NEWS

ပြည်တွင်းပြည်ပအလုပ်သမား ​ရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်း၊NUG အလုပ်သမားဝန်ကြီးဌာနနှင့်အလုပ်သမားတပ်ပေါင်းစု(LA)တို့တွေ့ဆုံဆွေးနွေး

CoverLogo
1K Views

ပြည်တွင်း/ပြည်ပရှိ အလုပ်သမားများ၏ အရေးကိစ္စရပ်များနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန၊ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း နှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (LA) တို့ယမန်နေ့က တွေဆုံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

အမျိုးသားညီညွတ် ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မြန်မာနိုင်ငံအလုပ်သမား တပ်ပေါင်းစု (LA) တို့တွေ့ဆုံသည့် အခမ်းအနားကို ယနေ့  ၂-၁၂-၂၀၂၁ ရက်နေ့တွင် Zoom Meeting ဖြင့် တွေဆုံခဲ့ရာ ဆွေးနွေးပွဲသို့ အမျိုးသားညီညွှတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏ၊ ဒုတိယဝန်ကြီးဦးကျော်နီနှင့် တာဝန်ရှိသူများ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု (LA) မှ အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်တွင်း/ပြည်ပရှိ အလုပ်သမားများ၏ အရေးကိစ္စရပ်များ၊ ပြည်တွင်း/ပြည်ပ အလုပ်သမားထုနှင့် CDM ဝန်ထမ်းများကို အကူအညီနှင့် အကာအကွယ်ပေးနိုင်ရေးကိစ္စရပ်များ၊ အကြမ်းဖက်စစ်ကောင်စီအား အမြန်ဆုံး အမြစ်ဖြတ် ဖယ်ရှားနိုင်ရေးကိစ္စရပ်များ၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြတယ်လို့လဲအလုပ်သမားရေးဝန်ကြီးဌာနဒုဝန်ကြီးဦးကျော်နီကသူ့ရဲ့လူမှု့ကွန်ယက်စာမျက်နှာကနေတဆင့်ထုတ်ပြန်ပါတယ်။


Related posts

Cover
အချိန်ပိုမဆင်းပါက အလုပ်ထွက်ဟုခြိမ်းခြောက်ခိုင်းစေ
Sep 26, 2025
Cover
Sunkid Myanmar လက်ချုပ်ဌာန လုပ်သားများ၏ စိတ်ရင်းမှန် ရင်ဖွင့်တိုင်ကြားစာ
Sep 26, 2025
Cover
လာအို PAODA ဖိနပ်စက်ရုံ၏ အခက်အခဲများနှင့်ပတ်သက်၍ တိုင်ကြားခြင်း
Sep 26, 2025
Cover
CI စာအုပ်မှ PJ နိုင်ငံကူးလက်မှတ်ပြောင်းသူများ ကို ထိုင်းနိုင်ငံအတွင်းသာ အသုံးပြုရန် စတင် ကန့်သက်
Sep 25, 2025
Cover
Ever Lead (Myanmar) စက်ရုံ တွင် အချိန်ပို ခေါ်ယူပြီး အမှတ်တံဆိပ် ကိုယ်စားလှယ် စစ်ဆေးမှုအား လိမ်လည်
Sep 24, 2025
Cover
ဌာနဆိုင်ရာက လာရောက်စစ်ဆေးပြီးနောက် လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုပိုမိုဆိုးရွားလာဟုဆို
Sep 24, 2025
Cover
GTIG HUBO စက်ရုံတွင် ဖြစ်ပွားနေသော လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲများနှင့် မတရားမှုများအား တင်ပြခြင်း
Sep 23, 2025
Cover
New Plus စက်ရုံ လုပ်ငန်းခွင်မှ အတင်းအကျပ် ခိုင်းစေမှု၊ ခွဲခြားဆက်ဆံမှု ၊ အလုပ်သမားအခွင့်အရေး ဆုံးရှုံးမှုများ
Sep 23, 2025