NEWS

ပြည်ပကို လုပ်သားထွက်ခွာမှုလျော့ကျစေရန် ကန့်သတ်ပိတ်ပင်မှုတွေ ထပ်တိုးဖို့ အလုပ်သမားဝန်ကြီး အသစ် လုပ်ဆောင်နေ

CoverLogo
532 Views

ပြည်ပကို လုပ်သား ထွက်ခွာမှု လျော့ကျစေရန်  ရည်ရွယ်ပြီး လုပ်သားတွေနဲ့ အေဂျင်စီ တွေ  ကို ကန့်သတ်ပိတ်ပင်မှု တွေ ထပ်တိုး ဖို့ အတွက် စစ်ကောင်စီရဲ့ အလုပ်သမားပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ကလုပ်ဆောင်လျက်ရှိတယ်လို့ အေဂျင်စီ အသိုင်းဝိုင်းမှ သိရပါတယ်။

စစ်မှုထမ်းဥပဒေ အကြောင်း ပြုပြီး ပြည်ပကို တရားဝင် လုပ်သားစေလွှတ်တာ မှာ အမျိုးသားတွေ ကို အသက် ၁၈နှစ်မှ အသက် ၃၅ နှစ်အထိ သွားခွင့်မပေးတော့ဘဲ ကန့်သက် ပိတ်ပင်လိုက်တဲ့ အပြင် မကြာမီ ကလည်း ထိုင်းနိုင်ငံ ကို လုပ်သားစေလွှတ်မှု ယာယီရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖေါ်ဝါရီ ၁၅ရက် က စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးနဲ့ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ်(MOEAA)တို့ တွေ့ဆုံ အစည်းဝေးလုပ် စဉ်မှာလဲ ပြည်ပအလုပ်အကိုင် အေဂျင်စီ လိုင်စင်ကြေး အတွက်  ငွေအပေါင်ကြေး တိုးတောင်းရန်နဲ့ လုပ်သားစေလွှတ်မှု ကို တစ်လလျှင် ရာဂဏန်းသာ ခွင့်ပြုဖို့ ဆွေးနွေးပြောကြားခဲ့တယ်လို့ အေဂျင်စီတွေထံကသိရပါတယ်။

""ကျပ်သိန်း ၅၀၀၀ လို့တော့ အတိအကျ မပြောဘူး ထိုင်းဘက်က ထိုင်းအေဂျင်စီတွေဆို ဘတ် ၅ သန်းပေးရတယ်ပေါ့ အခုမြန်မာ အေဂျင်စီတွေ ရဲ့ လိုင်စင်ကြေးက လူ၂၀၊  ၃၀ လွှတ်ရင် အရင်းကြေနေပြီပေါ့ ဒီတော့ လိုင်စင်ကြေး အတွက် အပေါင်ငွေ တိုးကောက်ဖို့ရှိတယ် သဘောပြောသွားတယ် ပြီးတော့ ပြည်ပ ကို လုပ်သားစေလွှတ်တဲ့ ဦးရေ ကို နိုင်ငံအလိုက် ကန့်သတ်တာတွေ ပြုလုပ်ဖို့ ပြောတယ် အစည်းဝေးမှာတော့ အခုအချက်တွေ ကို  အတည်ပြုသွားတာတော့ မရှိပေမယ့် ပြည်ပလုပ်သားစေလွှတ်မှု မှာ ကန့်သတ်တာတွေ ထပ်တိုးမယ်ဆိုတာ ကို   အသိပေးသွားတဲ့သဘောမျိုးပေါ့""လို့ ပြည်ပအလုပ်ကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အစည်းဝေးတွင်  ပြည်ပကို လုပ်သားစေလွှတ် တဲ့ အရေအတွက်ကို ထိုင်းနိုင်ငံ ကို တစ်လလျှင် အလုပ်သမားအရေ တွက် ၂၀၀ ဦး၊ ဂျပန် နိုင်ငံ ကို တစ်လလျှင် အလုပ်သမား၂၀၀ ဦး၊ မလေးရှား နိုင်ငံကို တစ်လလျှင် လုပ်သား ၁၀၀နဲ့စင်္ကာပူ နိုင်ငံ ကို အလုပ်သမား ၅၀ဦး စသဖြင့် အရေအတွက် ကန့်သတ်စေလွှတ်ဖို့ပါ ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

