NEWS

ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ခွင့်ရမယ်ဟုလိမ်လည်ငွေကြေးကောက်ခံလျှက်ရှိ

CoverLogo
889 Views
 
အလုပ်သမားဝန်ကြီးဌာနသင်တန်းကျောင်း(မန္တလေး)ကိုအ သုံးချပြီး တရားမဝင် လူစုဆောင်းသူ ပွဲစား တွေက ငွေကြေးလိမ်လည်ကောက်ခံနေတယ်လို့ safe migration က ဩဂုတ်လ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
 
စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက မန္တလေးမြို့မှာ ဖွင့်လှစ်ထားတဲ့ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၈ရက်ကတည်းက ပိတ်ထားခဲ့ပေမယ့် ငွေကြေးလိမ်လည်သူတွေကတော့ သင်တန်းအကြောင်းပြပြီး ငွေကြေးကောက်ခံနေတာလို့ အသိပေးထားတာပါ။
 
ငွေကြေး လိမ်လည်တာတွေကို သင်တန်းကျောင်းအနီးမှာ လုပ်ဆောင်နေတာဖြစ်ပြီး calling အတုတွေ ပြကာ သင်တန်းတက်ဖို့ ကျပ် နှစ်သိန်းကနေ သုံးသိန်းအထိ ကောက်ခံနေတာလို့ဆိုပါတယ်။
 
အလုပ်သမားဝန်ကြီးဌာနပေးတဲ့သင်တန်းက တော့ အခမဲ့ပေးတာဖြစ်ပြီး လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်မှာသင်တန်းဖွင့်လှစ်ထားတာဖြစ်ပါတယ်။
 
အေဂျင်စီအစီအစဥ်နဲ့ တက်မယ်ဆိုရင်တော့ သင်တန်းအချိန်က ၂ နာရီပဲကြာမြင့်မှာဖြစ်သလို နိုင်ငံအလိုက် သတ်မှတ်သင်ကြားပေးတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အေဂျင်စီအစီအစဥ်နှင့်သင်တန်းဆင်းလက်မှတ်ရထားတဲ့သူတွေဟာလည်း ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိသာ အကျုံးဝင်မှာဖြစ်ပြီး အောက်တိုဘာလကစပြီးတော့ စနစ်သစ်နဲ့ နီးစပ်ရာအလုပ်သမားရုံးမှာ စာချုပ်ချုပ်ပြီးမှ သင်တန်းအသစ်ပြန်လည်တက်‌ပြီး OWIC ကတ် ပြုလုပ်ခွင့်ရမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
Photo-မြောက်ဒဂုံမြို့နယ်ရှိ သင်တန်းကျောင်းအားတွေ့ရစဥ်။

Related posts

Cover
မြန်မာလုပ်သား ၁၇ဦး စမတ်ကြေးနှင့် ဘတ်စာရွက်စာတမ်းများအလိမ်ခံရ
Mar 24, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သားများကို တင်ဆောင်လာသည့် ကားစစ်ဆေးရေးဂိတ်ကို ရှောင်မောင်းပြေးရာမှ တိမ်းမှောက်
Mar 24, 2026
Cover
မလေးရှားသွားမည့် လုပ်သား များ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး အသိပေးချက်များ လိုက်နာရန် အလုပ်သမားဝန်ကြီးဌာန အသိပေး
Mar 24, 2026
Cover
မလေးရှားနှင့်ဂျပန် ကိုပို့ဆောင်ပေးမည်ဆိုကာ ငွေကြေးလိမ်လည်သည့် အေဂျင်စီကို အမှုဖွင့်အရေးယူ ထားဟု အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်
Mar 23, 2026
Cover
အလုပ်ထွက်စာ အတွက် ဘတ် ၁၀၀၀ တောင်းခံရသဖြင့် မြန်မာလုပ်သား၂၅ဦး အလုပ်သစ်ပြောင်းရန်အခက်ခဲဖြစ်
Mar 22, 2026
Cover
OWICကတ် ကိုင်ဆောင်ထားသည့် လုပ်သားများ ခွင့်ပြုချက်ရမှသာ ပြည်ပထွက်ရမည်ဟု စစ်ကော်မရှင် ထပ်မံ အသိပေး
Mar 22, 2026
Cover
အီလက်ထရောနစ် စက်ရုံမှ မြန်မာလုပ်သား ၄၀၀ကျော် အလုပ်ထုတ်ခံရ
Mar 22, 2026
Cover
အများဆုံးထောင်ဒဏ် ၅နှစ်ကနေ ငွေဒဏ်၁၅သိန်းအထိ ချမှတ်နိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေထုတ်ပြန်
Mar 22, 2026