NEWS

ပျောက်ဆုံးနေတဲ့ မြန်မာလုပ်သား ၁၈ ဦးရဲ့ မိသားစုဝင် တွေနဲ့ ဆက်သွယ်မှု မရသေးဟုဆို

CoverLogo
296 Views
 
မတ်လ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ဆောက်လက်စ အဆောက်အဦး ပြိုကျမှု အတွင်း ပျောက်ဆုံးနေတဲ့ မြန်မာရွှေ့ပြောင်း လုပ်သား ၁၈ ဦးရဲ့ မိသားစုဝင်တွေ နဲ့ အဆက်သွယ်မရသေးဘူးလို့ ထိုင်း-မြန်မာ စကားပြန် ဘာသာပြန်များအသင်း TMIA ထံ မှ သိရပါတယ်။
အဆောက်အအုံပြိုကျမှု မှာ ပျောက်ဆုံးနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေ မိသားစုဝင်တွေရရှိဖို့ မိသားစု ဝင်တွေ နဲ့ အဆက်သွယ် မရသေးတဲ့ပျောက်ဆုံး မြန်မာရွှေ့ပြောင်းလုပ်သား ၁၈ဦးရဲ့ အမည်စာရင်း တွေ ကိုTMIA အသင်းက ထုတ်ပြန်ထားကာ သိရှိသူတွေ အမြန်ဆက်သွယ်ပေးစေလိုတယ်လို့ဆိုပါတယ်။
မိသားစုဝင်တွေ အကြောင်းကြားခြင်း မရှိသေးတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၄ ဦး ၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၈ ဦး ရဲ့အမည်စာရင်းတွေက
1. MR. THEIN ZAW O
2. MR. CHIT CO
3. MR. ZAW MYINT
4. MR. MYINT MAUNG
5. MR. KHIN AUNG TUN
6. MR. MOE LAYO AUNG
7. MR. THAN TOR AUNG
8. MR. AUNG THU MOIN
9. MR. KO KO
10. MISS. NAN MON
11. MR. CHIT OO
12. MISS. SWE SWE WIN
13. MISS. YIN MYA
14. MR. TUN LIN AUNG
15. MR. THAW ZIN NAING
16. MR. THA
17. MISS. SEIN SEIN
18. MISS. MA HLA YIN တို့ဖြစ်တယ်လို့သိရပါတယ်။
အဆောက်အဦး ပြိုကျမှု အတွင်း ပျောက်ဆုံးနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၀ခန့်ရှိကာ လက်ရှိမှာ ပျောက်ဆုံးမြန်မာလုပ်သား ၁၀ဦးကျော်ရဲ့ မိသားစုဝင်တွေ က လာရောက် ဆက်သွယ်စာရင်းပေးထားတယ်လို့ TMIA အသင်းထံ မှသိရပါတယ်။
ပျောက်ဆုံးနေ တဲ့ မြန်မာနိုင်ငံသား မိသားစုဝင် တွေ အနေဖြင့် အတည်ပြုနိုင်ရန်နဲ့ နောက်ဆက်တွဲ အကူအညီများ ရယူနိုင်ရန် DNA စစ်ဆေးရန်အတွက် မှတ်တမ်းကောက်ယူရေးဌာနတွင် စေတနာ့ဝန်ထမ်း ဘာသာပြန်များရဲ့ အကူအညီရယူ၍ ဆက်သွယ်အကြောင်းကြားစာရင်းပေးကြဖို့ကိုလည်း TMIA ကတိုက်တွန်းထားပါတယ်။
ဧပြီလ ၉ ရက် နေ့လယ်ပိုင်းအထိ စာရင်းတွေ အရ အဆောက်အဦးပြိုကျမှုကြောင့် သေဆုံးသူ ၂၂ ဦး ၊ ဒဏ်ရာရသူ ၉ ဦး နဲ့ ပျောက်ဆုံးနေသူ ၇၂ ဦးဆက်ရှိနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
ထိုင်းရှိရေပူရေအေးခွက်စက်ရုံမှမြန်မာလုပ်သား ၁၅၀ လစာနှစ်လစာမရရှိဘဲအလုပ်ထုတ်ခံရ
Oct 20, 2025
Cover
ထိုင်းရှိအပူပေးစက်ထုတ်လုပ်သည့် စက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား ၁၄ ဦးလစာ နှင့် ကျန့်ခေါက်ခများပြန်လည်ရရှိ
Oct 20, 2025
Cover
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပြီး အဆက်အသွယ် မရဖြစ်နေသောမြန်မာနိုင်ငံသား ၈၉ ဦးကို စာအုပ်လာထုတ်ဖို့ တိုကျိုရှိမြန်မာသံရုံးကြေညာ
Oct 20, 2025
Cover
လူသစ်ဘတ်ရိုက်ခြင်း ယာယီရပ်ဆိုင်းပြီးနောက် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံရသည့် မြန်မာလုပ်သား ၄၀၀ ခန့် ရှိလာ
Oct 20, 2025
Cover
တာ့ခ်ခရိုင်တွင် အထောက်အထားမဲ့နယ်စပ်ဖြတ်ကျော်သည့် မြန်မာအလုပ်သမား၂၃ဦးအဖမ်းခံရ
Oct 19, 2025
Cover
မလေးရှားမှာ ကူးစက်မြန် တုပ်ကွေးရောဂါ အဖြစ်များနေလို့ မြန်မာလုပ်သားများဂရုစိုက်ရန် လူမှုအဖွဲ့အစည်းများ အသိပေး
Oct 19, 2025
Cover
မြန်မာနိုင်ငံသားတွေ ဗီယက်နမ်နိုင်ငံကို ပြောင်းနေသင့်လား။ အပိုင်း(၂)
Oct 19, 2025
Cover
ကိုရီးယား EPS အထူးသီးသန့်စာမေးပွဲ ဖြေဆိုသူ ၇၀၀ ကျော်သာရှိ
Oct 17, 2025