NEWS

ပြည်တွင်းရွှေဈေးပြန်မြင့်တက်၊ ကုန်ဈေးနှုန်းအားလုံး သိသာစွာကျဆင်းတာမရှိ (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)

CoverLogo
342 Views
 
တစ်ပတ်တာ ကုန်ဈေးနှုန်း သုံးသပ်လေ့လာချက်တွေအရ လက်ရှိမှာ ပြည်တွင်းရွှေဈေးဟာ လွန်ခဲ့တဲ့ ၄ ရက်ကထက် ဈေးပြန်မြင့်လာနေသလို စက်သုံးဆီဈေးဟာလည်း ဓာတ်ဆီဈေးကျကာ ဒီဇယ်ဈေးပြန်တက်တာမျိုးရှိပြီး နိုင်ငံခြားငွေကြေးဈေးကွက်ကလည်း သိသာစွာကျဆင်းမှုမျိုးမရှိသေးပါဘူး။
 
လက်ရှိ အလုပ်သမားအများပြည်သူနေ့စဉ်စားသုံးနေတဲ့ ဆန်ကတော့ ဈေးမြင့်နေဆဲဖြစ်ပြီး ဆီဈေးကလည်း အခြေခံပြည်သူတွေစားသုံးနေတဲ့ စားအုန်းဆီက လက်ကားဈေးကွက်မှာတင် ပြန်လည်ဈေးတက်လာပါတယ်။
ဒါကြောင့် လက်ရှိကာလ ရဲ့ မြင့်တက်နေဆဲ ကုန်ဈေးနှုန်း‌တွေ ကို လုပ်သား မိဘပြည်သူတွေ သိရှိနိုင်စေဖို့ ဇူလိုင် ၁၉ ရက်ကနေ ဇူလိုင်၂၅ရက်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ကုန်ဈေးနှုန်းတွေကို စုစည်းပြီး ဖော်ပြလိုက်ပါတယ်။
 
စက်သုံးဆီဈေးနှုန်း
 
ဇူလိုင်၂၅ရက်နေ့ စက်သုံးဆီဆိုင်များမှာ ရောင်းချလျက်ရှိတဲ့ဈေးနှုန်းတွေက ၉၂တစ်လီတာ ၂၉၃၅ကျပ် ၊ ၉၅ တစ်လီတာ ၂၉၉၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၇၁၀ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၃၃၅၅ကျပ်ဖြစ်ပါတယ်။
ဇူလိုင် ၁၈ ရက်က‌ နေ ၂၄ရက်အတွင်း မှာတော့စက်သုံးဆီဈေးဟာ ၉၂တစ်လီတာ ၂၉၆၅ကျပ်၊ ၉၅ တစ်လီတာ ၃၀၂၀ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၈၅ကျပ်၊ ပရီမီယံဒီဇယ်တလီတာ ၃၃၃၀ကျပ် ဖြစ်ခဲ့တာကြောင့် စက်သုံးဆီဈေး၊ ဓာတ်ဆီ ဈေးဟာ တစ်ပတ်အတွင်းနဲ့ ဇူလိုင်၂၄ရက်မှာဈေးမ‌ ပြောင်းဘဲ တည်ငြိမ်ခဲ့ပေမယ့် ဇူလိုင်၂၅ရက် ယနေ့မှာတော့ ဆယ်ဂဏန်းလောက်ဒီဇယ်နဲ့ဓာတ်ဆီဈေးတွေပြောင်းလဲကာ‌ ဈေးအတက်အကျဖြစ်သွားတာပါ။
ပြင်ပစက်သုံးဆီဈေးက တစ်လီတာ ၃၀၀၀ ကျပ် ကနေ ၄၀၀၀ ကျပ်ကြား မှာပဲ ရောင်းချနေဆဲဖြစ်ပါတယ်။
 
ရွှေဈေးနှုန်း
 
ရက်သတ္တပတ်အတွင်း ပြည်ပရွှေဈေးနှုန်း ကတော့
အတက်ဘက်ကို ဦးတည်လာတာဖြစ်ရာ လက်ရှိ ပြည်တွင်း ရွှေဈေးနှုန်းဟာ တကျပ်သားကို ၇၉ သိန်း ပတ်ချာလည်ဈေးဖြစ်နေရာ ပြီးခဲ့တဲ့တပတ်တာကဖြစ် ပေါ်ခဲ့တဲ့ပြည်တွင်းရွှေဈေး ၁၆ပဲရည်တစ်ကျပ်သား ၇၇သိန်းထက် ငွေကျပ်နှစ်သိန်းကနေသုံးသိန်းနီးပါး ဈေးမြင့်သွားတာပါ။
 
ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များ အသင်း က သတ်မှတ်တဲ့ ရွှေ တကျပ်သားရဲ့ ဈေးနှုန်းကတော့ တစ်ပတ်အတွင်းမှာ ဇူလိုင်၁၉ရက်ကနေ ဇူလိုင်၂‌၁ရက်အထိကို ငွေကျပ် ၅၈,၈၀၀၀၀ ကျပ်ဖြစ်ခဲ့ပြီး ဇူလိုင်၂၂ကနေ ဇူလိုင်၂၄အတွင်း ၅၈,၅၀၀၀၀ ကျပ် သတ်မှတ်ခဲ့ပြီးဇူလိုင်၂၅ရက်မှာတော့ အသင်းရဲ့ ရည်ညွှန်းဈေးက ၅၈,၉၀၀၀၀ ကျပ် နဲ့ဈေးမြှင့် သတ်မှတ်လာတာလည်းဖြစ်ပါတယ်။
 
ငွေဈေးနှုန်း
 
အခုတစ်ပတ်အတွင်း နိုင်ငံခြား ဒေါ်လာ ငွေလဲလှယ်နှုန်းတွေကိုကြည့်ပါက ငွေကျပ် ဆယ်ဂဏန်း နဲ့ရာဂဏန်း လောက်အခွာဈေးတွေသာပြောင်းလဲဖြစ်ပေါ်ခဲ့တာပါ။
 
ဇူလိုင် ၁၉ ရက်ကနေစလို့ ဇူလိုင်၂၅ရက်အထိ တစ်ပတ်တာလုံးမှာ တစ်ဒေါ်လာလျှင် ၄၄၂၀ ကျပ်နှုန်းဈေးဖြစ်ပေါ်တာကြောင့် ယခင်တစ်ပတ်ကထက်တော့ ဒေါ်လာဈေးက ငွေကျပ်ရာဂဏန်းပမာဏကျဆင်းလာပြီး တစ်ပတ်လုံးမှာဈေးတည်ငြိမ်နေပါတယ်။
 
ဇူလိုင်လ ၂၅ရက်ရဲ့ ဒေါ်လာငွေလဲလှယ်နှုန်းကတော့ တစ်ဒေါ်လာကို ငွေကျပ် ၄၄၂၀ကျပ်ဖြစ်ကာအခြားငွေကြေးတွေဖြစ်တဲ့ ထိုင်းဘတ်နဲ့ တရုတ်ယွမ် ၊ ဂျပန်ယန်းတွေရဲ့ငွေလဲလှယ်နှုန်းကလည်း ယနေ့ဇူလိုင်၂၅ရက်မှာ ဘတ်ဈေး ရောင်းဈေး ၁၃၆ကျပ် ၊ဝယ်ဈေး ၁၃၅ကျပ်ရှိကာ၊ ယွမ်ဈေး‌ ရောင်းဈေး၆၁၁ကျပ်၊ဝယ်ဈေး၆၂၀ကျပ် နဲ့ ဂျပန်ယန်းဈေး ရောင်းဈေး၃၁၀ကျပ်ကျော်၊ ဝယ်ဈေး၂၉၆ကျပ်ကျော်ဈေးရှိနေတယ်လို့သိရပါတယ်။
 
စင်ကာပူ ငွေလွှဲဈေးကလည်း အမြင့်ဆုံး စင်ကာပူတစ်ဒေါ်လာကို ၃၄၀၀အထိ ဈေးပေါက်ခဲ့ပြီး လက်ရှိမှာတော့ အကျဘက်ကို ဦးတည်ပြီး ၃၄၃၀ မှာ ငြိမ်သက်နေတာကိုတွေ့ရပါတယ်။
 
အခြေခံစားသောက်ကုန်ဈေးနှုန်းများ
 
စားအုန်းဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်း ဈေးနှုန်းမှာ ဇူလိုင်၂၃ရက်ကနေဇူလိုင်၂၉ရက်အထိ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆၀၈၀ ကျပ်အဖြစ် သတ်မှတ်ရောင်းချနေတာဖြစ်ပြီးဒါဟာ ယခင်တပတ်ကြာက ဆီဈေးသတ်မှတ်ချက်ထက် ငွေကျပ် ၅၀ နှုန်းဈေးတက်လာတာပါ။
 
ပြင်ပစားအုန်းဆီဈေး ကွက်မှာတော့ တစ်ပိဿာ ကျပ် ၁၀၀၀၀ ဈေးမှာ ရှိနေရာကနေ ငွေကျပ်၁၀၅၀၀အထိ ငွေ၅၀၀ကျပ်နှုန်းယခင်တစ်ပတ်ကထက်ဈေးတက်လာတာပါ။
 
ဆန်ဈေးနှုန်းတွေကတော့ မြင့်တက်နေဆဲနဲ့ပဲဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမွှေးတစ်ပြည် ၈၀၀၀ကျပ်၊ တောင်ပျံရှယ် တစ်ပြည် ၇၅၀၀၊ မြောင်းမြ ပေါ် ဆန်းတစ်ပြည် ၇၀၀၀၊ ဆင်းသွယ်တစ်ပြည် ၅၅၀၀၊ မနောသုခတစ်ပြည် ၄၅၀၀ စတဲ့ ပေါက်ဈေးအတိုင်း ရှိနေပါတယ်။
 
