NEWS

ပြည်ပအထွက်ခွာအလုပ်လုပ်သူတွေကို စစ်ကောင်စီ စည်းကြပ်မှုပြင်းထန်နေပေမဲ့ ထွက်ခွာမှုပိုများလာနိုင်

CoverLogo
657 Views

မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကနေ  ပြည်ပထွက်ခွာလုပ်ကိုင်ကြမဲ့ အလုပ်သမားတွေအပေါ်  စစ်ကောင်စီအနေနဲ့  စည်းကမ်းကြပ်မှု ကန့်သတ်မှုတွေ ပြင်းထန်နေသော်လည်း ပြည်ပနိုင်ငံများသို့ထွက်ခွာမှုလျှော့ကျသွားမှာမဟုတ်ဘူးလို့ အေဂျင်စီလုပ်ငန်းရှင်အချို့က သုံးသပ်ပါတယ်။

"ပေါ်လစီတွေဘယ်လိုပြောင်းပြောင်း  စည်းကမ်းတွေဘယ်လိုကြပ်ကြပ် သွားတဲ့သူကသွားကိုသွားနေကြတာပါပဲ၊  လျော့သွားမှာမဟုတ်ဘူး။  ပြည်တွင်းမှာကဘာအလုပ်အကိုင်မှမှမရှိကြတာ။  ရှိပြန်တော့လည်း မြန်မာနိုင်ငံရဲ့ကုန်ဈေးနှုန်းနဲ့  ရှိတဲ့အလုပ်နဲ့ကမိသားစုမဖူလုံဘူးလေ။ အဲ့တော့သွားကြမှာပဲ ရတဲ့နည်းနဲ့ကိုသွားနေကြမှာပဲ"လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုပေးနေတဲ့လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။  

လတ်လောမှာ ပြည်ပသို့သွားရောက်လုပ်ကိုင်မဲ့သူများကို  စစ်ကောင်စီကအသက်အရွယ်ကန့်သတ်တာတွေ စည်းကမ်းတင်းကြပ်တာတွေနဲ့ ငွေရေးကြေးရေးပါ၀င်စွက်ဖက်တာတွေအထိ  ပြုလုပ်လာတာကြောင့် ပြည်ပသို့ထွက်ခွာလိုသူအလုပ်သမားများရဲ့ရွေးချယ်မှုအရ  တရား၀င် MoUနဲ့ထွက်ခွာမှုကိုရွေးချယ်မှုမရှိရင်တောင် တရားမ၀င်နည်းလမ်းဖြင့်ရွေးချယ်ထွက်ခွာမှုတွေ ပိုမိုများပြားလာနိုင်တယ်လို့လည်း လုပ်ငန်းရှင်တွေက သုံးသပ်ပြောဆိုထားပါတယ်။ 
 
ပြည်ပကိုထွက်ခွာမှုကတော့လျော့မှာမဟုတ်ဘူး။  အောက်လမ်းကနေ၀င်တာတွေတေ့ာများလာနိုင်တယ်။  ဘာလို့လည်းဆို စစ်ကောင်စီကအသက်ရွယ်ကန့်သတ်လိုက်တော့ ကန့်သတ်ခံလိုက်ရတဲ့အလုပ်သမားက PJနဲ့မဟုတ်ဘဲ PV နဲ့ထွက်တယ်။ အဲ့တော့ PJကေန PV ချိန်းတာတောင်ပိတ်လိုက်တယ်။ ထွက်မရ ရတဲ့နည်းနဲ့ထွက်ကြမှာပဲ။ ထွက်ရရင်လည်း ၂၅ရာခိုင်နှုန်းလွှဲပါမယ်ကစာချုပ်ရအုံးမယ်ဆိုတော့ တရားမ၀င်နည်းကိုပိုရွေးလာနိုင်တယ်လို့ ပြည်ပရောက်မြန်မာအလုပ်သမားရေးကူညီဆောင်ရွက်သူ တစ်ဦးကဆိုပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီနဲ့မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAF)    တို့တွေ့ဆုံခဲ့ရာ နိုင်ငံကူးလက်မှတ် အလည်အပတ်(PV) ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်မှုများကို မဖြစ်မနေ တားဆီးမှာဖြစ်သလို  ပြည်ပနိုင်ငံများသို့အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတွေအနေနဲ့လည်း  အလုပ်သမားတွေရဲ့ လစဉ်၂၅ရာခိုင်နှုန်းမိသားစုထံပြန်လွှဲမှုရှိမရှိကိုလည်း ကြပ်မတ်စစ်ဆေးမယ်လို့ဆိုထားပါတယ်။  

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ဖို့  ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်မှုကိုလည်း  အသက် ၂၃ နှစ်မှ ၃၂ နှစ်အတွင်း အမျိုးသားများအားလုံးကို အလုပ်အကိုင် နိုင်ငံကူးလက်မှတ် PJ ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်ခွင့်မပြုဘဲကန့်သတ်ပိတ်ပင်ထားတာဖြစ်သလို  အလုပ်သမားများကို ပြည်ပမထွက်ခွာမီ လစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံသို့ စစ်ကောင်စီ၏ ဘဏ်များမှတစ်ဆင့်ပေးဖို့နဲ့ နှစ်ရာခိုင်နှုန်းအခွန်ပေးဆောင်ရမဲ့အကြောင်းကို   စာချုပ်ထဲမှာမဖြစ်မနေထည့်သွင်းကာ စာချုပ်မှာလက်မှတ်ရေးထိုးဖို့  အေဂျင်စီများကို စစ်ကောင်စီကဖိအားပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။  

အဲ့ဒီလိုစည်းကမ်းတင်းကြပ်မှုတွေနဲ့ ကန့်သတ်မှုတွတွေ ပြုလုပ်နေလည်းပဲ  စစ်ကောင်စီရဲ့ စစ်မှုထမ်းရန်အမိန့်နဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများ၊  အလုပ်အကိုင်ရှားပါးမှုနဲ့ပြည်တွင်းမှာလုပ်ခလစာတိုးမြင့်မှုမရှိတာတွေကြောင့်  ပြည်ပနိုင်ငံများသို့ ထွက်ခွာလုပ်ကိုင်မှုပိုမိုများပြားလာရာ  ထိုင်း၊ မလေးရှား ၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားနဲ့ လာအို စတဲ့နိုင်ငံတွေဆီထွက်ခွာမှုတွေပိုမိုမြင့်တက်လာတယ်လို့ သိရပါတယ်။


Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026