NEWS

ပြည်ပ သွားရောက်သူတွေကို ​လေဆိပ်မှာ အသေးစိတ်စစ်ဆေးပြီး ထွက်ခွာခွင့်မပြုဘဲ ပြန်လွှတ်

CoverLogo
1.2K Views

ပြည်ပနိုင်ငံတွေကို  နိုင်ငံကူးလက်မှတ် PV ဖြင့်ထွက်ခွာပါက အထောက်အထားများ သာမက ဖုန်းအတွင်းအချက် အလက်များကိုပါ အသေးစိတ်စစ်ဆေးပြန်လွှတ်နေတာလို့ ကိုယ်တွေ့ကြုံသူတွေရဲ့ ထုတ်ဖော်ပြောဆိုချက်အရ သိရပါတယ်။ 

"စဦးဆုံး သူတို့ မေးတာက ဘယ်သွားမှာလဲ? ဘာသွားလုပ်မှာလဲ? ဘယ်လောက်ကြာမှာလဲ? ဟိုတယ် ငွေချေထားတာပြ? လေယာဉ် လက်မှတ် အသွားအပြန်ပြ? Show Money ပြ ဆိုပြီး အသေးစိတ် စစ်တာ"လို့  ကိုယ်တိုင်ကြုံတွေ့ရသူက ပြောထားပါတယ်။

ပြည်ပသို့ထွက်ခွာသူများအနေနဲ့ Passport စာအုပ်အသစ် တစ်ကြိမ်မှမထွက်ဖူးသူများနဲ့ PV ဖြင့်ထွက်ခွာသူများအတွက် လုံးဝအဆင်မပြေနိုင်သလို အလည်အပတ်ဖြင့်ထွက်ခွာမည့်အချက်အလက်အသေးစိတ်ပြနိုင်သော်လည်း ဖုန်း၊ မက်ဆင်ဂျာ၊ တယ်လီဂရမ်၊ ဗိုက်ဘာ၊ ဖုန်းမက်ဆေ့ စတာတွေအပြင် application တွေ အားလုံးကို စစ်ဆေးပြီး အကြောင်းပြချက်ကင်းမဲ့စွာဖြင့်  ထွက်ခွာမှုတွေ ပိတ်ပင်နေတာလို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်မဲ့ မြန်မာအလုပ်သမားတွေဟာ Passport for Job (PJ) အမျိုးအစားလျှောက်ထားရမည့်အစား Passport for visit (PV) အမျိုးအစား နိုင်ငံကူးလက်မှတ်များလျှောက်ထားပြီး ထွက်ခွာကြတာကြောင့်  ရန်ကုန်လေဆိပ်တွင် အဆင်မပြေမှုများဖြစ်ပေါ်လျှက်ရှိတာကြောင့် PV မှ PJ သို့ပြောင်းလဲလျှောက်ထားမှူလက်ခံမယ်လို့  အောက်တိုဘာ ၂၇ ရက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

" သူတို့ပဲအမျိုးမျိုးလုပ်နေတာ။ ကျမတို့ ၅ ယောက်လာတာ နောက်ဆုံးပဲ။ နောက်လူတွေ PV မရလို့ကားလမ်းကနေ ၂ လဗီဇာလုပ် လာကြရတယ်။ ပိုက်ဆံပိုကုန်လူတွေဒုက္ခရောက်နဲ့။ အစကတည်းက PV တွေမတားရင်ဘာမှမဖြစ်ဘူး။ ခုလိုပေးမှာအတူတူကို အလုပ်သမားတွေကို ခက်ခဲစေတယ်" လို့ ထိုင်းရောက်အလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

ယခင်က PJ ဖြင့်သွားရောက်လုပ်ကိုင်မှုကို အသက်အရွယ်ကန့်သတ်လိုက်တာကြောင့်  အလည်အပတ် ဖြင့်ပြည်ပထွက်ခွာမှုတွေပြုလုပ်လာရာ PJ မှ  အလည်အပတ် ပက်ပို့စ် သို့ပြောင်းလဲလျှောက်ထားမှုကိုပိတ်ပင်လိုက်သလို  အလည်အပတ် ဖြင့် ပြည်ပထွက်ခွာမှုကိုပါ ပိတ်ပင်ထားတာဖြစ်ပါတယ်။ 

ယခုလိုမျိုးအလည်အပတ် ပက်ပို့စ် မှ PJ သို့ပြောင်းလဲလျှောက်ထားနိုင်မှုကို  အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အလုပ်အကိုင်ဆိုင်ရာ အထောက်အထားဖြင့် သက်တမ်းရှိ  အလည်အပတ် ပက်ပို့စ် အမျိုးအစားအား PJ အမျိုးအစား နိုင်ငံကူးလက်မှတ် လျှောက်ထားလာပါက လက်ခံဆောင်ရွက်ပေးမှာ ဖြစ်တယ်ဆိုပေမဲ့ မူလအတိုင်းအသက်အရွယ်ကန့်သတ်ထားတဲ့ဘောင်အတွင်းကသာ ပြုလုပ်နိုင်မှာလို့လည်းသိရပါတယ်။ 

ထိုသို့ နိုင်ငံကူးလက်မှတ်အမျိုးအစား ပြောင်းလဲလျှောက်ထားမှုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် နိုဝင်ဘာ ၄ ရက်က စတင် လက်ခံဆောင်ရွက်ပေးနေပြီလို့လည်း ဆိုထားပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026