NEWS

ပြည်ပက ပြန်လာတဲ့ လုပ်သားအရေအတွက်နဲ့ နှိုင်းယှဉ်ပြီး လုပ်သားသစ်တွေ ပြည်ပစေလွှတ်ခွင့်ပြုနေတယ်လို့ဆို

CoverLogo
339 Views
 
ပြည်ပ လုပ်သားစေလွှတ်မှု ကို ပြည်ပကနေ အလုပ်လုပ်ကိုင်ပြီး သက်တမ်း ပြည့်ကာ ပြန်လည်ရောက်ရှိ လာတဲ့ လုပ်သားအရေအတွက် နဲ့ နှိုင်းယှဉ်ပြီး လုပ်သားအသစ်စေလွှတ် ခွင့်ပြုနေတယ်လို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးချစ်ဆွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ဇူလိုင် ၁၇ ရက်က ရန်ကင်းမြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှာ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA) မှ တာဝန်ရှိသူတွေနဲ့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့ အလုပ်သမားရေးရာကိစ္စရပ်များနဲ့ပက်သက်တဲ့ ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။
 
အလုပ်လုပ်ကိုင်ခွင့် သက်တမ်းပြည့်ပြီး ပြည်ပကပြန်လာတဲ့ လုပ်သားအရေအတွက် နဲ့ နှိုင်းယှဉ်ပြီး လုပ်သားအသစ်စေလွှတ်ခွင့်ပြုရတာဟာ ပြည်တွင်းလုပ်သားရှားပါးမှု၊ နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းမြစ် များဆုံးရှုံးမှု ကို လျှော့ချနိုင်ဖို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။
 
လက်ရှိမှာလည်း ပြည်ပ လုပ်သား စေလွှတ်မှု ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ လကုန်ပိုင်းမှ စပြီး ကန့်သက်စိစစ် မှုတွေ ပြုလုပ်ခဲ့ရာ တစ်ပတ် တစ်ကြိမ် လုပ်သားသစ် ၁၀၀ ဝန်းကျင်လောက်သာ စေလွှတ်ခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။
 
"ဝန်ကြီးကတော့ ပြည်ပက သက်တမ်းပြည့်လို့ ပြန်လာတဲ့ လုပ်သားအရေအတွက် နဲ့နှိုင်းယှဉ်ပြီးလုပ်သားသစ်စေလွှတ်ပေးနေတယ်ပြောတာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အထိ စာချုပ်ချုပ်ထားတဲ့သူတွေ တောင် အခုနှစ်ဝက်ကျော်နေပြီ မသွားရသေးတာတွေအများကြီးကျန်သေးတယ် အခုအခြေအနေ နဲ့ ပြည်ပ ထွက်သွားတဲ့ လုပ်သားက သက်တမ်းပြည့်ရင်တောင် အဆင်ပြေသလို ရောက်နေတဲ့နိုင်ငံမှာသက်တမ်းထပ်တိုးနေမှာဘဲ ပြည်တွင်းရဲ့ အခြေနေကိုသိနေကျတော့ အဲ့တော့ ပြန်လာမယ့် လုပ်သားအရေအတွက် က နည်းမှာပဲ ဝန်ကြီးဌာနက ဘက်က ဒါကို အကြောင်းပြပြီး ပြည်ပစေလွှတ်ခွင့်လည်း နည်းနည်းစီပဲ ခွင့်ပြုတာလို့ဆိုလိုချင်တာဖြစ်မယ်""လို့ MOEAA အသင်းဝင် တစ်ဦးကပြောပါတယ်။
 
တွေ့ဆုံဆွေးနွေးပွဲမှာ အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေ ကို လုပ်ခလစာ အကျိုးခံစားခွင့် များပြားတဲ့ နိုင်ငံတွေကို စေလွှတ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြဖို့ ပြည်ထောင်စုဝန်ကြီးဦးချစ်ခိုင်က တိုက်တွန်းခဲ့သေးတယ်လို့ ဆိုပါတယ်။
 
ပြောင်းလဲလိုက်တဲ့ ပြည်ပလုပ်သားစေလွှတ်ရေး မူဝါဒလုပ်ငန်းစဉ်တွေအရ အေဂျင်စီတခုလျှင် တလကို ထိုင်းနိုင်ငံအတွက် လုပ်သားအယောက် ၅၀၊ မလေးရှားနိုင်ငံအတွက် အယောက် ၂၀၊ ဂျပန်နိုင်ငံအတွက် ၁၅ ယောက်၊ ကိုရီးယားနိုင်ငံအတွက် ၁၀ ယောက်၊ စင်ကာပူနိုင်ငံအတွက် ၅ ယောက်၊လာအိုနဲ့ တခြားသော နိုင်ငံတွေအတွက်လည်း နိုင်ငံတခုကို ၁၀ ယောက်ထက်ပိုပြီး အလုပ်ခေါ်စာမတင်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

Related posts

Cover
CI လျှောက်ထားမှု အတွက် ဝမ် ၃ သောင်းသို့ ပြောင်းလဲကောက်ခံမည်ဟုတောင် ကိုရီးယားရှိ မြန်မာသံရုံးကြေညာ
Feb 09, 2026
Cover
ဘန်ကောက် တွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်မှ ကရိန်းပြိုကျသဖြင့် မြန်မာလုပ်သား၂ဦး ဒဏ်ရာရရှိ
Feb 07, 2026
Cover
ထိုင်းတွင် မြန်မာလုပ်သားများတင်ဆောင်လာသည့် ကား ယာဉ်တိုက်မှုဖြစ်သဖြင့် ၁၈ဦး ထိခိုက်ဒဏ်ရာရ
Feb 07, 2026
Cover
အမျိုးသား အသက်၃၅နှစ်အထက်နှင့်အမျိုးသမီး အသက်၂၇နှစ်အထက်များကိုသာ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP) ထုတ်ပေးဟု မူဆယ် လ၀က ကြေညာ
Feb 06, 2026
Cover
ပွဲစားခ ဘတ် ၄ သောင်းပေးပြီး လာရတဲ့ မြန်မာလုပ်သား ၁၃ ဦး လမ်းဘေးမှာ ပစ်ထားခံရ၍ အဖမ်းခံရ
Feb 06, 2026
Cover
ကားတိုက်ခံရပြီး ဒဏ်ရာအပြင်းထန်ရနေသည့် မြန်မာအလုပ်သမားကို ယာဉ်ပိုင်ရှင် မှ တာဝန်ယူမှုမရှိဟုဆို
Feb 05, 2026
Cover
ဘန်ကောက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် မြေပြိုမှုတွင် မြန်မာလုပ်သားတစ်ဦး သေဆုံး
Feb 05, 2026
Cover
ပဋိပက္ခတွေကြောင့် ထိခိုက်နေရသည့် မြန်မာပြည်သူတွေအတွက် EU က ယူရို ၆၃ သန်း ထောက်ပံ့မည်
Feb 04, 2026