NEWS

ပြည်တွင်းရွှေဈေးအကျဘက်ရောက်ရှိ ပြီး စက်သုံးဆီဈေး အနည်းငယ်ပြန်တက်

CoverLogo
329 Views
(ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
 
ကုန်ဈေးနှုန်းကြီးမြင့်လာမှုဟာ နေထိုင်စားသောက်မှုတွေမှာ အခက်တွေ့လာပေမယ့် အလုပ်လုပ်နေကြတဲ့အခြေခံ လူတန်းစားတွေမှာတော့ လုပ်ခလစာက မပြောင်းလဲဘဲ အလုပ်စေခိုင်းမှုမှာ အပိုဆောင်း အချိန်ပိုကြေးတွေ မရရှိဘဲ လုပ်အားမမျှတဲ့ အခြေအနေတွေရှိနေတယ်လို့ ဆိုပါတယ်။
 
လတ်တလော မှာလည်း လုပ်သားအင်အား အများဆုံးရှိကြတဲ့ ကုန်ထုတ်လုပ်မှု နဲ့ အထည်ချုပ် တွေ ၊စက်ရုံအလုပ်ရုံတွေမှာ လုပ်ခလစာနဲ့ လုပ်အားအပေါ်မျှတ တဲ့ ဝင်ငွေရစေဖို့ လစာတိုးပေးရေးအတွက်ဆန္ဒဖော်ထုတ်တာတွေဆက်တိုက်ရှိလာနေပါတယ်။
 
လစာတိုးပေးရေးအတွက် အလုပ်သမားတွေ၊ လုပ်သားတွေကအလိုရှိနေကြသလို ခေတ်စနစ်နဲ့ညီမျှမယ့် ကုန်ဈေးနှုန်းတွေ ဖြစ်ဖို့ကလည်း လစာတိုးခြင်းထက်ပိုပြီးအရေးပါနေတာပါ။
 
ဒါကြောင့် လက်ရှိကာလ ရဲ့ မြင့်တက်နေဆဲ ကုန်ဈေးနှုန်း‌တွေ ကို လုပ်သားမိဘပြည်သူတွေ သိရှိနိုင်စေဖို့ ဇူလိုင် ၁၂ ရက်ကနေ ဇူလိုင် ၁၈ ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 
စက်သုံးဆီဈေးနှုန်း
 
ယနေ့ဇူလိုင် ၁၈ ရက်နေ့ စက်သုံးဆီဆိုင်တွေမှာ ရောင်းချလျက်ရှိတဲ့ဈေးနှု န်းတွေက ၉၂တစ်လီတာ ၂၉၆၅ကျပ် ၊ ၉၅ တစ်လီတာ ၃၀၂၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆ ၈၅ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၃၃၀ကျပ်ဖြစ်ပါတယ်။
အဲဒီမတိုင်မီ ၁ရက်ကြာဖြစ်တဲ့ ဇူလိုင် ၁၇ ရက်မှာတော့စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၉၆၀ကျပ်၊ ၉၅ တစ်လီတာ ၃၀၁၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၃၅ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၂၆၅ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေး ဓာတ်ဆီ ဈေးဟာ မနေ့ကနဲ့ ယနေ့ကြား၁ရက်အတွင်းမှာ ဈေးအနည်းငယ်ပြန်တက်လာပါတယ်။
ပြင်ပစက်သုံးဆီဈေးက တစ်လီတာ ၃၀၀၀ကျပ် ကနေ ၄၀၀၀ကျပ်ကြား မှာ ရောင်းချလာနေပါတယ်။
 
ရွှေဈေးနှုန်း
 
ရက်သတ္တပတ်အတွင်း ပြည်ပရွှေဈေးနှုန်း ကတော့ အကျဘက်ကို ဦးတည်လာတာဖြစ်ရာလက်ရှိ ပြည်တွင်း ရွှေဈေးနှုန်းဟာ တကျပ်သားကိုယခင် ၇၉သိန်းနီးပါးအထိမြင့်တက်‌ခဲ့ရာကနေ ၇၇သိန်းနီးပါးကျဆင်းလာတာပါ။
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်း က သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းကတော့ယခင် ကျပ် ၅၈,၉၀၀၀၀ ကနေ ငွေကျပ် တစ်သောင်းနှုန်းကျလာပြီး ဇူလိုင်လ ၁၈ရက်အတွက် အသင်းရဲ့ ရည်ညွှန်းဈေးက ငွေကျပ် ၅၈,၈၀၀၀၀ ဖြစ်ပါတယ်။
 
