲ့လေဆိပ်သတင်းရပ်ကွက် မှ  သိရပါတယ်။


ပြည်ပကို PV နိုင်ငံကူးလက်မှတ်နဲ့ သွားရောက်ကာ အလုပ်လုပ်ကိုင်သူတွေ ရှိလာလို့ ဆိုပြီး ပြီးခဲ့တဲ့ လပိုင်းကစကာ ရန်ကုန်လေဆိပ် မှာ စစ်ဆေးတာတွေ တင်းကျပ်ခဲ့ပေမယ့် အခုရက်ပိုင်းမှာတော့ စစ်ဆေးမှုတွေပိုမိုတင်းကျပ်လာတယ်လို့ သိရပါတယ်။


"ပြီးခဲ့တဲ့ ၂၀ ရက် က စလုံးသွားဖို့ လေဆိပ် ရောက်တော့ immigration မရောက်မီ လေဆိပ်ရဲ က PV နဲ့ ဆိုရော ဘာသွားလုပ်မှာလဲ တည်းမယ့်ဟိုတယ်ဘိုကင်တွေ show money တွေ အသေချာကို စစ်တယ် ပြည်ပကိုအခုမှ သွားဖူးတာလား အကုန်မေးတယ် ပြီးတော့ အသေးစိတ်မေးပြီးလို့  ခဏ စောင့်ခိုင်းပြီး မသင်္ကာလို့ သွားလို့မရဘူးပြောတယ် သူတို့သတ်မှတ်ထားတာတွေ အကုန်ပါတာကို ပေးမလွှတ်ဘူး အဲ့နားမှာ ကျွန်တော့်လိုပဲ မထွက်ရတဲ့ လူငယ် လေးငါးယောက်တွေ့တယ် လေယာဉ်လက်မှတ်လည်းဆုံး တယ် အိမ်ပြန်ခဲ့ရတယ် ""လို့ကြုံတွေ့ခဲ့ရသူ လူငယ်တစ်ဦးကပြောပါတယ်။


လက်တလော လေဆိပ်ရပ်ကွက်သတင်းတွေ အရ ဩဂုတ်လ ၂၁ ရက်ကစပြီး  ပြည်ပကို PV နိုင်ငံကူးလက်မှတ်နဲ့ ပထမဆုံးအကြိမ် ထွက်ခွာမယ့် အသက် ၄၀ အောက် အမျိုးသား အမျိုးသမီး တွေ အနေနဲ့ထွက်ခွာမယ့်ရက် ၁ရက်အလိုမှာ လေဆိပ်မှာ ကြိုတင် ဖောင်ဖြည့် အကြောင်းကြားရမှာ ဖြစ်ပြီး  ထွက်ခွာမယ့် သူအတွက် အာမခံသူတစ်ဦးလိုအပ်ကာ အာမခံလက်မှတ်ထိုးရမှာ ဖြစ်ပြီး ထွက်ခွာသူပြန်မလာပါက အာမခံသူက တာဝန်ယူဖြေရှင်းရမယ်လို့ သတင်းများ လည်း ထွက်ပေါ်နေပါတယ်။


"အခုက သတင်းတွေ အမျိုးမျိုး ကြားနေရတယ် အလည်ပတ်စ်ပို့နဲ့ ပြည်ပထွက်သူတွေ မှာ တချို့ကလည်း လေဆိပ် ကပိုင်ရာဆိုင်ရာတွေနဲ့ ငွေပေးပြီး ထွက်ကျတယ် တစ်ချို့ကျတော့လဲ ပြန်အလွှတ်ခံရတယ် ပုံသေကြီးတော့ ပြောမရဘူး အရင်ကထက် သုံးလေးဆ လောက် စစ်ဆေးတာတွေ တင်းကြပ်လာတယ် အလည်နဲ့ ထွက်ပြီး ပြည်ပအလုပ်သွားလုပ်မယ့်သူတွေ အဆင်မပြေတော့ဘူး တကယ်လို့ အလည်နဲ့ ပြည်ပထွက်အလုပ်လုပ်ဖို့ လုပ်နေတယ်ဆိုရင် သေချာလေးစုံစမ်းပြီးမှ လုပ်စေချင်တယ် တကယ်လို့လေဆိပ်ကပေးမလွှတ်ဘူးဆိုရင် ဆုံးရှုံးမှာက သွားမယ့်အလုပ်သမားပဲ ပွဲစားကတော့ အကုန်ပြန်ပေးမှာမဟုတ်ဘူး သတိထားလုပ်စေချင်တယ်""လို့ပြည်ပအလုပ်ကိုင်အေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။


ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်လို သူတွေကို အလုပ်သမားဝန်ကြီးဌာန က ပြည်ပအလုပ်သမားအဖြစ်မှတ်ပုံတင်ပြီး ပြည်ပအလုပ်အကိုင် သက်သေခံကတ် OWIC ရရှိမှသာ သွားရောက်ဖို့ ညွှန်ကြားထားပြီး OWICကတ်မရှိသူတွေကို ပြည်ပကို တရားဝင်အလုပ်သွားရောက်လုပ်ကိုင်ခွင့်မပေးဘူးလို့သိရပါတယ်။


ဒါ့အပြင် စစ်မှုထမ်းဥပဒေ အရ အမျိုးသားတွေကို အသက်၂၃နှစ်ကနေ၃၁နှစ်အထိ ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်ကို ပိတ်ထားတယ်လို့ သိရပါတယ်။


လက်ရှိမှာ PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး ပြည်ပထွက်သူတွေသာမက PV နိုင်ငံကူး လက်မှတ် နဲ့ ပြည်ပ ထွက်သူတွေကိုပါ ပြည်ပထွက်ခွင့် တင်းကြပ်လာတဲ့ အတွက် လူငယ်များ ကို အတင်းအကြပ်စစ်မှုထမ်းစေလိုတဲ့ အတွက် အခုလို လုပ်ဆောင်လာတယ်လို့ ပြည်သူတွေရဲ့ ဝေဖန်မှုတွေ ရှိလာပါတယ်။




Related posts

Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026