NEWS

ပြည်ပကိုသွားရောက်တဲ့ အလုပ်သမား ၅ သောင်းကျော်ရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထား နှင့်အတူ အေဂျင်စီတွေကိုပါ ခေါ်ယူစစ်ဆေးမည်ဟုဆို

CoverLogo
473 Views

၂၀၂၄ ခုနှစ် မေလ ကနေ ဩဂုတ်လအထိ အေဂျင်စီ ကတစ်ဆင့် ပြည်ပကို တရားဝင်သွားရောက် ခဲ့တဲ့  အလုပ်သမား၅သောင်းကျော်ရဲ့ မိသားစုထံ လွှဲပို့ငွေ အထောက်အထားနဲ့အတူ  တစ်ရက်လျှင် အေဂျင်စီ ၅၀ ခု စီ ခေါ်ယူစစ်ဆေးသွားမယ်လို့ အလုပ်သမားဝန်ကြီးဌာန ရဲ့ ထုတ်ပြန်အသိပေးချက်အရသိရပါတယ်။

နိုင်ငံအလိုက် စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့ မိသားစုလွှဲပို့ငွေအထောက်အထား တင်ပြမှု စိစစ်ရေး လုပ်ငန်းစဉ်ကို လာမယ့် ဒီဇင်ဘာ၁၆ရက်  မှ စပြီး တစ်ရက်ကို အေဂျင်စီ ၅၀ခု နှုန်းနဲ့  အလုပ်သမားဝန်ကြီးဌာန ရန်ကုန်တိုင်းရုံး ကို မပျက်မကွက် လာရောက် တင်ပြဖို့ အလုပ်သမားဝန်ကြီးဌာနက ပြည်ပအလုပ်အကိုင်အကျိူးဆောင် လိုင်စင်ရအေဂျင်စီ တွေ ကို အသိပေးထားပါတယ်။

"မေလကနေဩဂုတ်အထိ ကိုယ့်အေဂျင်စီ က စေလွှတ်ခဲ့တဲ့ အလုပ်သမား ရဲ့ မိသားစုလွှဲပို့ငွေ အထောက်အထား ကို ယူပြီး တော့ ရှစ်မိုင်က ရန်ကုန်တိုင်း အလုပ်သမားရုံး ကို သွားရမှာပါ သူတို့ တင်ပြခိုင်းတဲ့ပမာဏ မပြည့်ရင်တော့ ဒဏ်ငွေ နဲ့ Demand အသစ် တင်ခွင့် ပိတ်မှာပေါ့ အခုက မိသားစု လွှဲပို့ငွေ အထောက်အထားမပြနိုင်လည်း ဒဏ်ရိုက်သလို လချုပ်စာရင်း အချိန်မှီ မပို့ရင်လည်း ဒဏ်ရိုက်တယ်"လို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မေလ ကနေ ဩဂုတ်လအထိ လုပ်သား  စေလွှတ်ခဲ့ တဲ့ အေဂျင်စီ ၄၂၉ ခု ရှိကာ ပြည်ပကို သွားရောက်တဲ့ အလုပ်သမား ၅၆၈၆၀ဦး ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ အတွက် မိသားစုလွှဲပို့ငွေ လချုပ်စာရင်း မပို့တဲ့ အေဂျင်စီ ၁၁၈ ခု ရှိပြီး အချိန်မီ  မပို့ပါက ဒဏ်ကြေးငွေနဲ့ Demand  letter အသစ်တင်ပြခွင့် ပိတ်မှာဖြစ်သလို အောက်တိုဘာလ အတွက်ပါ စာရင်းမပို့ပါက ဒဏ်ကြေးငွေ ၂ဆ ပေးရမယ်လို့ အလုပ်သမားဝန်ကြီးဌာနက အေဂျင်စီ များထံ အသိပေးထားပါတယ်။

 


Related posts

Cover
ထိုင်းမှ ပြစ်ဒဏ်ကျပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို နေရပ်ပြန်ပို့
Mar 12, 2026
Cover
ရွေ့လျားအိမ်တင်ဆောင်လာသည့်ကား လူကူးခုံးကျော်တံတားဖြင့် တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် မြန်မာလုပ်သား ၂ဦး သေဆုံး
Mar 12, 2026
Cover
ပွဲစားများမှ တစ်ဆင့် CIစာအုပ် မပြုလုပ်ရန် အလုပ်သမားသံအရာရှိရုံး အသိပေး
Mar 11, 2026
Cover
မလေးရှား ရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား များအိမ်ငှားနေထိုင်ရန် အခက်ခဲဖြစ်လာ
Mar 11, 2026
Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံကို သက်ဆိုင်ရာသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၀၀ ကျော် အခွင့်အရေးများပြန်ရ
Mar 07, 2026