ငွေဈေးနှုန်း
 
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေကိုကြည့်ပါက ငွေကျပ် ဆယ်ဂဏန်း နဲ့ရာဂဏန်း လောက်အခွာဈေးတွေသာပြောင်းလဲဖြစ်ပေါ်ခဲ့တာပါ။
 
ဇူလိုင်၁၂ရက်ကနေစလို့ ဇူလိုင်၁၈ရက်အထိ တစ်ပတ်တာလုံးမှာ တစ်ဒေါ်လာလျင် ၄၅၀၀ ကျပ်နှုန်းအမြင့်ဆုံးဈေးကွက်ရရှိခဲ့ပြီး လက်ရှိ ယနေ့ငွေပေါက်ဈေးက တစ်ဒေါ်လာ ကို ငွေ ၄၃၉၀ ကျပ်နှုန်းနဲ့ဈေးကျဆင်းလာတာပါ။
 
ယခင်သတ်မှတ်ဈေးအတိုင်း မှာ အနည်းငယ်သာဈေးကွာဟကာ ငွေကျပ် ၄၀၀၀ အကျော်နဲ့ဆက်လက်ဈေးငြိမ်နေတာပဲဖြစ်ပါတယ်။ ယနေ့ဇူလိုင်လ ၁‌၈ရက်ရဲ့ ဒေါ်လာငွေလဲလှယ်နှုန်းကတော့ မနေ့ကထက် တစ်ဒေါ်လာကို ဆယ်ဂဏန်းနှုန်းကျဆင်းလာကာ ၄၃၉၀၀ ကျပ်နဲ့ ဈေးဖွင့်နေတယ်လို့ဆိုပါတယ်။
 
အခြားငွေကြေးတွေဖြစ်တဲ့ ထိုင်းဘတ်နဲ့ တရုတ်ယွမ် ၊ ဂျပန်ယန်းတွေရဲ့ငွေလဲလှယ်နှုန်းကလည်း ယနေ့ဇူလိုင်၁၈ရက်မှာ ဘတ်ဈေး ရောင်းဈေး ၁၃၉ကျပ် ၊ဝယ်ဈေး ၁၃၅ကျပ်ရှိကာ၊ ယွမ်ဈေး‌ ရောင်းဈေး၆၁၃ကျပ်၊ ဝယ်ဈေး၆၂၉ကျပ် နဲ့ ဂျပန်ယန်းဈေး ရောင်းဈေး၃၁၀ကျပ်ကျော်၊ ဝယ်ဈေး၂၉၆ကျပ်ကျော်ဈေးရှိနေတယ်လို့သိရပါတယ်။
 
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကို ၃၅၀၀ အထိ ဈေးပေါက်ခဲ့ပြီး လက်ရှိမှာတော့ အကျဘက်ကို ဦးတည်ပြီး ၃၄၁၀ မှာ ငြိမ်သက်နေတာကိုတွေ့ရပါတယ်။
 
အခြေခံစားသောက်ကုန်ဈေးနှုန်းများ
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ ဇူလိုင်၁၄ရက်ကနေဇူလိုင်၂၀ရက်အထိ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆၀၃၀ကျပ်အဖြစ် သတ်မှတ်ရောင်းချနေတာဖြစ်ပြီးဒါဟာ ယခင်တပတ်ကြာက ဆီဈေးသတ်မှတ်ချက်အတိုင်းပဲဖြစ်ကာပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၀၀၀၀ အထိရှိနေဆဲလို့ ဝယ်ယူသုံးစွဲ‌နေတဲ့အိမ်ရှင်မတွေက ထံကသိရပါတယ်။
ဆန်ဈေးနှုန်းတွေကတော့ ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၀၀၀ကျပ်၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၇၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။ အခြေခံ အလုပ်သမားတွေနဲ့အများစုဝယ်ယူစားသုံးတာကတော့ မြောင်းမြပေါ်ဆန်းနဲ့ တောင်ပျံရှယ်ဝယ်ယူတာဖြစ်သလို ရွှေဘိုပေါ်ဆန်းနဲ့ ဆန်ကြမ်းနဲ့ ရောနှော စားသုံးကြတယ်လို့ သိရပါတယ်။
 
