NEWS

ပျော်ဘွယ် KBZ ဘဏ် ဝန်ထမ်း ၁၀ဦးသေဆုံး

CoverLogo
366 Views
 
ငလျင်ကြောင့် ဆိုးရွားစွာ ပြိုကျပျက်ဆီးခဲ့တဲ့ ပျော်ဘွယ် KBZ ဘဏ်က ဝန်ထမ်း ၁၀ဦး အဆောက်အအုံအတွင်းမှာ သေဆုံးခဲ့တယ်လို့ ပျော်ဘွယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဘဏ်အတွင်း သေဆုံးသူ ၂၀ အထိရှိပြီး ဘဏ်ဝန်ထမ်း ၁၀ ယောက်၊ အာမခံဝန်ထမ်း ၁ ယောက်နဲ့ ဘဏ်ဖောက်သည် ၉ ယောက် ပါဝင်တယ်လို့ ဧပြီလ ၅ ရက်ထုတ်ပြန်ထားပါတယ်။
 
“ဘဏ်ထဲက လွတ်လာတော့ ကယ်ဆယ်ရေးအဖွဲတွေနဲ့ တွေ့တယ်။ ဆေးရုံမှာ ဆေးကုခံပြီး လွတ်လာတာပါ။ ဘဏ်ထဲက လွတ်လာတော့ ဘဏ်ထဲမှာ အသက်ရှင်သူတွေ အများကြီးရှိနေတယ်” လို့ ဘဏ်အတွင်းပိတ်မိခဲ့သူ တဦးက လူမှုကွန်ရက်ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။
 
ပြိုကျတဲ့ ဘဏ်အဆောက်အဦးထဲက ရုပ်အလောင်း ၁၇ဦး ဖော်ထုတ်ထားနိုင်ခဲ့သလို အသက်ရှင်သူ ၁၆ ဦးထဲက ဆေးရုံပို့ဆောင်စဉ် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ငလျင်လှုပ်ခတ်စဉ် ပျော်ဘွယ် KBZ ဘဏ်က အဝင်တံခါးကို ပိတ်ချတယ်ဆိုပြီး စွပ်စွဲပြောဆိုမှုတွေကို တာဝန်ရှိသူတွေက ငြင်းဆိုထားပါတယ်။
 
ဘဏ်အဆောက်အဦး အပျက်အစီးတွေကို ဖယ်ရှားစဉ် ပိတ်မိသူတွေကို ရှာဖွေဖို့ထက် ဘဏ်ငွေကြေးတွေကို ဦးစားပေး ရှာဖွေနေတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှု ပျံနှံနေတာကြောင့် ဒေသတွင်းကယ်ဆယ်ရေးနဲ့ မီးသတ်တပ်ဖွဲ့ကိုပါ ဒေသခံတွေက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
 
ဘဏ်အတွင်း သေဆုံးသူတွေထဲက တွေ့ရှိပြီး ရုပ်အလောင်းတွေကိုတော့ မိဘဆွေမျိုးတွေနဲ့ မျက်မြင်ကြည့်ရှု စစ်ဆေး အတည်ပြုပြီး လွှဲအပ်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Related posts

Cover
SHUN YU (MYANMAR) Garment တွင် အချိန်ပို မဆင်းသူများအား အထည်ကြေး၊ ဆုကြေး၊ ဂရိတ်ကြေးဖြတ်မည်ဟု ခြိမ်းခြောက်
Jan 27, 2026
Cover
Mei Jie Myanmar အလုပ်နေရာ အတင်းအကျပ်ပြောင်း၊ ဆန္ဒမပါဘဲ အချိန်ပို ဆင်းခိုင်း
Jan 27, 2026
Cover
တရုတ်နှစ်သစ်ကူးမတိုင်မီ “၀"ဒေသရှိ အလုပ်သမားများ၏ လုပ်ခလစာ ကို အကုန်ရှင်းပေးရမည်ဟု WSP ထုတ်ပြန်
Jan 27, 2026
Cover
Eternal Fashion အထည်ချုပ် စက်ရုံ အလုပ်နေရာ ပြောင်းရွှေ့ပြီး လုပ်ခ လုပ်စာ ခွဲခြားပေး ၊ ဖိနှိပ်
Jan 27, 2026
Cover
Sunrise Myanmar Fashion အထည်ချုပ် စက်ရုံ ညနက် အချိန်ပို အပြင် တနင်္ဂနွေပိတ်ရက် အလုပ်ဆင်းခိုင်း
Jan 27, 2026
Cover
Tai Hong အထည်ချုပ် EC စာချုပ် ဖောက်ဖျက်ပြီး သတိပေးလက်မှတ်ထိုးခိုင်း
Jan 27, 2026
Cover
Tianjin fashion Milestone အထည်ချုပ် အလုပ်သမားတောင်းဆိုမှု ၁၈ ရက်ကြာမြင့်ပေမဲ့ ပြေလည်မှုမရ
Jan 24, 2026
Cover
Innovation Food Co.,Ltd ကုန်ကြမ်းမရှိသည့် ပိတ်ရက်အတွက် အစားထိုး အလုပ်ဆင်းခိုင်း
Jan 22, 2026