NEWS

ပြည်ပစေလွှတ်သည့် အလုပ်သမားစာရင်း ဝန်ကြီးဌာနက ကောက်ခံနေ

CoverLogo
864 Views

အလုပ်သမားဝန်ကြီးဌာနက ပြည်ပကို စေလွှတ်တဲ့ လုပ်သားအင်အားစာရင်းကို စက်တင်ဘာလက စတင်ပြီး ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတွေဆီက တောင်းခံနေတာကို Safe Migration ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


ဒီလို စာရင်းရယူတာဟာ ပြည်ပရောက် အလုပ်သမားတွေရဲ့ လစာဝင်ငွေကို အခွန်ကောက်ခံဖို့ ဖြစ်နိုင်တယ်လို့ အလုပ်သမားတွေက သုံးသပ်နေကြပါတယ်။


''သူတို့က ပြည်ပမှာ သွားအလုပ်လုပ်မယ့်သူစာရင်းကို သိပ်လိုချင်မှာပေါ့။  လစာကို အခွန်ကောက်ဖို့ပဲ စိတ်ဝင်စားနေတာလေ။ ပိုက်ဆံအလိမ်ခံရတာတို့၊ ဝန်ဆောင်ခ ပိုပေးနေရတာတွေကို ရှင်းပေးဖို့တော့ သူတို့သတိမရဘူး''လို့ ထိုင်းရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောပါတယ်။


လက်ရှိ ပြည်တွင်းကနေ ထိုင်း၊ မလေးရှား၊  ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ ဂျော်ဒ န်၊ မကာအို အစရှိတဲ့ နိုင်ငံတွေကို အလုပ်သမား စေလွှတ်ခွင့်ပြုထားတာ ဖြစ်ပါတယ်။ အလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရ ပြည်ပ လုပ်သားစေလွှတ်နေတဲ့အေဂျင်စီ (၄၈၂) ခု ရှိနေတာဖြစ်ပါတယ်။ 


''အခုက ထိုင်းနိုင်ငံမှာ ပေးရတဲ့အခွန်အခတွေကော ဒီဘက်ကို အခွန်ပြန်ပေးရတာတွေကော ဖြစ်လာတာ။ ပြောမယ်ဆို သူတို့ကို လုပ်ကျွေးဖို့ မိသားစု တကွဲတပြားနဲ့ လာလုပ်နေရသလို ဖြစ်နေတယ်။ နောက်ပြီးတော့ သူတို့ကို နိုင်ငံခြားငွေ တစ်ဖက်တစ်လမ်းက အထောက်အပံ့ ဖြစ်နေရတာကိုလည်း သဘောမကျဘူး''လို့ ပြည်ပမှာ အလုပ်လုပ်ကိုင်နေတဲ့ မစိုးစိုးက ပြောပါတယ်။


အလုပ်သမားဝန်ကြီးဌာနက စာရင်းကောက်ယူရာမှာ နိုင်ငံအလိုက် စေလွှတ်တဲ့ အလုပ်သမား အရေအတွက်ကို ပေးပို့ရတာဖြစ်ပြီး လုပ်သားပို့ဆောင်နိုင်တာ မရှိရင်လည်း တင်ပြရမယ်လို့ သိရပါတယ်။ ဒီလိုစာရင်းပေးပို့မှု မရှိတဲ့အေဂျင်စီတွေကို စေလွှတ်ရေး လုပ်ငန်းစဉ် စတင်ရပ်ဆိုင်းတဲ့ အရေးယူတာတွေ ရှိလာနိုင်တယ်လို့ safe migration က ဖော်ပြထားပါတယ်။


Photo- တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြမည့် မြန်မာလုပ်သားများ
 #MyanmarLabourNews


Related posts

Cover
ခွင့်ပြန် အိမ်အကူအလုပ်သမား များကို စစ်ကော်မရှင် ပြည်ပ ပြန်ထွက်ခွင့်မပေး
Jan 29, 2026
Cover
ပွဲစားခ ဘတ် ၃သောင်း ခန့်ပေးပြီး နယ်စပ်ဖြတ်ကျော် လာရသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ကျော် အဖမ်းခံရ
Jan 29, 2026
Cover
ထိုင်းရောက် ရွှေ့ပြောင်း မြန်မာ လုပ်သားများ ၁၄ရက်ကြာ တိတ်ဆိတ်ငြိမ်သက်စွာ ဖြင့် အနေထိုင်ဆင်ခြင်သည့် လှုပ်ရှားမှု ပြုလုပ်
Jan 28, 2026
Cover
ယခုလ အတွင်း ကမ္ဘောဒီးယား ကျားဖြန့် မှ မြန်မာနိုင်ငံသား ၅၆၀ ကျော် ပြန်ပို့
Jan 27, 2026
Cover
မလေးရှားမှ ပြစ်ဒဏ်ကျခံ ပြီးသည့် မြန်မာနိုင်ငံသား ၆၀ကျော် ပြန်ပို့ခံရ
Jan 27, 2026
Cover
ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၁၆၀ ကျော်ကို ကန်ချနဘူရီ မှတစ်ဆင့် မြန်မာသို့ ပြန်ပို့
Jan 23, 2026
Cover
မြန်မာလုပ်သားများ တင်ဆောင်လာသည့် ကားတိမ်မှောက်သဖြင့် ၂ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရ
Jan 22, 2026
Cover
အလုပ်ရှင် ကို ဖုန်းဆက်မရလို့ဆိုကာ ခွင့်ပြန် လုပ်သား အချို့ကို OWIC ကတ် ပြုလုပ်ခွင့်မပေး
Jan 22, 2026