NEWS

ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၇၀၀ကျော်ကို ထိုင်းမှစစ်မကော်မရှင်ထံလွှဲပို့ပေးခဲ့

CoverLogo
16 Views
 
ယခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၁၇၀၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက စစ်ကော်မရှင်ထံ လွှဲပို့ပေးခဲ့တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
 
လွှဲပို့ခံရတဲ့ မြန်မာရွှေ့ပြောင်း လုပ်သားတွေထဲက လူငယ်တွေကို စစ်ကော်မရှင် က အဓမ္မစစ်မှုထမ်းဖို့ ခေါ်ဆောင်ခံနေရကြောင်း သတင်းမီဒီယာတွေနဲ့လူ့အခွင့်အရေးအဖွဲ့စည်းတွေက တင်ပြတာတွေ ရှိပေမယ့် ထိုင်းအာဏာပိုင်တွေဘက်မှလစဉ် ပြန်ပို့ပေးလျက်ရှိရာ ယခုအောက်တိုဘာလ ၉ရက်နေ့က ပင် ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ၉၀ဦးကို စစ်ကော်မရှင်ထံ လွှဲပို့ပေးခဲ့ပါတယ်။
 
ယခုနှစ်အတွင်း ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာလုပ်သား ဇန်နဝါရီလတွင် ၁၄၉ ဦး၊ ဖေဖော်ဝါရီလတွင် ၂၀၀ ဦး၊ မတ်လတွင် ၂၅၀ ဦး၊ ဧပြီလတွင် ၂၀၈ ဦး၊ မေလတွင် ၈၁ ဦးနှင့် ဇွန်လ ၂၅ ရက်နေ့က ၁၃၁ ဦး၊ ဇွန်လ ၃၀ ရက်နေ့က ၉၈ ဦး၊ ဇူလိုင်တွင် ၁၆၂ ဦး၊ ဩဂုတ်လတွင် ၉၉ ဦး၊ စက်တင်ဘာလတွင် ၂၉၂ ဦး၊အောက်တိုဘာ ၉ရက်က ၉၀ဦး စုစုပေါင်း၁၇၆၀ဦး လွှဲပို့ပေးခဲ့ ပြီးဖြစ်တယ်လို့သိရပါတယ်။
 
၎င်းမြန်မာလုပ်သားတွေကို ရနောင်းကနေ တစ်ဆင့် ကော့သောင်း ဘက်သို့ စက်လှေဖြင့် ပို့ဆောင်လွှဲပြောင်းပေးခဲ့ ပြီး ပို့ခံရတဲ့ မြန်မာလုပ်သားတွေထဲမှ စစ်မှုထမ်းအကျုံးဝင်တဲ့အသက်အရွယ် ရှိ လူငယ်တွေကိုစစ်မှုထမ်းဖို့ မြိတ်ရှိစစ်သင်တန်းကျောင်းကိုပို့ဆောင်ခံရသလို မိသားစုဝင်တွေက ငွေကြေးများစွာပေးပြီး ရွေးထုတ်ရတာတွေ လည်း ရှိတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
 
အခုလို စစ်မှုထမ်းအတွက် အဓမ္မခေါ်ဆောင်ခြင်း တွေရှိပေမယ့် ထိုင်းအစိုးရ ဘက်မှလွှဲပြောင်းပေးမှုဟာ ယခုနှစ်အတွင်း ၁၂ကြိမ်ရှိပြီဖြစ်ပါတယ်။
 

Related posts

Cover
မြန်မာလုပ်သား ၃၉ ဦးကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ထုတ်ခံရ (ရုပ်သံသတင်း)
Oct 10, 2025
Cover
ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၇၀၀ကျော်ကို ထိုင်းမှစစ်မကော်မရှင်ထံလွှဲပို့ပေးခဲ့ (ရုပ်သံသတင်း)
Oct 10, 2025
Cover
ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အစားထိုးကုသမှု အခမဲ့ပြုလုပ်ပေး (ရုပ်သံသတင်း)
Oct 10, 2025
Cover
မြန်မာလုပ်သား ၃၉ ဦးကြိုတင်အကြောင်းကြားခြင်းမရှိဘဲအလုပ်ထုတ်ခံရ
Oct 10, 2025
Cover
ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အစားထိုးကုသမှု အခမဲ့ပြုလုပ်ပေး
Oct 10, 2025
Cover
စင်္ကာပူတွင် အလုပ်ရမည်ဆိုကာ အမျိုးသမီးတစ်ဦးက လုပ်သား ၇၀ ကျော်ထံမှ သိန်းပေါင်း ၁၂၀၀၀ ကျော် ကို လိမ်ယူပြီးတိမ်းရှောင်နေ (ရုပ်သံသတင်း)
Oct 09, 2025
Cover
ဘဏ်ကတ်ဖွင့်မရလို့ဆိုကာ အလုပ်ထုတ်ခံရသည့်မြန်မာလုပ်သား ၈ ဦးထိတ်လန့်ကြေးနဲ့နစ်နာကြေးရရှိရေးအတွက်အမှုရင်ဆိုင်နေ
Oct 09, 2025
Cover
အလုပ်သမားကိုယ်တိုင် လျှောက်ထားနိုင်တဲ့ E-Work Permit စနစ်စတင်မည်
Oct 09, 2025