ဟင်းစားဈေးနှုန်း
 
ဟင်းစားအနေနဲ့ စားသုံးကြတဲ့ ဟင်းသီးဟင်းရွက်အသား၊ ငါးဈေးတွေကတော့ အသားဈေးတွေ ဈေးမြင့်တက်နေဆဲဖြစ်ရာ ရပ်ကွက်ဈေးတွေမှာ ဆိတ်သားဈေးက တစ်ဆယ်သား ၅၅၀၀ကျပ်ဈေးနဲ့ ဈေးထပ်မံမြင့်တက်ကာ အမဲသားဈေးမှာလည်း တစ်ဆယ်သား ၃၂၀၀ ကျပ်နဲ့ ယခင်တစ်ပတ်ကြာက အမြင့်ဈေးအတိုင်းပဲရှိနေပါတယ်။
 
လူအစားများတဲ့ ကြက်သားဈေးကလည်း တစ်ဆယ်သား၂၀၀၀ ကျပ် နဲ့ဝက်သားတစ်ဆယ်သား၃၅၀၀ကျပ် ဈေးနဲ့တက်ဈေးအတိုင်းပဲရှိပြီး ပြန်ကျမလာသေးပါဘူး။
 
ငါးဈေးကွက်ထဲမှာတော့ ငါးစင်ရိုင်း တစ်ဆယ်သား ၃၀၀၀-၃၅၀၀ ကျပ်ဈေး၊ ငါးပုဏ္ဏားတစ်ဆယ်သား ၃၀၀၀ ကျပ်ဈေးငါးတန်တစ်ဆယ်သား ၂၅၀၀ ကျပ်ဈေး၊ ငါးဘဲတစ်ဆယ်သား ၁၆၀၀ ကျပ်၊ ငါးပုတ်သင်တစ်ဆယ်သား ၁၅၀၀ ကျပ်၊ တီလားဗီယားတစ်ဆယ်သား ၁၃၀၀-၁၅၀၀ ကျပ်ဈေး၊ငါးကျည်းတစ်ဆယ်သား ၃၅၀၀ ကျပ်၊ ငါးရံ့တစ်ဆယ်သား ၃၀၀၀ ကျပ်၊ ငါးပြေမတစ်ဆယ်သား ၂၅၀၀ ကျပ်၊ ငါးသလောက်တစ်ဆယ်သား ၃၅၀၀ ကျပ်ဈေးနဲ့ ငါးမြစ်ချင်းတစ်ဆယ်သား ၁၅၀၀-၁၈၀၀ ကျပ်ဈေးဖြင့် ပုံမှန်အတိုင်းရှိပြီး ငါးကြင်းဖြူတစ်ဆယ်သား ၂၃၀၀-၂၅၀၀ ကျပ်နဲ့ ဈေးမြင့်တက်နေပါတယ်။
 
ငါးခြစ်ဈေးကတော့ ပုံမှန်အမြင့်ဈေးအတိုင်းရှိပြီး ငါးမြစ်ချင်းခြစ်တစ်ဆယ်သား ၃၀၀၀-၃၃၀၀ ကျပ်၊ ငါးဖယ်ခြစ်တစ်ဆယ်သား ၄၅၀၀ ကျပ်ဈေးအတိုင်းရှိနေပါတယ်။
 
ကြက်ဥ၊ ဘဲဥ ဈေးကတော့ လက်ရှိမှာ လက်လီဈေးကအလုံးကြီး ၅၀၀ကျပ်၊ ၇၀၀ကျပ် ကနေ အလုံးသေး ၄၀၀ကျပ်၊ ၅၀၀ကျပ် ဈေးတွေရှိနေပြီး လက်ကား ၁၀လုံးဈေးအများဈေး တစ်လုံးကို ၃၉၀ကျပ်နှုန်းသာ ကျသင့်တယ်လို့ဆိုပါတယ်။
 
