NEWS

ပြည်ပလုပ်သားစေလွှတ်ခွင့်လိုင်စင်ရယူထားသူ ၆၀၀ ကျော်ရှိလာ

CoverLogo
392 Views
 
ပြည်ပကို သွားရောက်လုပ်ကိုင်နှုန်းဟာ မြင့်တက်လာတာနဲ့အတူ ပြည်ပ လုပ်သား စေလွှတ်ခွင့်လိုင်စင်ရယူထားသူ အရေအတွက်ဟာလည်း (၂၀၂၄)နှစ် ဒီဇင်ဘာလ ဒုတိယပတ်အထိ စာရင်းအရ (၆၀၀) ကျော် ရှိလာတာ ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်ပလုပ်သားစေလွှတ်ခွင့်လိုင်စင်တွေကို အလွယ်တကူ ထုတ်ပေးနေတာဖြစ်ပြီး နောက်ဆက်တွဲ ကြပ်မတ်တာတွေကို လုပ်ဆောင်မှု အားနည်းနေပါတယ်။
ဒီအခြေအနေမှာ လုပ်သားစုဆောင်းတဲ့ ပွဲစားတွေကလည်း ပြည်ပသွားရောက်လိုသူတွေဆီက ငွေကြေးကြိုတင်ကောက်ခံထားကာ လိုင်စင်ရယူတာတွေ များလာတာပဲ ဖြစ်ပါတယ်။
“အမှန်ပြောရရင်တော့ မူဝါဒတွေ၊ အသက်ကန့်သတ်ချက်တွေနဲ့ဆိုတော့ လူရှာရတာတော့ ခက်တယ်။ နောက် တစ်ဖက်နိုင်ငံတွေက အလုပ်ခေါ်နှုန်းတွေကလည်း ကျလာတယ်။ လုပ်တဲ့သူတွေကလည်း များလာတော့ ခေတ် ကောင်းတော့ မဟုတ်ဘူး”လို့ လိုင်စင်ရအေဂျင်စီ လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီက ပြည်ပမှာ သွားရောက်လုပ်ကိုင်နိုင်မယ့် အမျိုးသားအလုပ်သမား အသက်အရွယ်ကို ( ၂၃)ကနေ (၃၁)နှစ်ထိ သွားရောက်လုပ်ကိုင်ခွင့် ပိတ်ထားတာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ ကျပ်ငွေတန်ဖိုး ကျဆင်း ပြီး ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ အုပ်ချုပ်ရေးပိုင်းက ဖိနှိပ် တာတွေနဲ့ အဓမ္မစစ်မှုထမ်း ခိုင်းတာတွေ ကြောင့် ပြည်ပကို သွားရောက်လိုသူ များလာတာဖြစ်ပြီး တရားမဝင် သွားရောက်နှုန်းတွေလည်း တက်လာတာ ဖြစ်ပါတယ်။
“အခုက လိုင်စင်ရှိတဲ့ အေဂျင်စီတွေကလည်း သတ်မှတ်ထားတဲ့ ဝန်ဆောင်ခထက် ပိုတောင်းပါတယ်။ နောက် MOU နဲ့ လွှတ်ပြီး ဟိုရောက်မှ အလုပ်နေရာ လွဲနေတာတို့၊ အလုပ်မရှိတာတို့ ရှိနေရင်လည်း အရေးယူပေးဖို့ တိုင်တန်းဖို့ ခက်နေပါတယ်”လို့ ပြည်ပလုပ်သားအရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီဟာ လိုင်စင်ရအေဂျင်စီတွေက ချိုးဖောက်မှုတွေ လုပ်ဆောင်နေတာကိုတော့ ထိရောက်စွာ ထိန်းသိမ်း မှုမလုပ်ဘဲ နိုင်ငံခြားငွေ ရရှိရေးအတွက် ပြည်ပမှာ သွားရောက်လုပ်ကိုင်သူတွေထံ အခွန် ကောက်ခံသလို အခြေခံလုပ်ခလစာရဲ့ (၂၅) ရာခိုင်နှုန်းကို တရားဝင်ဘဏ်လမ်းကြောင်းက ပြန်လည်လွှဲပြောင်းပေးရေးကိုသာ လိုင်စင်ရအေဂျင်စီတွေကို ဖိအားပေးနေတာဖြစ်ပါတယ်။

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026