NEWS

ပြည်တွင်းမှာအလုပ်သမားအဖွဲ့အစည်းဥပဒေနဲ့အညီအဆင့်ဆင့် ဖွဲ့စည်းနိုင်ရေးပံ့ပိုးပေးမည်ဟုအလုပ်သမား ဒုဝန်ကြီးပြောဆို

CoverLogo
555 Views
ပြည်တွင်းကစက်ရုံတွေမှာ သမဂ္ဂခေါင်းဆောင်တွေ အကြောင်းမဲ့ အလုပ်ထုတ်ခံရတာတွေနဲ့ စက်ရုံအခြေခံသမဂ္ဂ တွေ မရှိသလောက် ဖြစ်နေပေမယ့် ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့်အညီ အဆင့်ဆင့် ဖွဲ့စည်းနိုင် ရေး လိုအပ်တဲ့နည်းပညာဆိုင်ရာ ပံ့ပိုးကူညီတာတွေ ဆောင်ရွက်ပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာစက်မှုဇုန် ကနောင်ခန်းမမှာ စက်ရုံ၊ အလုပ်ရုံတွေက အခြေခံအလုပ်သမား အဖွဲ့အစည်းဝင်တွေနဲ့ ဒီဇင်ဘာလ (၂၆) ရက်မှာ တွေ့ဆုံစဉ်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
 
Myanmar Labour News က ရရှိထားတဲ့ သတင်းအချက်အလက်တွေအရလည်း စက်ရုံအများစုမှာ အာဏာမသိမ်းခင်က ဖွဲ့စည်းထားတဲ့ စက်ရုံအခြေခံသမဂ္ဂတွေ မရှိတော့ဘဲ အလုပ်ရှင်အလိုကျ ဖွဲ့စည်းထားတဲ့ WCC ကော်မတီတွေပဲ ရှိနေတာ ဖြစ်ပါတယ်။
“ကျွန်မတို့ စက်ရုံမှာ လုပ်ခလစာနဲ့ လုပ်ငန်းခွင်အခြေအနေတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာဆန္ဒပြတာကို မေလက လုပ်ခဲ့ပါတယ်။ သတင်းလည်းဖော်ပြခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ အလုပ်သမားတွေဘက်က အလုပ်သမားကိုယ် စားလှယ်ဆိုပြီး ယောင်္ကျားလေး (၃) ယောက်ကို WCC တင်ခဲ့ပါတယ်။ နောက်ကျတော့ သူတို့က စက်ရုံက HR နဲ့ ပူးပေါင်းပြီး အလုပ်သမားတွေကို နှိပ်ကွပ်တာတွေ စလုပ်ပါတယ်။ လုပ်ငန်းခွင်စည်းကမ်းတွေကို ပိုပြီးတင်းကြပ် လာပါတယ်။ အရင်တုန်းက စက်ရုံမှာ ချဲတို့၊ နှစ်လုံးတို့ ရောင်းဖူးတဲ့သူတွေကို ဖော်ထုတ်ပြီး အလုပ်က ထုတ်ပါတယ်။ ကွမ်းစားတဲ့သူတွေကိုလည်း အတင်းစစ်ဆေးပြီး ထုတ်တာတို့၊ နောက်ဆုံးဝမ်တိန်ပေးတာတို့ လုပ်ပါတယ်။ အိမ်သာအပေါ့၊ အလေးသွားတဲ့သူတွေကိုလည်း အချိန်ကြာတယ်ဆိုပြီး ဝမ်တိန်ထိုးခိုင်းပါတယ်။ နည်းလမ်းအမျိုး မျိုးနဲ့ နေ့ရှိသရွေ့ ဖိနှိပ်နေပါတယ်။ အခုဆို WCC ကော်မတီတွေက အလုပ်မလုပ်တော့ဘဲ စည်းကမ်းထိန်းသိမ်းရေး လိုလိုလုပ်ပြီး အလုပ်သမားတွေကိုလိုက်ကြည့်ပြီး ဝမ်တိန်ထိုးခိုင်းပါတယ်”လို့ Dishang Fashion (Myanmar)Co.,L.td အထည်ချုပ်စက်ရုံအလုပ်သမားတစ်ဦးက ပြော ပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက်မှာ အလုပ်ရှင်တွေက အလုပ်သမားဥပဒေပါ ပြဌာန်းချက်တွေကို ပေါ်ပေါ်တင်တင် ချိုးဖောက်လာတဲ့အပြင် ဥပဒေအတိုင်း တောင်းဆိုမယ့်သူတွေကို လုပ်ငန်းခွင်တွေမှာ မရှိရေးအတွက် လုပ်ဆောင် ခဲ့ကြပါတယ်။
 
ဒီအခြေအနေမှာ အလုပ်ပြုတ်ခဲ့ရတဲ့ သမဂ္ဂခေါင်းဆောင်တွေလည်း ရှိခဲ့ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သည်ဆိုကာ လာရောက်ဖမ်းဆီးခိုင်းတာတွေလည်း ရှိခဲ့ပါတယ်။
 
လက်ရှိမှာ အဓမ္မစစ်မှုထမ်းခိုင်းတာ၊ အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ILOရဲ့ အခြေခံဥပဒေ ပုဒ်မ ၃၃ ,Article 33 အရ အလုံးစုံ စီးပွားရေးပိတ်ဆို့မှုနဲ့ အရေးယူနိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
 
၂၀၂၄ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့ ILO ညီလာခံ ဆုံးဖြတ်ချက်အရ မြန်မာ စစ်အုပ်စု အနေနဲ့ ILO သတ်မှတ်ချက် ၈၇ နဲ့ ၂၉ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းမှုနဲ့ အဓမ္မ လုပ်အားခိုင်းစေမှုနဲ့ပတ်သက်ပြီး မလိုက်နာတဲ့အတွက်ကြောင့် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် အခြေခံဥပဒေရဲ့ အပိုဒ် ၃၃ (Article 33) အရ ဆောင်ရွက်ဖို့အတွက် မူကြမ်းရေးဖို့ ILO ညွှန်ကြားရေးမှူးချုပ်ကို ILO ရဲ့အုပ်ချုပ်မှုကော်မတီကနေပြီးတော့ တာဝန်ပေးလိုက်တာဖြစ်ပါတယ်။
 
အာဏာသိမ်းစစ်တပ်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အကြံပြုချက်တွေကို ဟန်ပြသာပြင်ဆင်မှု လုပ်ဆောင်ပြနေပြီး အမှန်တကယ် ပြင်ဆင်လုပ်ဆောင်တာမရှိဘူးလို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ဦးမောင်မောင်က ဝေဖန်ထောက်ပြဖူးပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026