NEWS

ပြည်ပထွက်ရန် စာချုပ် ချုပ်ထားပြီးသည့် အသက် ၁၈မှ ၃၅ နှစ် အတွင်း အမျိုးသားများကို ပါ ပြည်ပထွက်ခွင့် မပေးဟုဆို

CoverLogo
692 Views
 
ပြည်ပကို အလုပ်သွားလုပ်ရန် အတွက် အလုပ်သမားဝန်ကြီးဌာန မှ အရာရှိများရှေ့ တွင် အလုပ်ရှင် ၊အလုပ်သမား သဘောတူညီမှုစာချုပ် ချုပ်ထားတဲ့ အသက် ၁၈နှစ်မှ ၃၅နှစ် အတွင်းရှိ အမျိုးသား များ ကိုပါ ပြည်ပထွက်ခွင့် မပေးဘူးလို့ လိုင်စင်ရအေဂျင်စီတွေ ထံ မှ သိရပါတယ်။
 
ယခင်က အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် အသက်ကန့်သက်ချက်ကို အသက်၂၃နှစ်မှ ၃၁နှစ်အထိ ကန့်သက်ထားရာ ကနေ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၃၀ ရက် တွင် အသက် ၁၈နှစ်မှ ၃၅ နှစ် အထိ အမျိုးသား များ ကို ပြည်ပထွက် အလုပ်လုပ်ခွင့် ထပ်တိုး ပိတ်ပင်ခဲ့ပါတယ်။
 
အသက်ကန့်သက်ချက် ထပ်မတိုးခင် ဇန်နဝါရီ ၃၀ ရက် အထိ စာချုပ် ချုပ်ဆိုထားတဲ့ အမျိုးသားတွေကိုတော့ စေလွှတ်ခွင့်ပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာန က နှုတ်ကတိ ပြုခဲ့သော်လည်း ယခုအချိန်မှာတော့ စာချုပ် ချုပ်ဆိုထားတဲ့ အသက်၁၈နှစ် ၃၅နှစ် အတွင်း မှ အမျိုးသား တွေကို ပြည်ပ ကို ထွက်ခွာခွင့်မပြုဘူးလို့ သိရပါတယ်။
 
""သင်တန်းတွေ OWIC ရုံးတွေ ပိတ်ထားတာရယ် ငလျင်ဒဏ်သင့်တာရယ် နဲ့ လုပ်သားစေလွှတ်တာက ရပ်ထားရတာကြာပြီ အခု သင်္ကြန်မကျခင် ဧပြီ လ ဆန်း ပိုင်းမှာ OWIC ကတ် ရိုက် ပြီး လို့ စေလွှတ်ခွင့်ပြု ဖို့ တောင်းထား တာကို အလုပ်သမားဝန်ကြီးဌာန က ပြန်ချပေးတာမှာ အသက်၁၈ကနေ ၃၅ နှစ် အထိ ယောက်ျားလေး တွေ မပါဘူး ဘာလို့ ခွင့်မပြုတာလဲ ပြန်မေးတော့အသက် ကန့်သက်ချက်နဲ့ ညိနေလို့ ဌာနဘက် ပြန်ပြောတယ် တဲ့ ပထမ ပြောတော့ ၁လ ပိုင်း ၃၀ရက် ရှေ့ပိုင်းက စာချုပ် ချုပ် ပြီးသားတွေ ခွင့်ပြုတယ် ဒီနောက်ပိုင်းတွေ ပါတယ် ပြောပြီး အခု တကယ်စေလွှတ်စာရင်းတင်မှ ဖြုတ်ချပလိုက်တယ် အဲ့တော့ အေဂျင်စီတွေလည်း နစ်နာ သွားမယ့် လုပ်သားတွေလည်းနစ်နာကုန်တာပေါ့""လို့ လိုင်စင်ရအေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
အခုလို ပြည်ပ ထွက်ရန် EC စာချုပ် ချုပ်ထား ပြီး တဲ့ အသက်၁၈နှစ်မှ ၃၅ နှစ် အတွင်း အမျိုးသား တွေကို ပြည်ပထွက်ခွင့် ထပ်မံပိတ်ပင်လိုက်တာ ကို လည်း အလုပ်သမားဝန်ကြီးဌာန က တရားဝင် ကြေညာခြင်းမျိုး မရှိတဲ့ အတွက် ပြည်ပထွက်ရန် လုပ်ဆောင်ထားတဲ့ လုပ်သား အချို့ မှာ စိုးရိမ်စိတ်များဖြင့် ထွက်ခွာခွင့် ရရှိရန် မျှော်လင့်နေကြရတယ်လို့ ဆိုပါတယ်။
 