အခြေခံဟင်းသီးဟင်းရွက်ဈေးနှုန်းတွေထဲမှာတော့ ချဉ်ပေါင်ရွက်တစ်စီးလျှင် ၅၀၀ ၊ ကန်စွန်းရွက်တစ်စီး ၁၀၀၀၊ ဗူးရွက်တစ်စီး ၇၀၀၊ စူးပုတ်ရွက်တစ်စီး ၇၀၀ကျပ်နဲ့ ကြက်ဥတစ်လုံး ၅၀၀ကျပ်၊ ဘဲဥတစ်လုံး ၆၀၀ကျပ်အထိ‌ဖြစ်လာပြီး အခြားသောအခြေခံအသီးအရွက်စားသောက်ကုန်တွေဟာ ယခုအခါကျပ် ၁၀၀၀ အထက်သို့ပေး၀ယ်နေရတယ်လို့ သိရပါတယ်။
 
ခရမ်းချဉ်သီးတစ်ပိဿာလျှင်ကျပ် ၄၀၀၀ ကျပ် ၊ ခေါက်ဆွဲခြောက်တစ်ထုပ်လျှင် ၉၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၂၅၀၀ နဲ့၃၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၆၀၀၀ ကျပ်နဲ့အထက် အာလူးတစ်ပိဿာ ၄၀၀၀၊ ပဲလွန်းတစ်စည်း ၁၂၀၀၊ ခရမ်းသီးတစ်လုံး ၅၀၀၊ မျှစ်တစ်ပိဿာ ၄၀၀၀ ၊ ခဝဲသီး တစ်လုံး ၇၀၀ ကျပ်၊ ငြုပ်သီးစိမ်းနဲ့ နံနံပင်၊
ရှမ်းနံနံစတာတွေကတော့ ၅၀၀ ကျပ်အနည်းဆုံးပေး၀ယ်နေရတာဖြစ်ပါတယ်။
 
ငါးဈေးနှုန်းတွေကတော့ ၂၀၀၀၀ မှ ၂၅၀၀၀ အထိရှိပြီး မည်သည့်ငါးမဆိုအနည်းဆုံး ၅၀၀၀ ဖိုး၀ယ်ယူမှသာ တစ်နပ်စာစားသုံးလို့ရနေတာဖြစ်ပါတယ်။
 
ကြက်သားဈေးဟာလည်း စီပီကြက် တစ်ပိဿာ ၂၀၀၀၀ ကျော်၊ ဗမာကြက် တပိဿာ ၂၇၀၀၀ ကျပ် အထိဖြစ်လာပြီး အခြေခံအလုပ်သမားတွေအတွက် အနည်းဆုံးကျပ် ၅၀၀၀ ဖိုးပေး၀ယ်မှသာရရှိတဲ့အနေအထားကို ရောက်ရှိနေတာဖြစ်ပါတယ်။
 
အမဲသားနဲ့၀က်သားဈေးနှုန်းတွေဟာဆိုလျင် ကျပ် ၃၀၀၀၀ ကျပ်ဈေးသို့ရောက်ရှိနေပြီး ဆိတ်သားဈေးနှုန်းတွေဟာဆိုရင် ၃၂၀၀၀ ကျပ်ဖြစ်တာကြောင့် အခြေခံအလုပ်သမားတွေအတွက် စားသုံးနိုင်ဖို့ခက်ခဲလာတဲ့နှုန်းထားတွေဖြစ်တယ်လို့ သိရပါတယ်။
 
တပတ်တာကုန်ဈေးနှုန်းတွေကို မုဒြာ က စုစည်းပေးထားတာပါ။

Related posts

Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၁၁-‌‌ မတ်၁၆)
Mar 18, 2026
Cover
ဒေါ်လာဈေး ၄၀၀၀ ကျပ်အထိ တက်လာပြီး ရွှေနဲ့စက်သုံးဆီတွေလည်း ဈေးထပ်တက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 15, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (မတ်၂-‌‌ မတ်၉)
Mar 10, 2026
Cover
စက်သုံးဆီအခက်၊ ကုန်ဈေးနှုန်း ၃ဆတက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 09, 2026
Cover
စက်သုံးဆီ နဲ့ အခြေခံစားသောက်ကုန်အချို့ ဈေးအတက်ကြမ်း (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Mar 02, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၁၇-‌‌ ဖေဖော်ဝါရီ၂၂)
Feb 24, 2026
Cover
ဈေးထပ်မတက်ဘဲ ရပ်တန့်နေတဲ့ စက်သုံးဆီ၊ ရွှေ နဲ့ နိုင်ငံခြားသုံးငွေ ဈေးကွက် (ရက်သတ္တပတ်အတွင်း ကုန်ဈေးနှုန်း)
Feb 21, 2026
Cover
တစ်ပတ်တာသတင်း အနှစ်ချုပ်ဖော်ပြချက် (ဖေဖော်ဝါရီ၉-‌‌ ဖေဖော်ဝါရီ၁၅)
Feb 18, 2026