ဆေးဘဲဥဈေးယခင်၈‌၀၀ကျပ်ကနေ ၉၀၀ကျပ်အထိတက်ဈေးနဲ့ငြိမ်နေပါတယ်။
 
စားဖိုဆောင်သီးနှံဈေးနှုန်း
 
စားဖိုဆောင်သီးနှံတွေဖြစ်တဲ့ အာလူး တစ်ပိဿာ ၆၀၀၀ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၂၀၀၀ကနေ ၂၅၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၄၀၀၀ကျပ် ၊ ကြက်သွန်ဖြူ တစ်ပိဿာ ၁၇၀၀၀ကျပ် အထိ ဈေးနှုန်းတွေ ဖြစ်ပေါ်ကာ ယခင်ထက်ဈေးအနည်းငယ်ပြန်ကျလာတာတွေ့ရပါတယ်။
 
ရပ်ကွက်ဈေးများမှာ တွေ့ရတဲ့ ဟင်းသီးဟင်းရွက်ဈေးတွေအနေနဲ့ မန်ကျည်းသီးစိမ်း တစ်ဆယ်သား ၁၃၀၀ ကျပ်၊ မန်ကျည်း သီးမှည့် တစ်ဆယ်သား ၂၀၀၀ ကျပ်၊ဂေါ်ဖီထုပ်အသေးများက တစ်ထုပ်လျှင် ၁၀၀၀ ကျပ် ၊ ဂေါ်ဖီထုပ်အကြီးများက တစ်ထုပ် ၂၅၀၀-၃၀၀၀ ကျပ်ဈေးရှိပါတယ်။
 
ဂေါ်ရခါးသီးတစ်လုံး ၈၀၀ ကျပ်၊ ဘူးသီးအသေးတစ်လုံး ၂၀၀၀ ကျပ်၊ ကြက်ဟင်းခါးသီးတစ်လုံး ၇၀၀-၈၀၀ ကျပ်၊ ဒန့်သလွန်သီးတစ်တောင့် ၁၀၀၀ ကျပ်၊ ကြောင်ရှာသီးတစ်တောင့် ၁၀၀၀ ကျပ်၊ ကင်းပုံသီး တစ်ဆယ် သား ၇၀၀ ကျပ်၊ မုန်ညှင်းရွက်တစ်စည်း ၆၀၀ ကျပ်၊ သခွားသီးအလုံးကြီးတစ်လုံး ၃၅၀-၄၀၀ ကျပ်၊ ငရုတ်သီးစိမ်းတစ်ဆယ်သား ၁၀၀၀ ကျပ်၊ ဆလပ်ရွက်တစ် စည်း ၅၀၀ ကျပ်၊ ဂွေးတောက်ရွက်တစ်စည်း ၃၀၀ ကျပ်၊ မြင်းခွာရွက်တစ်စည်း ၃၀၀ ကျပ်၊ ကင်မွန်းချဉ်ရွက်တစ် စည်း ၄၀၀ ကျပ်၊ ကင်းပုံရွက်တစ်စည်း ၈၀၀ ကျပ်ဈေးတို့ဖြင့် ပုံမှန်ဈေးအတိုင်းရှိနေပါတယ်။
 
ကန်စွန်းရွက်တစ်စည်း ၅၀၀- ၁၀၀၀ ကျပ်၊ ကိုက်လန်ရွက်တစ်စည်း ၁၅၀၀ ကျပ်၊ ဖလံတောင်ဝှေးတစ်စည်း ၁၀၀၀ ကျပ်၊ မုန်ညှင်းဖူးတစ်စည်း ၁၀၀၀ ကျပ်နဲ့ ရုံးပတီသီး တစ်စည်း၁၀၀၀ကျပ်ဈေးတွေနဲ့ ဆက်လက်ဈေးမြင့်တက်နေတာပါ။
 
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။
 

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026