""စာချုပ် ချုပ်ထားတဲ့ အသက်၁၈ကနေ ၃၅ နှစ် အထိ အမျိုးသားတွေ ကို ပါ ထွက်ခွင့် မပေးဘူးလို့ ကြားတယ် ဒါပေမယ့် ကျွန်တော်တို့ စာချုပ် ချုပ်ထားတဲ့ အေဂျင်စီ ဘက်က လည်း ဘာမ မပြောသေးဘူး သင်္ကြန်ပိတ်ရက် တွေ နဲ့ ဆိုတော့ မေးဖို့ကလည်း ခက်တယ် တကယ် ပိတ်တယ်ဆိုလည်း ဝန်ကြီးဌာနဘက်က သေချာကြေညာပေါ့ ဒါမှ အေဂျင်စီ ဘက်ကို ပိုက်ဆံပြန်တောင်းတာမျိုး တစ်ခုခုစီစဉ်ရမှာပေါ့ အခုတော့ အလုပ်သမားတွေ မှာ သွားဖို့ အတွက် ပိုက်ဆံတွေကုန်ထားပြီး စိုးရိမ်စိတ်တွေ နဲ့ နေနေရသလိုဖြစ်နေတယ်""လို့ ပြည်ပထွက်ရန် ECစာချုပ် ချုပ်ထားတဲ့ အသက်၂၂နှစ် အရွယ် အမျိုးသားတစ်ဦးကပြောပါတယ်။
 
မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MOEAA) အနေနဲ့ စာချုပ် ချုပ်ထားပြီးတဲ့ အလုပ်သမား များ အားလုံး ပြည်ပထွက်ခွင့်ရရန်နဲ့ လုပ်သားစေလွှတ်ရေး လုပ်ငန်းစဉ်အချို့ ကို ဖြေလျှော့ပေးဖို့ လိုင်စင်ရအေဂျင်စီ တွေ နဲ့ အလုပ်သမား ကိုယ်စား အလုပ်သမားဝန်ကြီးဌာနကို တင်ပြတောင်းဆိုပေးထားတယ်လို့ သိရကာ
ဖြေလျော့ပေးမှု ရှိမရှိ ကိုတော့ မသိရှိရသေးဘူးလို့ သိရပါတယ်။
 
စစ်ကောင်စီ ရဲ့ အလုပ်သမားဝန်ကြီးဌာနက ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်မယ့် လုပ်သားတွေ နဲ့ ပို့ဆောင်ပေးတဲ့ လိုင်စင်ရအေဂျင်စီ တွေ ကို လုပ်ငန်းဆောင်ရွက်တာမှာ ကန့်သက်ပိတ်ပင်တာတွေ ပြုလုပ်လာပြီး နောက်ပိုင်း လိုင်စင်ရ အေဂျင်စီ အချို့ တရားမဝင် အောက်လမ်းကနေ လုပ်သား ပို့ဆောင်လာတာ တွေလည်း များလာတယ်လို့ သိရပါတယ်။
 

Related posts

Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026
Cover
တောင်ကိုရီးယားသို့ အမျိုးသမီး လုပ်သားအပါ ဝင် မြန်မာ လုပ်သား ၁၂၀ ကျော် စေလွှတ်
Mar 27, 2026
Cover
အလုပ်သမား အသစ်များက ခွင့်ပြန်လုပ်သား အဖြစ် အသွင်ဆောင်ပြီး ပြည်ပထွက်ခွာရန် ကြိုးစားလာဟုဆို
Mar 26, 2026
Cover
အလုပ်စမတ်ကြေး ဘတ်တစ်သောင်းကျော်ပေးရပြီး ရက်ပိုင်းသာအလုပ်ဆင်းရသူများအပါအဝင် မြန်မာလုပ်သား၂၇ဦး အလုပ်ထုတ်ခံရ
Mar 26, 2026