NEWS

ပြည်ပ​ရောက် မြန်မာအလုပ်သမား​တွေ အလုပ်သမားအခွင့်ရေးချိုး ဖောက်ခံရပါက NUG အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားနိုင်

CoverLogo
902 Views

ပြည်ပနိုင်ငံတွေ မှာ ရောက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ အလုပ်သမားအခွင့်ရေးချိုးဖောက်ခံရပါက အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ကို ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အလုပ်သမား ဝန်ကြီးဌာန က ဖွင့်လှစ်ထားတဲ့ တိုင်ကြားရေးယန္တရား-အလုပ်သမားဝန်ကြီးဌာန စာမျက်နှာ ကနေ တစ်ဆင့် လည်း ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ လည်း ထိုင်းနိုင်ငံ အတွင်း ရောက်ရှိ နေတဲ့ မြန်မာအလုပ်သမား တွေက အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ ပတ်သက်ပြီး NUGရဲ့ အလုပ်သမား ဝန်ကြီးဌာန ကို ဆက်သွယ် တိုင်ကြားလာတာ တွေ ရှိနေပြီး ကူညီဖြေရှင်းပေး လျက်ရှိတယ်လို့ သိရပါတယ်။ 

လက်တလော ဖြေရှင်း ကူညီနေမှုများ တွင် ထိုင်းရောက်မြန်မာအလုပ်သမားတွေရဲ့ ပတ်စပို့စာအုပ်တွေ ကို ထိုင်းပွဲစားက ယူကာ ဘဏ်စာအုပ်တွေ ပြုလုပ် ပြီး ဘဏ်စာအုပ်တွေ ကို သိမ်းယူတဲ့ အတွက် ဘဏ်စာရင်း ပိတ်ပေးဖို့အလုပ်သမားတွေက အကူညီတောင်းလာရာ မှာ ဘဏ်ရုံးမှာ အမှုတည်ဆောက်ပြီး ဘဏ်စာရင်းအကောင့်တွေ ပိတ်ပေးခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာန ရဲ့ သတင်း ထုတ်ပြန်ချက်အရသိရပါတယ်။ 

ဒါ့အပြင် အလုပ်သမားတွေ လုပ်အားခ မရတာ၊ MOU နဲ့ တရားဝင် လာရောက်ပေမယ့် လုပ်ငန်းခွင် မဝင်ရသေးတဲ့ အတွက် အလုပ်သမားတွေရဲ့ အကူညီ​တောင်းခံ တိုင်ကြားလာမှု ဖြေရှင်း ဆောင်ရွက်ပေး ခဲ့တယ်လို့ သိရပါတယ်။ 

 


Related posts

Cover
ဖူးခက် လ၀က အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး
Aug 22, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
ပြည်ပရောက်အလုပ်သမားရဲ့ မိသားစုထံလွှဲပို့ငွေအတွက် အေဂျင်စီတွေကို နေပြည်တော်ခေါ်ယူစိစစ်မည်
Aug 21, 2025
Cover
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသည့် မြန်မာနိုင်ငံသား ၅၀ ကျော် အဖမ်းခံရ
Aug 21, 2025
Cover
အလုပ်ပြောင်း၊ သူဌေးပြောင်း မည့် လုပ်သားများ အလုပ်ပြောင်းစာ ဘိုင်ကျန့်အော် ထုတ်စရာမလိုတော့ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်
Aug 21, 2025
Cover
အထောက်ထားမပြည့်စုံတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းအစိုးရက ဘတ်အသစ်ရိုက်ပေးပြီး အလုပ်လုပ်ခွင့်ပြု
Aug 20, 2025
Cover
ရွှေ့ပြောင်းလုပ်သားတွေ ရွေးကောက်ပွဲမှာမဲပေးနိုင်ဖို့ စစ်ကော်မရှင်ကြိုးပမ်းနေ
Aug 20, 2025
Cover
ငလျင်ကြောင့် အဆောက်ဦးပြိုကျမှုမှ သေဆုံးတဲ့ မြန်မာလုပ်သား ၈ ဦးအတွက် နစ်နာကြေး ဘတ် ၈ သန်းပေး
Aug 20, 2025