""အခု က ပြည်ပကို အလုပ်သမား မထွက်စေချင်တဲ့ သဘော အမျိုးမျိုး ကန့်သတ်နေတာ လုံးဝ မထွက်ရဘူး ပိတ်ပစ်လိုက်ရင်လည်း သူတို့ အဆိုး ဖြစ်မှာ စိုးတယ် ပြီးတော့ လုပ်သားစေလွှတ်မှု နဲ့ အေဂျင်စီ တွေ ဆီကလည်း ပိုက်ဆံ လိုချင်တယ် အဲ့တော့ သူတို့ လုပ်သား စေလွှတ်မှု မပိတ်ထားဘူး ဒါပေမယ့် သတ်မှတ်ထားတဲ့ အချက်တွေ နဲ့ ညီမှ သွားရမယ် ထွက်ရမယ်ဆိုတာမျိုးလုပ်ထားတာ အဲ့တော့ အေဂျင်စီ တွေ အနေနဲ့ လည်း ဒီလုပ်ငန်း ကိုဆက်လုပ်ကိုင်ဖို့သင့် မသင့် စဉ်းစားနေပြီ""လို့ လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အခုလို စစ်ကောင်စီ ဘက်မှ ပြည်ပအလုပ်သမား စေလွှတ်မှု အတွက် ကန့်သတ်ပိတ်ပင်တာတွေ အမျိုးမျိုးပြုလုပ်နေတဲ့ အတွက် ပြည်ပကို တရားဝင် သွားရောက် ဖို့ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ မှာ ဆုံးရှုံးနစ်နာမှု တွေ ရှိနေသလို တရားမဝင် သွားရောက်တာတွေ များလာတဲ့ အတွက် ပွဲစားတွေရဲ့ လိမ်လည်ခံရတာ တွေပါ များလာတယ်လို့ သိရပါတယ်။

""တရားဝင် ပြည်ပထွက် အလုပ်လုပ်ဖို့    ပတ်စပို့ လျှောက်ကတာက သုံးလ လေးလ ကြာတယ် အခု တခါ အသက်က ၁၈ ကနေ ၃၅ နှစ် အထိ ခွင့်မပြုတော့ပြန်ဘူးဆိုတော့ စာအုပ်လုပ်ပြီး ထွက်မရတော့ဘူး  အောက်လမ်းက သွားမယ်ဆိုတော့ အဖမ်းဆီးက များ ပွဲစားတွေ က လိမ်လည် ပိုက်ဆံ ယူပြီး နယ်စပ်တွေတောထဲ မှာ ပစ်သွားလို့ ပိုက်ဆံလည်းကုန် လူလည်းအဖမ်းခံရတာတွေ ရှိနေတယ် ပြည်တွင်းမှာကျတော့လည်း အလုပ်အကိုင်နည်းပါး စားဝတ်နေရေးခက်ခဲ တဲ့အပြင်  စစ်မှုထမ်းဖို့ အတင်းကြပ်ခေါ်တာတွေလုပ်နေတော့ လူငယ်တွေ အတွက် အနာဂတ်ပျောက်နေပြီ နောက်ဆုံး မရရင်တော့ တွန်းလှန်ဖို့ပဲ ရှိတော့တယ်""လို့ ပြည်ပထွက်အလုပ်လုပ် ဖို့လုပ်ဆောင်နေတဲ့လူငယ်တစ်ဦးကပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းမှ လူငယ်များ ပြည်ပကို အလုပ်သွားရောက် လုပ်ခွင့်ကို ကန့်သတ်တာတွေ ပြုလုပ်နေသလို ပြည်ပကနေ ခွင့်ဖြင့် ပြန်လာတဲ့ အသက်၁၈နှစ်မှ ၃၅ နှစ် ရှိ လုပ်သားတွေ ကို လည်း ပြည်ပ ပြန်လည် ထွက်ခွင့် မပြုတော့ဘူးလို့သိရပါတယ်။


Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026