NEWS

ပြည်ပသွားရောက်လုပ်ကိုင်လိုသူများငွေကြေးလိမ်လည်ခံရမှုမြင့်တက်

CoverLogo
409 Views

ပြည်ပကိုသွားရောက်လုပ်ကိုင်လိုသူတွေအနေနဲ့ငွေကြေးလိမ်လည်ခံရတာတွေကို နေ့စဉ်တိုင်ကြားတာတွေ ရှိနေတယ်လို့ ပြည်ပအလုပ်သမား အရင်းအမြစ်စင်တာ (ပဲခူး) အတိုင်ပင်ခံ ဒေါ်သက်သက်အောင်က ပြောပါတယ်။

ပြည်ပကို သွားရောက်လုပ်ကိုင်လိုသူတွေ ဝန်ဆောင်ခ ပိုမိုပေးချေရတာနဲ့ ငွေကြေးလိမ်လည်ခံရတာတွေဟာ စစ်အာဏာမသိမ်းခင်ကတည်းက ရှိနေတာဖြစ်ပြီး လက်ရှိမှာတော့ လိမ်လည်ခံရတာတွေ ပိုမိုများပြားလာတာပါ။ 

“ပြည်ပမှာ အလုပ်သွားလုပ်ချင်တဲ့သူတွေ အလိမ်ခံရတဲ့ပြဿာနာက အရမ်းကို များနေတယ်။ ဘယ်လောက်ထိ အောင် များနေလဲဆိုရင် တစ်နေ့တစ်နေ့ ကျွန်မဆီကို အမှုပေါင်းမြောက်များစွာ ရောက်လာတာ တွေ့ရတယ်။ ပြောရရင် ပြည်နယ်နဲ့တိုင်းအသီးသီးကပဲ။ မကွေးပါတယ်။ စစ်ကိုင်းဘက်ကပါတယ်။ ပဲခူးတိုင်းထဲမှာလည်း ဖြစ်နေတယ်။ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ အလိမ်ခံနေရတယ်”လို့ ဒေါ်သက်သက်အောင်က ပြောပါတယ်။

လိမ်လည်တာတွေ လုပ်ဆောင်ရာမှာ Demand letter(အလုပ်ခေါ်စာ) အတုတွေနဲ့ လုပ်သားစု‌ဆောင်းတာ၊ သင်တန်းတက်ဖို့အကြောင်းပြပြီး ငွေကြေးကြိုတင်တောင်းခံတာ၊ ဆေးစစ်တာတွေ ကြိုလုပ်ခိုင်းတာ၊ အလုပ်သမားတွေရဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းထားတာနဲ့ ဝန်ဆောင်ခကြိုတင် ကောက်ခံတာတွေ လုပ်နေတာပါ။

“ လိုင်စင်မရှိဘဲနဲ့ အလုပ်သမားတွေဆီက လိမ်ထားတဲ့ငွေတွေနဲ့ အာမခံငွေပြပြီး လိုင်စင်လျှောက်ကြတာ တွေလည်း ရှိတယ်။ နောက်တစ်ခုက နာမည်ရတဲ့အေဂျင်စီကြီးတွေရဲ့နာမည်ကိုသုံးပြီး လိမ်တာတွေလည်း ရှိလာတယ်”လို့ လိုင်စင်ရ အေဂျင်စီတစ်ခုက တာဝန်ရှိသူက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးလာတာ၊ ကျပ်ငွေတန်ဖိုး ကျဆင်းလာတာနဲ့ စားဝတ်နေရေး အခက်အခဲတွေကြောင့် ပြည်ပနိုင်ငံတွေမှာ သွားရောက် လုပ်ကိုင်လိုသူ များပြားလာပါတယ်။

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအ‌‌ရေအတွက်ဟာ ၂၀၁၉ ခုနှစ်လောက်က နှစ်ရာကျော်သာ ရှိခဲ့ရာမှာ အခုချိန်မှာ‌တော့ လေးရာကျော်အထိ တိုးလာတာပါ။ လိုင်စင်ရယူသူတွေထဲမှာ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ် သူတွေ၊ နာမည်ကျော်ကြား ထင်ရှားသူတွေနဲ့ ပွဲစားတွေပါ ပါဝင်လာတယ်လို့ အေဂျင်စီ အသိုင်းအဝိုင်းက သိရပါတယ်။

#MyanmarLabourNews

 


Related posts

Cover
ထိုင်း-ကော့တောင်ကျွန်းအနီး ကုန်တင်သင်္ဘောမီးလောင်မှုမှာ မြန်မာလူငယ်တဦးပျောက်ဆုံးနေ
Apr 07, 2024
Cover
ကရိန်းပြိုကျမှုကြောင့်သေဆုံးခဲ့တဲ့ မြန်မာအလုပ် သမားတွေအတွက် ပေးရန်ကျန်ရှိတဲ့ ဘတ် ၁၁ သိန်းကိုနှစ်ပတ်အတွင်းပေးမယ်လို့လက်မှတ်ရေးထိုးထား
Apr 07, 2024
Cover
ထိုင်း ကော့တောင် ကျွန်းအနီး မြန်မာများပါဝင်တဲ့ကုန်တင်သင်္ဘောမီးလောင်
Apr 07, 2024
Cover
ရွှေ့ပြောင်းလုပ်သားအရေး လက်တွေ့လုပ်ဆောင်မှု အားနည်း
Apr 07, 2024
Cover
တရုတ်နိုင်ငံတွင် ဆန္ဒပြတောင်းဆိုမှု၊ ဦးဆောင်သူ မြန်မာအလုပ်သမားများအား အလုပ်ထုတ်
Mar 29, 2024
Cover
တရုတ်နိုင်ငံ SHANGCHENG Garment မှ မြန်မာလုပ်သား ၂၀၀ ခန့် နေရပ်ပြန်
Mar 22, 2024
Cover
EPS စာမေးပွဲမှတ်ပုံတင်ကြေးအတွက် ည ၆ နာရီ ကတည်းက တန်းစီရ
Mar 22, 2024
Cover
တရုတ်နိုင်ငံတွင် တောင်းဆိုမှုပြုလုပ်ခဲ့သည့် မြန်မာအထည်ချုပ် အလုပ်သမားများ ညှိနှိုင်းမှု မပြေလည်၊ လုပ်သားတချို့ နေရပ်ပြန်မည်
Mar 21, 2024