NEWS

ပြည်တွင်းလုပ်သား ၅၀၀၀ ကျော် အလုပ်အကိုင်ရရှိနိုင်မည်ဆိုသည့် လုပ်ငန်းသစ် ၃၅ခု ကို စစ်ကော်မရှင် ခွင့်ပြု

CoverLogo
23 Views
 
ပြည်တွင်း က အလုပ်သမား ၅၀၀၀ကျော် အလုပ်အကိုင်အခွင့်အလမ်း ရရှိနိုင်မယ်ဆိုတဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းသစ် ၃၅ခုကို စစ်ကော်မရှင်လက်အောက်ခံ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
 
ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရဲ့ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အားကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်၄ခုနှင့် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍများမှ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၃၁ ခု ခွင့်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။
 
၎င်း လုပ်ငန်းများရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ( ၄၁ ဒသမ ၀၀၃ သန်းနှင့် ကျပ် (၁,၉၅၅,၅၂၆ ဒသမ ၉၅၅ သန်း) ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း (၅၀၆၄) ဦးကို ဖန်တီးပေးနိုင်မယ်လို့ ဆိုပါတယ်။
 
ခွင့်ပြုပေးတဲ့ လုပ်ငန်းများတွင် လုပ်ငန်းသုံးမော်တော်ယာဉ် ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေခံကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၊ လျှပ်စစ်မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများ၊ ဆိပ်ကမ်းတည်ဆောက်ခြင်းနှင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများ၊ လက်ကိုင်ဖုန်းအမျိုးမျိုး တပ်ဆင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ဆိုလာပြားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ မွေးမြူရေးအစာထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်ငန်းများအပြင်အထည်ချုပ်လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရပါတယ်။

Related posts

Cover
Sky Fashion Myanmar အထည်ချုပ် ရက်စား ၂ ရက်ဆင်းခိုင်းပြီး အချိန်ပို နာရီ လုပ်အားခေါင်းပုံဖြတ်
Mar 22, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026
Cover
LITA MYANMAR အထည်ချုပ် သင်္ကြန်ကာလ ပိတ်ရက်အတွက် ရက်စား ဆင်းခိုင်း
Mar 22, 2026
Cover
Jin Shi Yuan Garment အလုပ်သမားဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်ခိုင်း
Mar 22, 2026
Cover
ဌာနပြောင်းရွှေ့ရန် ငြင်းဆန်သဖြင့် အလုပ်မှ ထုတ်ပယ်ခံရသည့် အလုပ်သမားတစ်ဦး မူလရာထူးနှင့်အလုပ်ပြန်ခန့်ရန်တောင်းဆို
Mar 18, 2026
Cover
ဘာသာစကားသင်တန်းဖွင့်ပြီး မြန်မာအမျိုးသမီးများကို Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသားကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၅နှစ်ချမှတ်
Mar 18, 2026
Cover
Chi Mai အထည်ချုပ် ရှောင်တခင်ခွင့် ကြိုတင်ခွင့်တင်ဟုဆို ၊ လုပ်သက်ခွင့်ကြေးလည်း မပေး
Mar 18, 2026
Cover
Win Land စက်ရုံ စစ်ဆေးရေးအတွက် စက်ရုံပိတ်ပြီး ရက်စားဆင်းခိုင်း၊ အချိန်ပိုမဆင်းလို့ အလုပ်ထုတ်
Mar 18, 2026