NEWS

ပျော်ဘွယ် KBZ ဘဏ် ဝန်ထမ်း ၁၀ဦးသေဆုံး

CoverLogo
468 Views
 
ငလျင်ကြောင့် ဆိုးရွားစွာ ပြိုကျပျက်ဆီးခဲ့တဲ့ ပျော်ဘွယ် KBZ ဘဏ်က ဝန်ထမ်း ၁၀ဦး အဆောက်အအုံအတွင်းမှာ သေဆုံးခဲ့တယ်လို့ ပျော်ဘွယ်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဘဏ်အတွင်း သေဆုံးသူ ၂၀ အထိရှိပြီး ဘဏ်ဝန်ထမ်း ၁၀ ယောက်၊ အာမခံဝန်ထမ်း ၁ ယောက်နဲ့ ဘဏ်ဖောက်သည် ၉ ယောက် ပါဝင်တယ်လို့ ဧပြီလ ၅ ရက်ထုတ်ပြန်ထားပါတယ်။
 
“ဘဏ်ထဲက လွတ်လာတော့ ကယ်ဆယ်ရေးအဖွဲတွေနဲ့ တွေ့တယ်။ ဆေးရုံမှာ ဆေးကုခံပြီး လွတ်လာတာပါ။ ဘဏ်ထဲက လွတ်လာတော့ ဘဏ်ထဲမှာ အသက်ရှင်သူတွေ အများကြီးရှိနေတယ်” လို့ ဘဏ်အတွင်းပိတ်မိခဲ့သူ တဦးက လူမှုကွန်ရက်ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။
 
ပြိုကျတဲ့ ဘဏ်အဆောက်အဦးထဲက ရုပ်အလောင်း ၁၇ဦး ဖော်ထုတ်ထားနိုင်ခဲ့သလို အသက်ရှင်သူ ၁၆ ဦးထဲက ဆေးရုံပို့ဆောင်စဉ် ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ငလျင်လှုပ်ခတ်စဉ် ပျော်ဘွယ် KBZ ဘဏ်က အဝင်တံခါးကို ပိတ်ချတယ်ဆိုပြီး စွပ်စွဲပြောဆိုမှုတွေကို တာဝန်ရှိသူတွေက ငြင်းဆိုထားပါတယ်။
 
ဘဏ်အဆောက်အဦး အပျက်အစီးတွေကို ဖယ်ရှားစဉ် ပိတ်မိသူတွေကို ရှာဖွေဖို့ထက် ဘဏ်ငွေကြေးတွေကို ဦးစားပေး ရှာဖွေနေတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက်မှု ပျံနှံနေတာကြောင့် ဒေသတွင်းကယ်ဆယ်ရေးနဲ့ မီးသတ်တပ်ဖွဲ့ကိုပါ ဒေသခံတွေက ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
 
ဘဏ်အတွင်း သေဆုံးသူတွေထဲက တွေ့ရှိပြီး ရုပ်အလောင်းတွေကိုတော့ မိဘဆွေမျိုးတွေနဲ့ မျက်မြင်ကြည့်ရှု စစ်ဆေး အတည်ပြုပြီး လွှဲအပ်ခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Related posts

Cover
နေရွှေဝင်းအထည်ချုပ် အလုပ်သမားများအား အလုပ်ထုတ်ခြင်းသည် ဥပဒေဖေါက်ဖျက်မှု ဖြစ်  (အတွေးအမြင် )
May 12, 2026
Cover
ဒေးကြေး ကျပ် ၁၅၀၀၀ တိုးမြှင့်ပေးရန် Sunrise Fashion Myanmar အထည်ချုပ်လုပ်သားတွေ စုပေါင်းတောင်းဆိုမှု ၁၃ ရက်ကျော်ကြာအထိ ပြေလည်မှုမရှိသေး
May 06, 2026
Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026