NEWS

ပြည်ပရောက်အလုပ်သမားရဲ့ကိုယ်ရေးအချက်အလက်နဲ့ ၂၅ ရာခိုင်နှုန်းလွဲငွေစာရင်းမပြန်နိုင်တဲ့ အေဂျင်စီတွေကို လုပ်ငန်းရပ်ဆိုင်းမယ်ဟုဆို

CoverLogo
466 Views

ပြည်ပကို စေလွှတ်ထားတဲ့ အလုပ်သမားတွေရဲ့အချက်အလက်တွေနဲ့ မိသားစုထံ၂၅ရာခိုင်နှုန်းလွှဲငွေစာရင်း မပြနိုင်တဲ့ အေဂျင်စီတွေ ကို လုပ်ငန်းဆိုင်းငံ့မယ့်အပြင်ဒဏ်ကြေးပါ ကောက်မယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကကြေညာတယ်လို့ သိရပါတယ်။

"သတိပေးစာတွေကတော့ ခဏခဏထုတ်နေတာ။ ပြည်ပကိုစေလွှတ်ထားတဲ့အလုပ်သမားတွေရဲ့ အချက်အလက်တွေကိုပေးပို့ဖို့တောင်းတာ။ မပေးနိုင်ရင်ဒဏ်ကြေးဆောင်ရမယ်ပြောတယ်။ အဓိကက ၂၅ရာခိုင်နှုန်းလွှဲတဲ့စာရင်းပေးပို့ဖို့အတွက် ဒီအချက်အလက်တွေကိုတောင်းတာ။ အခြားအကြောင်းအရာတွေဆိုရင် ဒဏ်ကြေး ၂၅ရာခိုင်နှုန်းငွေလွှဲတွေက လုပ်ငန်းတွေခဏရပ်ထားရမယ်။ စေလွှတ်တွေကိုရပ်ထားရမယ်။ မပေးရသေးတာတွေအများကြီးကျန်သေးတယ်။ ရပ်ထပ်တိုးပေးဖို့ဆိုတော့ တိုးပေးမယ်လို့တော့ပြောထားတယ် သေချာတော့မသိရသေးဘူး"လို့ အေဂျင်စီတစ်ခုကဆိုပါတယ်။

ပြည်ပကိုအလုပ်သမားစေလွှတ်ထားတဲ့အေဂျင်စီတွေအနေနဲ့ ၂၀၂၃ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလအထိ စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ကိုယ်ရေး အချက်အလက်တွေကို ဇူလိုင်၂၆ ရက်မတိုင်မီအချိန်မီပေးပို့ဖို့ ထုတ်ပြန်ထားပေမဲ့ လက်ရှိအချိန်အထိစာရင်းပေးပို့ဖို့ ပျက်ကွက်နေတဲ့အေဂျင်စီတွေရှိနေတာကြောင့် အလုပ်သမားတွေရဲ့စာရင်းပေး ဖို့နဲ့ပျက်ကွက်ရင် ဒဏ်ကြေးအရေးယူမှု စတင်မှာဖြစ်သလို မိသားစုထံလွဲငွေအထောက်အထားစာရင်းမပြန်နိုင်တဲ့ အေဂျင်စီတွေကို လုပ်ငန်းလုပ်ဆိုင်းတာတွေအထိအရေးယူမယ်လို့ ဆိုထားတယ်လို့ သိရပါတယ်။

လက်ရှိ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရယူထားတဲ့ အေဂျင်စီ ၅၀၀ ကျော်အထိရှိပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ယခုနောက်ဆုံးထုတ်ပြန်ထားတဲ့စာရင်းအရ အလုပ်သမားရဲ့ကိုယ်ရေးအချက်အလက်ပေးပို့ဖို့ ပျက်ကွက်တဲ့ အေဂျင်စီ ၂၀၀ကျော်အထိရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်ပရောက်အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေတောင်းယူနေခြင်းဟာ အလုပ်သမားတွေရဲ့မိသားစုထံလွဲငွေ လစာရဲ့ ၂၅ ရာခိုင်နှုန်း လွှဲပို့ဖို့ ဖိအားပေးဖို့ ကိုယ်ရေးအချက်အလက် တောင်းယူကာ စောင့်ကြည့်စာရင်း ပြုစုနေတာဖြစ်သလို ပြည်ပနိုင်ငံများသို့ထွက်ခွာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေလစာရဲ့ ၂ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ်ကောက်ယူဖို့ အတင်းအကြပ်တိုက်တွန်းလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။


Related posts

Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026