NEWS

ပဲခူး ကောင်းဝိတ်ဆဲလ်ကုမ္ပဏီပိုင် စက်ရုံက သင်္ကြန် အလုပ်ပိတ်ရက်များအား အစားထိုးဆင်းခိုင်း

CoverLogo
1.9K Views

ပဲခူး စက်မှုဇုန်က ကောင်းဝိတ်ဆဲလ် ကုမ္ပဏီ(CIC) Cobes Industries (Bago) Co.,LTD ဟာ သင်္ကြန်ပိတ်ရက် တွေကို  စနေနဲ့ တနင်္ဂနွေရက်တွေမှာ အစားထိုး အလုပ်ဆင်းရက်တွေအဖြစ် သတ်မှတ် အလုပ်ဆင်းခိုင်းနေတယ်လို့ စက်ရုံအလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။

“ စက်ရုံက သင်္ကြန်ပိတ်ရက် ၉ ရက်ရှိတာကို နောက်ထပ် ပိတ်ရက် ၄ ရက်တိုးပြီး စုစုပေါင်း ၁၃ ရက် ပိတ်ပေး တယ်။ အဲဒီထဲက ထပ်တိုး ၄ ရက်အစား မတ်လထဲက ၃ ရက်နဲ့ ဧပြီလထဲက ၂ ရက်ကို ရက်စားဆင်း ပေးရမယ် ဆိုပြီး လက်မှတ်ထိုးခိုင်းတာ” လို့  CIC  စက်ရုံအလုပ်သမား အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အစားထိုးရက်တွေဟာ  အချိန်ပိုကြေးပေးရမယ့် ရက်တွေကို အစားထိုးခေါ်တာဖြစ်လို့ အလုပ်သမားတွေ နစ်နာမှု တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ပုံမှန်ဆိုရင် စနေ့နေ့တွေမှာ နေတစ်ဝတ်သာ သာမာန်အလုပ်ချိန် အဖြစ် CIC စက်ရုံက သတ်မှတ်ထားပြီး ကျန်နေ့တစ်ဝက်တော့ အချိန်ပိုလုပ်ခပေးတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် အစားထိုးရက်ဖြစ်တဲ့ တနင်္ဂနွေဟာလည်း အချိန်ကြေး နှစ်ဆ ပေးရမဲ့ ပိတ်ရက်တွေ ဖြစ်ပါတယ်။

“ပုံမှန်ဆို တနဂ်နွေနေ့တွေက Ot ပါ ပုံမှန် အလုပ်ဆင်းရက်ထပ် ၂ဆ ရပါတယ်။ စနေနေ့ဆို ၁၁ နာရီထိပါ ကျန်တဲ့ အချိန်က OTပါ။ အခုက သက်ြန်ပိတ်ရက် ၄ ရက်ပို ပိတ်ပေးတဲ့အတွက် ရက်အစားထိုးယူတာ မတရား ယူထား လို့ပါ ။ အရင်ကလည်း အဲ့လို ရက်အစားဆင်းပေးရပါတယ်။ တစ်ခါတစ်လေပါ၊ နောက်ဆုံးပါ ဆိုပြီး မတရားအလုပ် ဆင်းခိုင်း ပါတယ်။  အလုပ်သမားတွေရဲ့ ကိုယ်ပိုင်သဘောဆန္ဒအတိုင်း အလုပ်ဆင်းထာပါဆိုပြီး လက်မှတ်ထိုးခိုင်း တယ်။ လက်မှတ်မထိုးရင်ထွက် ဆိုပြီးလည်း ကြီးကြပ်သူတွေက ပြောတယ်။” လို့ CIC  စက်ရုံအလုပ်သမား အမျိုးသမီးတစ်ဦးက ပြောပါတယ်။

(CIC) Cobes Industries ကုမွဏီကတော့ ဟောင်ကောင် အခြေစိုက်ကုမ္ပဏီဖြစ်ပြီ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံမှာ စက်ရုံ ဖွင့်လှစ်ထားပါတယ်။

ကုမ္ပဏီကတော့ ခွဲစိတ်ခန်းသုံး ၀တ်စုံတွေ၊ ခွဲစိတ်ခန်းသုံး အ၀တ်အထည်တွေနဲ့  စက်မှုလုပ်ငန်းသုံး အကာအကွယ်အ၀တ်အထည်တွေချုပ်လုပ် ထုတ်လုပ်နေတယ်လို့  ကုမ္ပဏီပိုင် ဝက်ဆိုဒ်မှာ ဖော်ပြပါတယ်။  ကုမ္ပဏီ ထုတ်ကုန်တွေကို အမရိကန်နိုင်ငံမှာ မှတ်တင်ထားကာ ဖြန့်ဖြူးနေတယ် ကုမ္ပဏီ ဝက်ဆိုဒ် မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက စက်ရုံကတော့ ပဲခူးမြို့ ၊ ပဲခူးစက်မှုဇုန် ၂၊ နာဂဝန်သိမ်တော် လမ်း မှာ ရှိပြီး စက်ရုံ ၃ ရုံခွဲကာ လုပ်သား ၄၀၀ လောက်နဲ့  ခွဲစိတ်ခန်းသုံး ကာကွယ်ရေးဝတ်စုံတွေ ချုပ်လုပ်နေတယ်လို့ စက်ရုံအလုပ်သမာတွေက ပြောပါတယ်။

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026
Cover
Saifeom International အထည်ချုပ် လျှစ်စစ် အန္တရာယ်နှင့် ကြုံတွေ့နေရ
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026