NEWS

ပြည်ပထွက်ခွာအလုပ်လုပ်ခွင့် လူဦးရေ အကန့်အသတ် ဖြင့်သာခွင့်ပြုတော့မယ်

CoverLogo
665 Views
 
ပြည်ပကိုအလုပ်သမားစေလွှတ်နေတဲ့အေဂျင်စီတွေရဲ့ အလုပ်ခေါ်စာအသစ်(Demand Letter) လျှောက်တင်လာတဲ့အပေါ် အလုပ်သမားဦးရေကန့်သတ်ချက်နဲ့သာ စစ်ကောင်စီက ခွင့်ပြုပေးမယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်း အေဂျင်စီတွေထံက သိရပါတယ်။
လက်ရှိခွင့်ပြုထားပြီးဖြစ်တဲ့ အလုပ်ခေါ်စာတွေကိုတော့ စေလွှတ်ခွင့်တွေပြုလုပ်ပေးမှာဖြစ်သလို ပင်လုံခန်းမမှာ ၃၀-၁-၂၀၂၅ ရက်နေ့မတိုင်မီက အလုပ်ရှင် အလုပ်သမားသဘောတူ စာချုပ်ချုပ်ဆိုပြီး ထိုင်းနိုင်ငံသို့ထွက်ခွာမဲ့အလုပ်သမား တွေနဲ့ အခြားသောနိုင်ငံတွေအတွက် Demand Letter မှန်ကန်မှုရှိကြောင်း စစ်ဆေးပြီးတဲ့ အလုပ်ခေါ်စာတွေကို စေလွှတ်ရေးလုပ်ငန်းစဉ်များဆက်လက်ဆောင်ရွက်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
၃၀.၁.၂၀၂၅ နောက်ပိုင်းမှာတော့ အေးဂျင့်တွေတစ်ခုချင်းစီလိုက် တင်ပြလာတဲ့ Demand letter အသစ်တွေ ကိုတော့ အေးဂျင့်စီတစ်ခုလျှင် ကန့်သတ်လူဦးရေ ဖြင့်သာစစ်ကောင်စီက ခွင့်ပြုတော့မှာဖြစ်သလို သေချာစိစစ်ပြီး အေးဂျင့်စီတစ်ခုချင်းစီအလိုက် ခွင့်ပြုချက်ကိုဌာနဆိုင်ရာကပြန်လည်အကြောင်းကြားပေးမှာလို့ သိရပါတယ်။
"အရင်လက်စတွေကိုအစဉ်လိုက် အရင်ခွင့်ပြုမယ်။ အကုန်ထွက်ရမယ်။ နောက်လာမဲ့အသစ်တွေကိုတော့ ကန့်သတ်လူဦးရေနဲ့ခွင့်ပြုမယ်။ Demand တ
စောင်ကိုနှစ်ဝက်လောက်ထိကြာနိုင်မဲ့အနေအထားရှိတယ်။ အဲလိုကြာမယ်ဆိုရင်တော့ ဘယ်သူဌေးကမှခေါ်မှာမဟုတ်တော့ဘူး။ Demand များများကိုင်တဲ့ အေဂျင်စီ တွေအတွက် ခက်ခဲနိုင်တယ်"လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီ လုပ်ကိုင်သူတစ်ဦးကဆိုပါတယ်။
အဲ့ဒီ အလုပ်အသစ်အတွက် Demand letter အသစ်တင်ပြလျှောက်ထားခွင့်ကိုလည်း စစ်ကောင်စီက ယခင်ကခွင့်ပြုထားပြီးဖြစ်တဲ့ စေလွတ်ရန် ကျန်ရှိနေတဲ့အလုပ်သမားအားလုံး စေလွတ်ပြီးစီးမှသာ Demand letter အသစ်တင်ပြလျှောက်ထားနိုင်မှာလို့ သိရပါတယ်။
စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနက စေလွှတ်ခွင့်ကျပြီးတဲ့အလုပ်သမားတွေကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ လလယ်ပိုင်းကစပြီး ပြည်ပအလုပ်အကိုင်အလုပ်သမားသက်သေခံကတ်(OWIC)ထုတ်ပေးတဲ့လုပ်ငန်းစဉ်ကို ရက်အကန့်အသတ်မရှိ ရုတ်တစ်ရပ်ရပ်နားခဲ့တာကြောင့် အလုပ်သမားတွေထွက်ခွင့်မရဘဲ ပိတ်မိနေခဲ့ကြတာဖြစ်ပါတယ်။
အဲဒီအတွက် မတ် ၂၀ ရက်ကစပြီး OWIC ကတ် ပြန်ထုတ်ပေးသွားမယ်လို့ ထုတ်ပြန်ထားပြီး စေလွှတ်ရန်ကျန်ရှိတဲ့ အလုပ်သမားအားလုံးစေလွှတ်ပြီးစီးမှသာ အေဂျင်စီတွေဟာ Demand letter အသစ်တင်ပြလျှောက်ထားရမှာဖြစ်ပြီး လူဦးရေ ကန့်သတ်ချက်နဲ့ခွင့်ပြုပေးတော့မှာပဲဖြစ်ပါ တယ်။

Related posts

Cover
ဂျပန် မှ မြန်မာလုပ်သား ၂၅၀ ကျော် ခေါ်ယူရန် အလုပ်ကမ်းလှမ်း
Mar 18, 2026
Cover
ထိုင်းနိုင်ငံ၊ ချွန်ဘူရီရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ အထောက်အထားမဲ့ မြန်မာလုပ်သား ၃၀ကျော် အဖမ်းခံရ
Mar 14, 2026
Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026