NEWS

ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၃၀ ကျော်ကို နေရပ်ပြန်ပို့

CoverLogo
451 Views
 
မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ဂျိုဟိုးမြို့မှာ ဖမ်းဆီးခံရတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၃၂ ဦး ကို နေရပ်ပြန်ပို့လိုက်တယ်လို့ ပြည်နယ်လူဝင်မှု ကြီးကြပ်ရေး ဌာနက စက်တင်ဘာ ၂ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
 
၎င်းတို့ဟာ မလေးရှားနိုင်ငံမှာ တရားမဝင် နေထိုင်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးထောင်ချ ပြီး ပြစ်ဒဏ်ကျခံပြီးမှ လွတ်မြောက်လာသူတွေ ဖြစ်ပါတယ်။
 
နေရပ်ပြန်လည်ပို့ဆောင်ခံရသူတွေကို လူဝင်မူကြီးကြပ်ရေးဌာနမှာ အမည်ပျက်စာရင်းသွင်းထားပြီး ၅ နှစ်အတွင်း မလေးရှားနိုင်ငံသို့ဝင်ရောက်ခွင့်ရရှိမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
မလေးရှား နိုင်ငံ အတွင်း တရားဝင် အထောက်အထားမရှိဘဲ နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားလုပ်သားတွေ ကို စီမံချက်နဲ့ ဖမ်းဆီး မှု တွေ နေ့စဉ် ပြုလုပ်လျက်ရှိပါတယ်။
 
ဒီလို အဖမ်းခံရတဲ့ နိုင်ငံခြားသား လုပ်သားတွေထဲမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ နေ့စဉ် ဆယ်ဂဏန်းမှရာဂဏန်း ထိ ဖမ်းခံနေရပြီး ပြစ်ဒဏ်ကျခံ ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ကာ ပြည်နှင်ဒဏ်ပေးကြောင်း သိရပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းက လည်း မလေးရှားအစိုးရက ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀ ကျော်ကို မြန်မာနိုင်ငံသို့ ပြန်ပို့ကာ ပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

Related posts

Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026
Cover
တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026
Cover
ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026